Saturday, November 20, 2010

ဟင်းချိုမုန့်  မစားသင့်ကြောင်း

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်းက ဂျာနယ်စာမျက်နှာတွေ၊ အင်တာနက် စာမျက်နှာတွေပေါ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) တို့ ပူးပေါင်းပြီး အကြော်လုပ်ငန်းတွေ အကြော်မျိုးစုံ ကြော်တဲ့ နေရာမှာ ရေသန့်ဘူးတွေ ဆီထဲ ထည့်ကြော်မကြော် လိုက်စစ်ပြီး ကြော်တာ စစ်ဆေးတွေ့ရှိရင် စည်ပင်သာယာဥပဒေနဲ့ရော FDA ဥပဒေနဲ့ပါ နှစ်မျိုး အရေးယူသွားမယ် လို့ ဖတ်လိုက်ရလို့ ၀မ်းသာမိပါတယ်။

ရေသန့်ဘူးတွေဟာ ဓာတုနည်းနဲ့ ပြုလုပ်ထားတဲ့ ပေါ်လီမာ ပလတ်စတစ် တွေဖြစ်လို့ ဒါတွေကို အပူချိန်မြင့်မားတဲ့ ဆီပူပူထဲမှာ ထည့်ကြော်မယ်ဆိုရင် ပလတ်စတစ်တွေထဲက Bisphenol-A (BPA) အပါအ၀င် အဆိပ်ဒြပ်ပေါင်းများစွာ ထွက်လာပြီး အကြော်တွေထဲ စိမ့်ဝင်သွားပါတယ်။ ဒါတွေကို နေ့စဉ်နဲ့အမျှ စားမယ်ဆိုရင် လူသားတွေရဲ့ အာရုံကြောစနစ် နဲ့ မျိုးပွားစွမ်းရည်ကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး ဆီးအိမ်ကင်ဆာ အပါအ၀င် ကင်ဆာရောဂါ အမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒီလို အန္တရာယ် ရှိတဲ့ ရေသန့်ဘူးတွေ အကြော်စုံတွေထဲကို ဘာလို့ ထည့်ကြော်ကြရတာလဲ ဆိုတော့ အဲလိုရေသန့်ဘူး ထည့်ကြော်ထားတဲ့ အကြော်ဟာ အထူးကြွပ်မွနေပြီး အဲလို ကြွပ်ရွစားကောင်းမှုကလဲ အရမ်းကို တာရှည်ခံတယ်လို့ အကြော်လုပ်ငန်းအကူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ဖူးပါတယ်။ အဲဒီလို လုပ်ရပ်တွေကို အကြော်ဖိုတွေနဲ့ နှစ်ပြန်ကြော် လုပ်ငန်းအချို့က လုပ်ကိုင်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကြားသိနေရတာ ကြာပါပြီ။ ဒါကြောင့် ဒီလို ၀ိသမလောဘနဲ့ စီးပွားရှာတဲ့ လုပ်ရပ်ကို လိုက်လံစစ်ဆေးပြီး အပြစ်ပေး တားဆီးနိုင်ဖို့ လိုအပ်လှသလို ပြည်သူ့ကျန်းမာရေးကို ဦးစားပေး စောင့်ရှောက်တဲ့ အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ဥပဒေတွေ ကျွန်တော်တို့နိုင်ငံမှာ အခိုင်အမာ ရှိလာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ရေသန့်ဘူး ကိစ္စအတွက် ၀မ်းသာရပေမယ့် ကျွန်တော် နောက်ထပ် ဘ၀င်မကျဖြစ်နေလို့ တင်ပြချင်တဲ့ အချက်က အချိုမှုန့် ပါပဲ။ ကျွန်တော် သိသလောက် ကတော့ ယနေ့ကမ္ဘာပေါ်မှာ အချိုမှုန့်ကို နိုင်ငံတဲ့အ၀ှမ်း တွင်တွင်ကျယ်ကျယ် စားသုံးနေတဲ့ နိုင်ငံဆိုလို့ ကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံတည်း ရှိမလားပဲ။ သေချာတာကတော့ အချိုမှုန့်ထုတ်ပြီး ကျွန်တော်တို့နိုင်ငံကို တင်သွင်းနေတဲ့ နိုင်ငံတွေကတော့ အချိုမှုန့် လုံးဝမစားကြဘူးဆိုတဲ့ အချက်ပါပဲ။ ဒီလို ဘေးအန္တရာယ် ရှိတယ်လို့ နိုင်ငံတော်က ကြေငြာထားပေမယ့် အချိုမှုန့်အရသာကို ပြည်သူတွေ စွဲနေလို့ ဆက်သုံးနေကြတာ မဖြစ်သင့်တော့ပါဘူး။ ဖြတ်သင့်ပါပြီ။



အဆိုးဆုံးကတော့ သူ့အရသာနဲ့သူ ဆိမ့်မွှေးကြွပ်ရွနေတဲ့ မြန်မာ့ရိုးရာ နှစ်ပြန်ကြော်များထဲမှာ အချိုမှုန့်တွေ အတုံးလိုက်အခဲလိုက် ထည့်နေတဲ့ ကိစ္စပါပဲ။ ပြည်သူတွေဘက်က တောင်းဆိုတာလည်း မဟုတ်ဘဲနဲ့၊ အဲဒီလောက်လဲ ထည့်စရာ မလိုဘဲနဲ့ကို ကိုယ့်အကြော်စုံ အရောင်းသွက်ရေး အတွက် ပြည်သူတွေ အချိုမှုန့်အန္တရာယ် များများတွေ့ပစေ ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ (တချို့ဆို အချိုမှုန့်နဲ့ မဆိုင်တဲ့ လက်ဖက်ရည်၊ ပူတင်း၊ ရွှေကြည် စတဲ့ စားစရာတွေမှာပါ ထည့်နေကြတာ အသိဥာဏ် မဲ့ရာ ရောက်ပါတယ်)

အချိုမှုန့် ဆိုတာ ဘာလဲ။
ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။



အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား
ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ
(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။
(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတဲ့ အဖော်အပေါင်းတွေပါ ပါလာပါလိမ့်မယ်။


(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။


(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။


(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့် ရှိကာ အ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။

(ဒါဟာ အချိုမှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)



(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။
(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။



(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

Friday, November 19, 2010

အသုံးဝင်မဲ့ စုံစုံလင်လင်

(တစ်ချို့ဆိုဒ်များ ဖွင့်လို့မရရင် www. ခံပြီးမှဖွင့်ပါ)

www.planet.com.mm (သတင်းလေးတွေစုံတယ်နော်)
www.people.com.mm (မဂ္ဂဇင်း စာအုပ်လေးနော်)
www.khitluneg.org.mm (ရွှေဈေး၊ဒေါ်လာဈေးတွေနဲ့ သတင်းစုံတွေ)
www.alpha.com.mm (ZawGyi Font လေးတွေယူရအောင်)
www.flashband.net (သီချင်းနဲ့ MTV လေးတွေနားထောင်မယ်)
www.myanmarmp3.net (သီချင်းတွေ ဒေါင်းမယ်၊နားထောင်မယ်)
www.myanmar-music.com(သီချင်းေ
လးတွေပါပဲ)
www.freemyanmarvcd.com(vcd လေးတွေကြည့်မယ်)
www.khayanpyareinmat.com(vcd လေးတွေကြည့်မယ်)
www.shwedream.com(vcd လေးတွေကြည့်မယ်)
www.burmeseclassic.com(ဓမ္မသီချင်းများ)
www.shweclassic.com (ဓမ္မသီချင်းများ)
www.royal-myanmar.com (ဒါလည်းစုံတယ်နော်)
www.yinkhonthanfm.com
www.popularmyanmar.com (ပေါ်ပြူလာဂျာနယ်လေးနော်)
www.myanmarpyithar.com
www.first-11.com
www.weeklyeleven.com (eleven ဂျာနယ်စုံ)
www.snapshop.com(လျှပ်တစ်ပြက်ဂျာနယ်)
www.myanmar.com(ကြေးမုံ၊မြန်မာ့အလင်းသတင်းစာဖတ်ရအောင်)
www.mrtv3.net.mm(ဒါလည်း သတင်းစာရောဖတ်လို့ရပါတယ်)
www.myanmarinternetjournal.com(အင်တာနက်ဂျာနယ်ဖတ်ရအောင်)
www.soccermyanmar.com(ဘောလုံးသတင်း တွေအစုံပါတယ်)
www.livescore.com(ဘောလုံးပွဲစဉ်တွေကြည့်မယ်)
www.asianbookie.com(ဘောလုံးပွဲပေါက်ကြေးတွေ ကြည့်မယ်)
www.perfectmagazineonline.com(အောင်မြင်မဂ္ဂဇင်းလေးနော်)
www.studying-singapore.com(ကျောင်းလျှောက်တာ တွေ ကြည့်ချင်ရင်)
www.csstb.gov.mm(၀န်ထမ်း ရွေးချယ်လေ့ကျင့်ရေး က ခေါ်တဲ့ အလုပ်တွေနော်)
csstb.imis.com.mm(နေပြည်တော် ရုံးအမှတ် (၁၇) ရဲ့
ကြေငြာချက်တွေကြည့်မယ်)
www.unjobs.org(NGO ကခေါ်တဲ့ အလုပ်တွေရှာ မယ်)
www.thanzinhlaing.com
www.naykabyar.com
www.journalopportunity.com ( အလုပ်တွေ ရှာ မယ်နော်)
www.iburmese.com
www.mymyanmar.net
www.myanmar.mmtimes.com (မြန်မာတိုင်းစ်
>> ဂျာနယ်ကိုမြန်မာလိုဖတ်မယ်နော်)
www.etrademyanmar.com

www.myanmarelibrary.com(အင်္ဂလိပ်-မြန်မာအဘိဓာန်)
www.mandalaygazette.com
www.shopping.com.mm
www.healthymyanmar.com
www.jivitahospital.org(ဇီဝိတဒါန ဆေးရုံ အကြောင်း သိချင်ရင်)
www.myanmarbible.net
www.myanmargoal.com
www.myanmarhotjob.com(ဒီမှာလည်း အလုပ်အကြောင်းသိချင်ရင်)
www.myanmarscholarship.com
www.myanmarmyanmar.com
www.bobo.6te.net (ကလေးများ အတွက် ဘိုဘိုရဲ့ လောကနက်ဂိမ်းနဲ့ ကာတွန်း)
www.myanmarmedicine.com(ဆေးပညာ အကြောင်းဖတ်ချင်ရင်)
www.hird.hypermart.net
www.serenapowers.com
www.most.gov.mm(နည်းပညာတက္ကသိုလ်အကြောင်းတွေ သိချင်ရင်)
www.ucsy.edu.mm (ကွန်ပျူတာတက္ကသိုလ်အကြောင်း တွေ ဖတ်ချင်ရင်)
www.bagan.net.mm(မြန်မာတယ်လီပို့စ်အကြောင်းသိချင်ရင်)
www.foreverspace.com.mmwww.redmyanmar.net
www.thanlwin.com
www.myanmartraining.com(နိုင်ငံတကာကျောင်းတွေအကြောင်းသိချင်ရင်)
www.mysuboo.com(ဒါကတော့ စုဗူးလေးနော်)
www.mmthingyan.com(မြန်မာသင်္ကြန်အကြောင်းဖတ်ချင်ရင်)
www.ainmat.com(ဘယ်လိုအိမ်မက်တွေမက်ထားလဲ ကြည့်ချင်ရင်)
www.yinkhonthanfm.com(FM သီချင်းလေးတွေနားထောင်ရအောင်နော်)
www.myanmarelottery.com(အွန်လိုင်းကနေထီ တိုက်ရအောင်နော်)
www.myanmarspace.com(ဆောင်ပါးတွေနဲ့ဗွီဒီယိုတွေကြည့်မယ်နော်)
www.mysteryzillion.com(နည်းပညာတွေနှီးနှော် ဖလှယ်ရအောင်)
www.myanmaritpros.com (နည်းပညာအကြောင်းလေးတွေ ဖတ်ရအောင်)
www.dhamadarna.net ( ဓမ္မဒါန )
www.myanmarengineer.org ( မြန်မာ အင်ဂျင်နီယာများအသင်း )
www.phatpa.com (ဖတ်ပါ့ သတင်းဂျာနယ် )
www.ourmandalay.net (ကျွန်ုတို့ ရဲ့ မန္တလေး )
www.myanmarchatonline.org (online သတင်းလေးတွေ )
www.problemclean.ning.com( နည်းပညာလေးတွေဆွေးနွေးရအောင် )
www.wikimyanmar.org ( မြန်မာ အွန်လိုင်း စွယ်စုံကျမ်း )
www.minnkyansis.com ( မင်းကျန်စစ်ရဲ့ ရသကမ္ဘာ )
www.nyakabyar.com ဒါလဲသီးချင်းဆိုက်ပါပဲ။ ကျနော်သူငယ်ချင်းအတွက်နော်။
www.khayanpyareinmet.com
www.myanmarmp3.net ဒါလေးကလည်းအတူတူပါပဲနော်။ သီးချင်းပါပဲ။
www.myanmar-music.com ဒါကတော့မြန်မာသီးချင်းဆိုက်လေးပါပဲ။
www.shwedream.com
www.freemyanmarvcd.com
http://myanmarbloggers.co.nr
www.technical-seven.com/forum
http://forums.nativemyanmar.net
www.myitzuri.com
www.lotaya.com
www.ayinepan.com/music/mp3.php
http://english4success.blogspot.com
www.mysuboo.com
www.myanmarelibrary.com
http://livescore.com ဒါလေးကလည်းဘောလုံးဆိုက်တွေပါပဲ။
http://mmopenlibrary.com
http://en.wikipedia.org/wiki/main_Page
www.moemaka.com
http://shwesagar.com
http://www.mutdfan.com ဒါကတော့ဘောလ်လုံးဆိုက်လေ။
http://kopyaesone.co.cc
www.searchmyanmar.com ဒီဆိုက်ကလဲကောင်းတယ်နော်။ အသုံးများကတော့ link
ပုံစံလုပ်ပေးထားတယ်နော်။
http://en.wordpress.com
www.aungsan.com ဒါကတော့ဗိုလ်ချုပ်ဆိုက်လေ။
www.friendsdaygroup.ning.com
www.friendsdaygroup.multiply.com
http://www.coolmp.com ဒီဆိုက်များကတော့ gmail.
မှာဖတ်လို့မရရင်ဖတ်လို့ရတယ်နော်။
www.photayokeking.org
www.cmsmdy.blogspot.com ဒီဆိုက်လဲကောင်းတာပဲနော်။
အကောင်းတွေပဲဆိုတော့ဘယ်ဆိုက်ကြည့်ရမှန်းမ သိဖြစ်နေအုံးမယ်နော်။
www.mizzimaburmese.com
http://komoethee.blogspot.com
ဒါကတော့ ကိုရီးယာမင်းသားမင်းသမီးများရဲ့ဆိုက်တွေပါ။
www.hancinema.com (or) net
www.hanfever.con
http://lee-junki.com ဒါကတော့ကိုရီးယားစတားလီဂျွန်ကီလေဆိုက်လေ။
http://yeinjee.com ဒါလဲကောင်းတာပဲနော်။
ဒါကတော့ www.thefreesite.com ဆိုက်ပေါ့နော်။ အကုန်လုံး free
ရတယ်ပြောတာပဲနော်။
www.bazanlin-wordpress.com ဆိုက်ကတော့ဗိုလ်ချုပ်နဲ့ပါတ်သက်တယ်ဗျ။
သူ့အကြောင်းလေးပါပဲနော်။
www.myochitmyanmar.org ဆိုက်ကတော့နိုင်ငံရေးဆန်တယ်ဗျ။
ကြည့်ချင်လည်းကြည့်ပေါ့နော်။
ဒီ http://www.ramonnya.co.cc ဆိုက်ကတော့မွန်အကြောင်းထင်တာပဲနော်။
ယူထားလိုက်။
အောက်ကဆိုက်တွေကတော့ကောင်းတယ်ဗျ။
www.wiki-mysteryzillion.org
www.edu-mysteryzillion.org ဒီဆိုက်ကတော့နည်းပညာအခမဲ့သင်တယ်ပြောတာပဲနော်။
www.mmopenxteam.com ဒီဆိုက်ကတော့ဘာသာပြန်တွေများပါတယ်နော်။
www.mmenglish.net ဒီဆိုက်ကတော့အင်္ဂလိပ်စာသင်ကြားရေးပါ။
  ကိုဇေတို့ကတော့အမြဲတမ်းကြည့်ပါတယ်။
www.ornagai.com ဒါကတော့အဘိဓာန်တွေဝေငှပေးတယ်နော်။ အကုန်လုံးပေါ့။
www.dems.net.mm
ဒီဆိုက်ကတော့ကိုယ့်စာရောက်မရောက်ကြည့်လို့ရတယ်ပြောတယ်နော်။ code
နံပါတ်နဲ့ကြည့်လေ။ အမြန်ချောစာမှကြည့်လို့ရတာနော်။
www.myanmartraining.com ဒါလဲကောင်းတာပဲ။

www.myanmaritpros.comဆိုက်ကတော့ကွန်ပျူတာအကြောင်းဆွေးနွေးချက်တွေပါနော်။
သူများကိုဒုက္ခပေးချင်သူများကြည့်လို့ရတယ်နော်။
www.en.worpress.com ဆိုက်လည်းကောင်းပါတယ်။
www.photoro.com ဆိုက်လည်းဓာတ်ပုံကောင်းတယ်ပြောတယ်နော်။
ဟိုကိုရီးယားကား ဒိုးဒိုးဒေါက်2ဘုနှင့်ဘောက်
ဆိုလားဇာတ်ကားကမင်းသမီးကိုအဲဒီကရတာ။
www.hankyung.com ဒါလဲကောင်းပါတယ်။
ခုကိုဇေဆီမှာ mp3,mp4 တွေအများကြီးမို့လိုချင်တဲ့သူများ။
နောက်အင်္ဂလိပ်သီးချင်းတွေ။ e-book တွေရှိတယ်နော်။
ယူချင်ရင်ဆက်သွယ်လိုက်ပါ။ uni.kozay@gmail.com ဆီကိုလေ။ တာ့တာ

နောက်တွေ့လာတဲ့ဆိုက်လေးတွေပါ။
မြန်မာအိုင်တီနှင့်ပါတ်သက်မယ်ထင်တဲ့ဆိုက်လေးတွေပါ။ ဟုတ်လည်းဟုတ်ပါတယ်။
>> > Myanmar IT Blogs
>> > http://kyawnux.blogspot.com
>> > ttp://linsanle.blogspot.com
>> > http://azure-phoeniz.blogspot.com
>> > http://tahkharka.blogspot.com
>> > http://platonicloveaugust4.blogspot.com
>> > http://soehtet.blogspot.com
>> > http://khaingzaw.blogspot.com
>> > http://natshinnaung.blogspot.com
>> > http://www.rhythmless.isgreat.org
>> > http://www.peacefulforever.co.cc
>> > http://nyameeeain.blogspot.com
>> > http://kyawthetlatt.blogspot.com
>> > http://shwepyithu.blogspot.com
>> > http://www.winzaw-mdy.blogspot.com
>> > http://phoelapyae.isgreat.org
>> > http://www.mgtaryar.iblogger.org
>> > http://www.koyinnyein.blogspot.com
>> > http://aungmyohan.myanmarbloggers.org
>> > http://thuratun.22web.net
>> > http://noway.mmeyes.net
>> > http://zawlay.mmeyes.net
>> > http://kokyawmyintoo.blogspot.com/
>> > http://zawthureintun.googlepages.com ဆိုက်လည်းကောင်းတာပဲနော်။
>> > အိုင်တ်ီမန်းကိုတည်ထောင်သူလေ။
>> > http://nnyioo.googlepages.com ဆိုက်လည်းကောင်းတာပဲနော်။
>> >
>> > ဒေါက်တာခိုင်မျိုးဆိုက်ထဲကရထားတဲ့ဆိုက်လေးတွေပါ။
>> > မြန်မာဘလော့ဒ်တွေကိုဝင်ရေးနေတဲ့အစ်ကိုကြီးတွေ/ဆရာတွေပါ။ ယူထားလိုက်။
>> > http://www.yanaung.blogspot.com/
>> > http://www.soehtet.blogspot.com
>> > http://www.drlunswe.blogspot.com
>> > http://dhammaratha.blogspot.com
>> > http://http/titsartayar.0fees.net
>> > http://www.dhammaweb.net
>> > http://wesheme.blogspot.com
>> > http://nnyilynnseck.blogspot.com
>> > http://emotionalcorner.lanolay.com
>> > http://drkyaingmyo.myanmarbloggers.org
>> > http:///www.mybloglog.com
>> > http://www.funcygens.com
>> > http://samerss.myanmarcalender.com

ဖြည့်စွက်လိပ်စာများ

www.thungechinmyar.co.cc (အင်တာနက်မှ ပိုက်ဆံရှာဖွေနည်း အပါအ၀င်
အခြားအကြောင်းအရာများ)
h.co.flamingo

ဩကာသ ၏ အနက်ဖွင့်ဆိုခြင်း

သြကာသ၊ သြကာသ ၊သြကာသ၊
ကာယကံ ၊၀စီကံ။မနောကံ  သဗ္ဗ္ဗ္ဗဒေါသခပ်သိမ်းသော အပြစ်တို့ ကိုပျောက်ပါစေခြင်း  အကျိုးငှာ ပထမ၊ဒုတိယ၊တတိယ  တစ်ကြိမ်၊နှစ်ကြိမ်၊သုံးကြိမ်မြောက်အောင်  ဘု၇ားရတနာ၊တရားရတနာ၊
သံဃာရတနာ တည်းဟူသော ရတနာတော်မြတ်သုံးပါးနှင့်  မိဘ၊ဆရာသမားတို့ အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့  ကန်တော့ပါ၏ အရှင်ဘုရား။


 ကန်တော့ရသောကောင်းမှုကံ စေတနာတို့ ကြောင့် အပါယ်လေးပါး ၊ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး ၊ ရန်သူမျိုးငါးပါး ၊၀ိပတ္တိတရားလေးပါး၊ဗျသနတရားငါးပါး  ၊အနာမျိုးကိုးဆယ့်ခြောက်ပါး၊မိစ္ဆာဒိဋ္ဌိခြောက်ဆယ့် နှစ်ပါးတို့ 
မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍   နောက်ဆုံးဘ၀`၌  မဂ်တရား ဖိုလ်တရား နိဗ္ဗါန်ချမ်းသာ တရားတော်မြတ်ကိုလျင်မြန်စွာရရပါလို၏  အရှင်ဘုရား။

    သြကာသ=တောင်းပန်လျှောက်ထားပါ၏  အရှင်ဘုရား။
-ကာယကံ=ကိုယ်အမူအယာဖြင့်ပြုလုပ်မှု
ကာယဒုစရိုက်သုံးပါး=(1)ပါဏာတိပါတ=သူ့ အသက်သတ်မှု  (2)အဒိန္နာဒါနာ= သူ့ဥစ္စာခိုးမှု (3)ကာမေသုမိစ္ဆာစာရာ= သူတပါးသားမယားပြစ်မှားမှု
-၀စီကံ=  စကားဖြင့် ပြုလုပ်ဆောင်ရွတ်မှု
ဝစီဒုစရိုက်လေးပါး= (1)မုသာဝါဒ=မှုသားပြောဆိုမှု (2)ပိသုဏ၀ါစာ =ချောပစ်ကုန်းတိုက်မှု (3)ဖရုသ၀ါစာ =ကြမ်းကြမ်းတမ်းတမ်းအယုတ်တမာဆဲဆိုမှု (4)သမ္ဖပ်ပလာပ=ပြိန်းဖျင်းသောစကားပြောဆိုမှု
-မနောကံ= စိတ်သက်သက်ဖြင့်ကြံစည်မှု
မနောဒုစရိုက်သုံးပါး= (1)အဘိဇ္ဈာ=သူတပါးစည်းစိမ်ကို ငါ့ဟာဖြစ်လျှင်ကောင်းစွဟု ကြံမှု (2)ဗျာပါဒ=သေကြောပျက်ဆီးလျှင်ကောင်းလေစွဟု ပြစ်မှားမှု (3)မိစ္ဆာဒိဋ္ဌိ =အယူမှားမှု (ကံကံ၏အကျိုးကိုမယုံမှု)။

-အပါယ်လေးပါး=(1)ငရဲ (2)တိရိစ္ဆာန် (3) ပြိတ္တာ  (4)အသူရကာယ်
-ကပ်သုံးပါး=(1)ဒုဗ္ဘိခန္တရကပ်= အစာရေစာငတ်မွတ်ခေါင်းပါးသောဘေး (2)သတ္တ န္တရကပ် =အချင်းချင်းသတ်ဖြတ်သောကပ်  (3)ရောဂ န္တရကဒ် =ရောဂါနှိပ်စက်သောကပ်
-ရပ်ပြစ်ရှစ်ပါး= (1) ငရဲ၌ကျနေလျှင်  သာသနာနျင့် တွေ့ ရမည်မဟုတ်  (2)တိရိစ္ဆန် စ်ြနေလျှင် သာသနာနှင့် တွေ့ ရမည်မဟုတ် (3)ပြိတ္တာဖြစ်နေလျှင် သာသနာနျင့် တွေ့ ရမည်မဟုတ်
           (4)အရူပဘုံတွင်ဗြဟ္မာများဖြစ်နေလျှင်လည်း နား  မရှိသောကြောင့်  သာသနာနှင့် တွေ့ ရမည်မဟုတ် (5)ပစ္စ န္တရစ်အရပ် = တရားတော်များကိုပြောဆိုဆုံးမ ပေးသည့်လူရဟန်းများမပေါက်ရောက်နိုင်သော နေ၇ာတွင်လူဖြစ်ရခြင်း
     (6) တရားသံမစဲသော နေရာ၌  လူဖြစ်ရသော်လဲ မိစ္ဆာဒိဋ္ဌိ အယူရှိသူဖြစ်လျှင်လဲ သာသနာနှင့် တွေ့ ရမည်မဟုတ် (7) သမ္မာဒိဋ္ဌိ အယူရှိ သူဖြစ်သော်လဲ  ကိုယ်အင်္ဂါ ချို့ ယွင်းနေလျှင်လဲ သာသနာနှင့် တွေ့ ရမည်မဟုတ်
     (8) ကံကံ၏အကျိုးကိုယုံကြည်သော်လဲ  မြတ်စွာဘုရားပွင့် တော်မူသောအချိန်အခါ မဟုတ်ပြန်လျှင်လဲ  သာသနာနှင့် တွေ့ ရမည်မဟုတ် ။

-ရန်သူမျိုးငါးပါး= (1)ရေ  (2) မီး (3) ခိုးသူ (4)မင်းဆိုး  (5) သားဆိုးသမီးဆိုး။
-၀ိပတ္တိတရားလေးပါး = (1) ဂတိဝိပတ္တိ = ရရျိသောဘ၀မကောင်းခြင်း (2) ဥပဓိဝိပတ္တိ =ရုပ်အဆင်းမလှခြင်း (3) ကာလ၀ိပတ္တိ =အခါကာလမကောင်းခြင်း (4) ပယောဂ၀ိပတ္တိ =ဥာဏ်လုံ့ လမရှိခြင်း
-ဗျသနတရားးငါးပါး = (1) ဥာတိဗျသန =ဆွေမျိုးသားချင်းပျက်ဆီးခြင်း (2) ဘောဂဗျသန= စည်းစိမ်ဆုံးရှုံးခြင်း (3)ရောဂါဗျသန = ရောဂါဖြစ်ပွားခြင်း  (4) ဒိဋ္ဌိဗျသန =အယူဝါဒမှားခြင်း (5) သီလဗျသန=သီလပျက်ဆီးခြင်း။
-မိစ္ဆာဒိဋ္ဌိခြောက်ဆယ့် နှစ်ပါး= အကျဉ်းကတော့သုံးပါးသာရှိ  (1)သက္ကာယဒိဋ္ဌိ =ငါ့ကိုယ် ငါ့ဟာဟု ယူစွဲသောဝါဒ  (2) ဥစ္ဆေဒဒိဋ္ဌိ = ကင်းပြတ်ဝါဒ (3)တသာတဒိဋ္ဌိ =မြဲသည်ဟုယူစွဲသောဝါဒ။

Thursday, November 18, 2010

ကိုယ်ပိုင် logo လေးထည့်ရအောင် စံလင်းပိုင်ဆိုဒ်မှ

 ပထမဆုံး Mozilla Firefox မှ အရင်   GreaseMonkey firefox add-on ကို အရင် install လုပ်ပေးလိုက်။ ပြီးရင် restartချ။
 နောက်အဆင့်ကတော့ ဒီ Script ကို run လိုက်ပါ။  install the required script
နောက်ဆုံးကတော့ www.google.com ကိုသွား ပြီးရင် google ဆိုတဲ့ စာသားပေါ်မှာ ကလစ် 2ချက်နှိပ်။

Title မှာ ကိုယ်ရေးချင်တဲ့ နာမည်ကိုရေး color မှာ 1 - blue ,  2 - red  , 3 - yellow ဖြစ်တယ်။ ကိုယ်ကြိုက်တဲ့ တန်ဖိုးတွေ ဖြည့်ပြီး change ကို
နှိပ်လိုက် ဒါဆိုအဆင်ပြေသွားပြီဗျာ။

desktop icon toy

Desktop Icon Toy. 3.3

 Desktop မှာ ရှိတဲ့ Icon လေးတွေကို အသဲပုံလေးတွေ၊ စက်ဝိုင်းပုံလေးတွေ၊ နာရီလက်တံအတိုင်း ပြောင်းပြီး ဖန်တီးလို့ရပါတယ်ဗျာ

ဒီမှာဒေါင်းလိုက်ပါ Desktop Icon Toy

vlc player လေးပါ

တော်တော်အဆင်ပြေတဲ့ playerလေးပါ။ ကြိုက်တဲ့ formate လာခဲ့လို့ပဲစိန်ခေါ်ထားတဲ့ playerလေးပါဗျာ။
VLC Player

gtalk ပုံ ဆော့ဝဲလ်လေးပါ

  gtalk ကို လိုချင်သူများအတွက် ဒီမှာ ယူလိုက်ပါ။
Gtalk 1.0.0.105

firefox 3.5 လေးပါ

   Mozilla FireFox 3.5 ကို downloads လုပ်ချင်သူများအတွက် ဒီမှာ သွားပြီး downloads လုပ်နိုင်ပါတယ်။
 FireFox 3.5

အသည်းအစားထိုးခြင်း ၁

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် အသည်းအစားထိုးကုသမှုကို ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ ကြားသိရပါတယ်။ အဓိက ခွဲစိတ်ဆရာဝန်ကတော့ ဆရာကြီးဦးနော်မန်လှ ဖြစ်ပြီး လူနာကတော့ အသက် ၄၉ နှစ်ရှိ အမျိုးသားတစ်ဦးလို့ သိရှိရပါတယ်။ ၂၀၀၄ ခုနှစ်တုန်းကလည်း ယခုကဲ့သို့ပင် အသည်းအစားထိုးကုသခြင်းကို အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့တဲ့ ဆရာကြီး ဖြစ်ပါတယ်။ ၂၀၀၄ တုန်းက လုပ်တာက လူသေက အသည်းကို လူရှင်မှ အစားထိုးတာ၊ အခုလုပ်တာကတော့ လူနာရဲ့ အသည်းကို ထုတ်ပြီး လူအရှင်ရဲ့ အသည်းတစ်ဝက်ကို အစားထိုးကုသတာ ဖြစ်ပါတယ်။ ထိုသတင်းကို ကြားသောအခါ ၀မ်းလည်း သာသလို ၀မ်းလည်းနည်းမိသည်။ ၀မ်းနည်းတာက ပိုပါသည်။

အသည်းအစားထိုးခြင်း ၂

အသည်းအစားထိုးခြင်း........(၂)


အသည်းအစားထိုးခြင်းအကြောင်း နည်းနည်းပြောပြီးသွားတော့ အဘယ့်ကြောင့် ၀မ်းနည်းရတာကို ဆက်လက်ရေးသားလို့ပါသည်။ အဆိုပါ ခွဲစိတ်မှုကို နိုင်ငံတော်က အားလုံးကုန်ကျခံကာ ပြုလုပ်ပေးသောကြောင့် ဖြစ်ပါသည်။ သိန်း ကို ရာနှင့်ချီကာ ကုန်ကျမည် ဖြစ်သည်။ အတိအကျတော့ ကျွန်တော် မတွက်တတ်ပါ။ ဆေးဖိုး၊ infrastructure ဖိုး၊ နိုင်ငံခြားသို့သွားရောက်လေ့လာရသည့် စရိတ်များကို ထည့်တွက်ပါက သိန်း ၅၀၀ အောက်တွင် မရှိပါ။ မြန်မာနိုင်ငံတွင် လူတစ်ယောက်အတွက် ကျန်းမာရေးကုန်ကျစရိတ်သည် ပျမ်းမျှအားဖြစ် ကျပ် ရာဂဏန်းရှိပါသည်။ အခုတော့ လူတစ်ယောက်တည်းအတွက် သိန်း ၅၀၀ အကုန်ခံလိုက်တယ်ဆိုတော့....... အဆိုပါလူသည် ထိုမျှ ကုန်ကျခံရလောက်အောင် တိုင်းပြည်ကို အကျိုးပြုမည့် သူလား၊ ၅၀၀ ရင်းလျင် သိန်းနှင့် ချီ ပြီး ပြန်လည် ပေးဆပ်မည့်သူလား...... ဒါမ မဟုတ် ငါတို့ဆီမှာ ခွဲနိုင်တယ်ကွ ဆိုပြီး လက်မထောင်နိုင်ဖို့ သက်သက်ပဲလား....... အစရှိသည့် မေးခွန်းများအတွက် ကျွန်တော့်ထံတွင် အဖြေမရှိပါ။

သွေးလှည့်စက်မရှိလို့၊ သွေးလှူ ဘဏ်မ ရှိလို့၊ မီးမလာလို့၊ သွေးရည်ကြည်မသွင်းရလို့၊ အပြစ်မဲ့စွာ သွေးလွန်တုတ်ကွေးကြောင့် သေဆုံးသွားတဲ့ ကလေးတွေအတွက်........နယ်စပ်ကနေ ၀င်ချင်တိုင်းဝင်လာတဲ့ ငှက်ဖျားဆေးအတုတွေကြောင့် မသေသင့်ဘဲသေနေရတဲ့ ငှက်ဖျားလူနာတွေအတွက်........ အရည်အသွေး မပြည့်မှီတဲ့ TB ဆေးတွေသောက်ပြီး TB ရောဂါကို အကြိမ်ကြိမ် ကုသခံနေရသူတွေအတွက်........လုံလောက်တဲ့အသိပညာမရှိလို့ ကိုယ်ဝန်ဖျက်ချရင်း အသက်သေဆုံးသွားကျတဲ့ အမျိုးသမီးငယ်တွေအတွက်......လုံလောက်တဲ့ ကျန်းမာရေးပညာပေးမှုတွေ မရှိလို့ HIV ၊ hepatitis B အစရှိတဲ့ ရောဂါတွေ ကူးစက်ခံနေရသူတွေအတွက်သာ အဲဒီ သိန်း ၅၀၀ နှင့် အထက် ကုန်ကျငွေကို အသုံးချခဲ့လို့ ရှိရင်.... ရလဒ်များသည် အများကြီး မဟုတ်တောင် အနည်းငယ်တော့ ပြောင်းလဲလာမည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော သတင်းများသည် သတင်းစာ ခေါင်းစဉ်းများ၊ ဂျာနယ်ခေါင်းစဉ်းများတွင် ထည့်ရလောက်အောင် မခမ်းနား၊ မကြီးကျယ်၊ ငါလုပ်လိုက်တာကွ ဆိုပြီးတော့လည်း လက်မထောင်လို့မရ။



ကျွန်တော်တို့ဆီမှာ Resource Allocation နဲ့ပတ်သက်လာရင် Economic based thinking and priority လုပ်တဲ့အကျင့်တွေကို ထားရှိဖို့ လိုလာပါပြီ။ ကျွန်တော်တို့ဟာ ဒီတိုင်းပြည်မှာ နှစ်အကြာဆုံး ပညာရေးနှင့် ထိတွေ့ခဲ့သူတွေပါ။ ဘယ်သူမှ ဆရာဝန်တွေလောက် အကြာကြီး ကျောင်းမတက်ရပါဘူး။ အဲဒီတော့ ဆရာဝန်တွေက သာမန်လူတွေထက်တော့ အကောင်းအဆိုးကို ပိုပြီး ခွဲခြားပိုင်းဖြတ်နိုင်လိမ့်မယ်လို့ ယူဆလို့ရနိုင်ပါတယ်။ (လက်တွေ့တွင် ဘယ်လိုအခြေအနေရှိလဲဆိုတာတော့ မပြောတော့ပါဘူး) ကျွန်တော်တို့ရဲ့ customer ဟာ ပြည်သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် ပြည်သူအများစုရဲ့ ကျန်းမာရေးတိုးတက်မှုကသာ အဓိက ဦးစားပေးဖြစ်သင့်ပါတယ်။ ဒီကိစ္စဟာ စီးပွားရေးကိစ္စတစ်ခုတည်း မဟုတ်ပါ။ ကျင့်ဝတ်ပိုင်း၊ စိတ်ဓာတ်အဆင့်အတန်း နှင့်လည်း သက်ဆိုင်ပါသည်။ ကျွန်တော်တို့မှာ ရွေးချယ်စရာလမ်းနှစ်လမ်းရှိသည်။ လက်ရှိအတိုင်း ငပျင်းကျပြီးနေမလား။ လွယ်သည်။ သက်သာသည်။ ကိုယ်လုပ်ချင်တာလုပ်လို့ရသည်။ သို့သော် ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရမှာက ငါသေသွားရင် ငါ့သမိုင်းကို ဘယ်လိုချန်ခဲ့မှာလဲ။ ငါဟာ လုပ်ပိုင်ခွင့်တွေရှိပါလျက်နဲ့ လူအများအကျိုးယုတ်မည့် လမ်းစဉ်တွေကို ချမှတ်ခဲ့တာလား အစရှိသဖြင့် မေးခွန်းများကို ကိုယ့်ကိုကိုယ် ပြန်မေးကြည့်သင့်သည်။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ခက်သည်။ အများကြီး ပြောင်းလဲရမည်။ အောင်မြင်ဖို့တော့ မသေချာ။ အများကြီး ကြိုးစားအားထုတ်ရမည်။ သို့သော် ပြည်သူများအတွက် တဖြည်းဖြည်းချင်း အကျိုးရှိလာမည်ဖြစ်သည်။ ကဲ....ကျွန်တော်တို့ ဘယ်လမ်းရွေးကြမလဲ။

ပုံလေးတွေ

d d d
d Thumbnail d
d d d
25. Sound Card ဆိုတာ...
25 Photos
d d d
d Thumbnail d
d d d
24. Graphic Card ဆိုတာ....
20 Photos, 1 comment
d d d
d Thumbnail d
d d d
23. Optical Drive ဆိုတာ...
36 Photos
d d d
d Thumbnail d
d d d
22. Webcam ဆိုတာ...
30 Photos, 2 comments
d d d
d Thumbnail d
d d d
21. Mouse ဆိုတာ....
50 Photos, 3 comments
d d d
d Thumbnail d
d d d
20. Keyboard ဆိုတာ...
25 Photos
d d d
d Thumbnail d
d d d
19. USB Hub ဆိုတာ....
40 Photos, 3 comments
d d d
d Thumbnail d
d d d
18. Pen Drive ဆိုတာ.....
40 Photos, 1 comment
d d d
d Thumbnail d
d d d
17. Card Reader ဆိုတာ...
35 Photos
d d d
d Thumbnail d
d d d
16. Memory Card ဆိုတာ...
35 Photos
d d d
d Thumbnail d
d d d
15. External Hard Disk ဆိုတာ..
30 Photos, 1 comment
d d d
d Thumbnail d
d d d
14. Internal Hard Drsk ဆိုတာ...
30 Photos
d d d
d Thumbnail d
d d d
13. Chip set ဆိုတာ...
30 Photos, 2 comments
d d d
d Thumbnail d
d d d
12. Ram ဆိုတာ...
30 Photos
d d d
d Thumbnail d
d d d
11. CPU ဆိုတာ...
55 Photos, 4 comments
d d d
d Thumbnail d
d d d
10. Power Supply ဆိုတာ...
25 Photos
d d d
d Thumbnail d
d d d
9. Motherboard ဆိုတာ...
10 Photos, 1 comment
d d d
d Thumbnail d
d d d
8. Fan ဆိုတာ...
15 Photos
d d d
d Thumbnail d
d d d
7. Casing ဆိုတာ...
40 Photos, 3 comments
d d d
d Thumbnail d
d d d
6. LCD Monitor ဆိုတာ...
30 Photos, 1 comment
d d d
d Thumbnail d
d d d
5. CRT Monitor ဆိုတာ..
29 Photos
d d d
d Thumbnail d
d d d
4. Laptop ကွန်ပျူတာ ဆိုတာ..
30 Photos
d d d
d Thumbnail d
d d d
3. Desktop ကွန်ပျူတာ ဆိုတာ..
19 Photos
d d d
d Thumbnail d
d d d
2. CPU ထည့်ထားသော Keyboard..
9 Photos
d d d
d Thumbnail d
d d d
1. Digital တိရစ္ဆာန်လေးတွေ...
16 Photos