Tuesday, December 21, 2010

အင်္ဂလိပ်စာလေ့ လာချင်သူများအတွက်

ဒါလေးကတော့ အင်္ဂလိပ်စာကို listening အခြေခံသင်ယူလိုသူများအတွက် ပါဒီနေ့ မျိုးက Daily Life အကြောင်းလေး ကိုမျှဝေပေးမှာဖြစ်ပါတယ်

http://www.eslfast.com/easydialogs/dailylife.htm

ဒီလင့်လေးကိုသွားပြီး ရင်
ခေါင်းစဉ်ငယ်လေးတွေကိုတွေ့ ရမှာဖြစ်ပါတယ်
1. I Live in Pasadena
2. I Have a Honda
3. Do You Have a Girlfriend?
4. Walking the Dog
5. Borrowing Money
6. Going to the Beach
7. My Wife Left Me
8. What’s on TV?
9. A Nice Place to Live
10. The New Mattress
11. My Laptop Is So Slow
12. How about a Pizza?
13. The New House
14. Fish Are Everywhere
15. A Bad Boyfriend
16. Talking Animals
17. Housecleaning Day
18. A TV Lover
19. Write to Your Grandma
20. Are You Sleepy?
21. God Is Watching
22. Feed the Cat
23. Shave Your Face
24. Two Polite People
25. Give Me a Puppy
26. Kittens to Give Away
27. Happy in Heaven
28. His Line Is Never Busy
29. Friday the 13th
30. Do You Love Me?
31. Dad Has a Girlfriend
32. What’s That Smell?
33. They Deliver
34. A Lost Button
35. Did You Say Something?
36. Washed and Folded
37. Talk Radio
38. A Bad Diet
39. A Ham Sandwich
40. Time for Your Bath
41. A Black Screen
42. A New Hard Drive
43. Your Email Address
44. Time for a Nap
45. Thinking about His Funeral
46. The Elephant
47. You Can Have Some of My Friends
48. If You Cheat, You Will Die
49. Let’s Not Go Out
50. Fill Out the Form
51. The Animal Shelter
52. Is It Raining?
53. It’s So Hot
54. A Snowman
55. The ATM
56. Move the Blue Bin
57. Digital TV
58. Just Shoot Me
59. Don’t Be a Racist
60. Use a Tissue
61. Two Little Ones
62. But Is It Art?
63. Life Is for Living
64. A Tough Choice
65. Patch It or Sew It?
66. What's So Funny?
67. Spanish Spoken Here
68. It's the Only Earth We've Got
69. No Time for Rhyme
70. Dumb and Happy
71. Live from NBC 4!
72. Life after Death
73. Wipe Your Feet
74. Mother’s Day
75. A New Flag
76. Work up an Appetite
77. Dialing for a Dollar


ခေါင်းစဉ်ငယ်လေးတွေကို ထပ်မန်ကလစ်ပြီး နားဆင်နိုင်ပါတယ်
f.w  မေးလ်ပါ

Sunday, December 19, 2010

ယောကျာင်္းလေး ကိုယ်ဝန်ဆောင်နိုင်ပါသလား ?

Nagpurမြို့တော်မှာနေထိုင်တဲ့
အိန္ဒိယနိုင်ငံသားSanju bhagat ရဲ့အစာအိမ်ဟာ
အလွန်ကိုဖောင်းကားလာတာကိုသိသိသာသာမြင်တွေ့လာရပါတယ်...။
သူ့ကိုတွေ့မြင်သူတိုင်းက ယောက်ျားလေးတစ်ဦးဖြစ်ပြီး
ကိုယ်ဝန်ဆောင်နေသူလို့ကောက်ချက်ချခံရပါတယ်...။
ဒီလိုဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စမျိုးသူ့အပေါ်မှာကျရောက်လာလို့
Sanju Bhagat ဟာအလွန်ကို အံ့အားသင့်နေရပါတယ်...။
ဆရာဝန်တွေနဲ့ပြသကြည့်ချိန်သောအခါတွင်လဲ
သေသေချာချာအဖြေမထုတ်နိုင်ပဲ အိန္ဒိယဆရာဝန်တွေတော်တော်ခေါင်စားကြခဲ့ရပါတယ်..။
ဆရာဝန်တွေက အာထရာဆောင်းရိုက်ကြည့်သောအခါတွင်လဲ
ဗိုက်ထဲတွင် လူသားတယောက်လက္ခဏာများကို
မြင်တွေ့ရတယ်လို့  အတည်ပြုဆိုခဲ့ပါတယ်..။
ဒါကြောင့်ဆရာဝန်တွေဟာ ခွဲလဲမခွဲစိတ်ဝံ့တော့ပါဘူး..။
အမှန်တကယ်သန္ဒေ တည်နေခြင်းဆိုလျှင်
ချက်ချင်းခွဲစိတ်ပါက ကလေးအသက်ဆုံးမည်မဟုတ်ပါလော...။
sanju bhamaဟာသူ့ပုံစံကိုသူ မယုံနိုင်အောင်လဲဖြစ်၊
ငြင်းလဲမငြင်းရှာနိုင်တဲ့အခြေအနေဖြစ်တာကြောင့်
ကိုယ်ဝန်ဆောင်ရခြင်းမှန်ရင်ကိုးလကြာရင် ဗိုက်နာပြီးကလေးမွေးမှာပဲ။
ဒါကြောင့်  အချိန်ကိုစောင့်ကြည့်မယ်ဆိုပြီးကိုးလတိတိ
ကိုယ်ဝန်ဆောင်အသွင်နဲ့နေခဲ့ရပါတယ်...။
ကိုးကြာသော်လည်းပဲ သူ့ဟာဗိုက်နာခြင်းအလျဉ်းမရှိတာကြောင့်
ဆရာဝန်တွေက ခွဲစိတ်ကြဖို့ဆုံးဖြတ်ခဲ့ပါတယ်..။


ဆရာဝန်တွေက ကိုးလပြည့်လိုခွဲစိတ်ကြတဲ့အခါမှာတော့ သူ့ဗိုက်ထဲကထွက်လာတာတွေက....??????

sanju bhagat



အရမ်းကိုကြောက်ရွံ့အံ့သြစရာကောင်းအောင်ကိုပဲ
ပထမဆုံး ခြေထောက်တဖက်
ပြီးတော့ နောက်ခြေထောက်တဖက်
ပြီးတော့  ဆံပင်တွေ၊လက်တွေ..
မေး၇ိုးတွေ....လူကိုယ်ခန္ဒာရဲ့အပိုင်းအစတွေ
ပြွတ်ကာသီကာထွက်ကျလာပါတော့တယ်....
ခွဲစိတ်ကုဆရာဝန်ကြီးများဟာကိုယ့်မျက်လုံးကိုယ်ပင်မယုံကြည်နိုင်ဖြစ်ကြရပြီး
နောက်သေသေချာချာဆန်းစစ်ကြည့်ပါတော့မှ

sanju bhagat ရဲ့ဗိုက်ထဲမှာရှိတာတွေက
သူ့ရဲ့အမွှာညီအကိုရဲ့ ကိုယ်ခန္ဒာအစိတ်အပိုင်းတွေဖြစ်နေပါတော့တယ်။
တကယ်တော့ sanju bhagatကို သူ့မိခင်ကမွေးဖွားစဉ်က
အမွှာ သန္ဒေကိုလွယ်ခဲ့တာပါ..။
ဘာလို့နောက်တယောက် က sanju bhagatရဲ့ဗိုက်ထဲရောက်နေခဲ့ရတာလဲဆိုတာကို
အဖြေထုတ်တော့
သူတို့နှစ်ဦးကို သွေးနဲ့အစာအာဟာရအထောက်အပံ့ပေးတဲ့ချက်ကြိုးဟာ
sanju bhagat ရဲ့ဘက်ကပွင့်နေပြီး
သူနဲ့ညီအကိုတော်တဲ့တယောက်ဖက်မှာတော့ ကံမကောင်းစွာပိတ်နေခဲ့ပါတယ်..။
အဲ့တာကြောင့် မဖွံမဖြိုးနဲ့သန္ဒေတည်ခဲ့တဲ့ sanju bhagat ရဲ့ညီအကိုဟာ
လူခြောက်တယောက်ကဲ့သို့ ဖြစ်တည်နေပြီး၊
မိခင်ဝမ်းထဲမှာ အခြေအနေအမျိုးမျိုးကြောင့် bhagatရဲ့ဗိုက်ထဲကိုရောက်ခဲ့ရာကနေ
ခုလိုထူးထူးဆန်းဆန်းဖြစ်လာခဲ့ရတာပါ...။

ထိုအဖြစ်အပျက်ဟာ မိန္ဒိယဆေးသမိုင်းမှာပထမဆုံးကြုံခဲ့ရတဲ့အဖြစ်အပျက်ဖြစ်ပြီး
ဒီလိုထူးထူးဆန်းဆန်းဖြစ်တည်မှုကို
ဆရာဝန်တွေတော်တော်များများလဲသြချခဲ့ရပါတယ်...။
တကယ်တော့ ယောက်ျားလေးကိုယ်ဝန်ဆောင်တယ်ဆိုတာတကယ်မရှိပါဘူးခင်ဗျာ............။

Saturday, December 18, 2010

မြန်မာစာလုံးလှလှလေးတွေ

Photo တို့ Web နှင့် ပတ်သတ်တဲ့ ပုံများကို edit လုပ်တဲ့အခါ မြန်မာ စာလုံးလှလှလေးတွေနဲ့ ရေးချင်သူများအတွက်ရော မကောင်းကင်ပြာကရော တောင်းထားတဲ့ မြန်မာစာလုံးလေးတွေပါ၊ တခြားBlog တွေမှာ တင်ပေးထားတာ မတွေ့လို့ ရှိတာထဲက ကောင်းမယ်ထင်တာလေးကို ပြန်လည်တင်ပေးလိုက်ပါ၏
ပုံထဲက မြန်မာ စာလုံးလှလှလေးတွေကို လိုချင်တယ်ဆိုရင်တော့ အောက်မှာ Download ပေးထားပါတယ် လိုတာများကို ရွေးချယ်၍ သယ်သွားနိုင်ကြောင်း....
  1. Metrix ဒီမှာနိပ်
  2. ArtHouse(Open&TrueType) ဒီမှာနိပ်
  3. Win Myanmar 2 ဒီမှာနိပ်
  4. Shwe ဒီမှာနိပ်
  5. Academy ဒီမှာနိပ်
  6. Aeyar ဒီမှာနိပ်
  7. CE ဒီမှာနိပ်
  8. U4Myanmar ဒီမှာနိပ်
  9. King ဒီမှာနိပ်
Font တွေကို ခေါင်းစဉ်အလိုက် ကိုးမျိုး တပ်ထားပါတယ်၊ တစ်စီမျိုး၌ font အရေအတွက် တော်တော်များများပါပါတယ်။ မြန်မာFont အရေအတွက် ၂၀၀ကျော်ပါပါသည်။

Font ထည့်သွင်းနည်း {၁}
Window + R နိုပ်လိုက်ပြီး ပေါ်လာသော Run ထဲတွင် fonts ဟု ရိုက်ထည့်၍ Enter ခေါက်လိုက်ပါ Fonts folder ပေါ်လာပါလိမ့်မယ်၊ အဲ့ဒီထဲမှာ Download ဆွဲချထားသော Font များကို .rarဖိုင်မှ ဖြည်ပြီး Copy & Paste လိုက်ပေးလိုက်ရုံပါပဲ။

Font ထည့်သွင်းနည်း {၂}
Start menu----> Control Panel----> Fonts folder ကိုရှာ၍နိပ်ပြီး Open လုပ်ကာ Download ဆွဲချထားသော Font များကို .rarဖိုင်မှ ဖြည်ပြီး Copy & Paste လိုက်ပေးလိုက်ရုံပါပဲ။

{ပြည်တွင်းမှာ နေသူများကတော့ မြန်မာ Font များကို ၀ယ်သုံးနိုင်ပြီး ပြည်ပက လူအများအတွက်ကတော့ ၀ယ်ရန်ခက်ခဲသောကြောင့် တင်ပေးလိုက်ခြင်းဖြစ်ပါတယ် မြန်မာစာလုံးများကို ရေးသား ထုတ်လုပ်ထားသော သူများအား ဒီနေရာမှ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်ခင်ဗျာ... နောက်တစ်ဆင့် မြန်မာစာလုံးများကို ရေးသားထုတ်ဝေသော ၀င်းမြန်မာ နှင့် အနုပညာအိမ်အား ဒီနေရာမှ တင်ခွင့်တောင်းပါသည်။}


Update: : Font တွေကို ကိုယ်တိုင်ဖန်တီးပြုလုပ်ချင်တယ်ဆိုရင်တော့ Fontog 3.5 ကို နိပ်ပြီး Download လို့ရပါတယ်၊ အသုံးပြုနည်းကိုတော့ ကိုယ်တိုင်ပဲ စမ်းသပ်ကြည့်ပါ၊ ကျွန်တော်ကတော့ သိပ်တော့ အသုံးမပြုဖူးသေးပါ။

Update: : Free Image Hosting at www.ImageShack.us ပုံကိုနိပ်ပြီး ကီးဘုတ်ပုံကို ရယူနိုင်ပါသည် :)
{ကိုဇောင်း}

ဘာသာရေးကို မဇော်ကားကြပါနဲ့

http://akm-kuntha.blogspot.com
၁၁.၁.၂၀၁၀ ကျွန်တော်အမှတ်မထင် ကြုံရတဲ့အဖြစ်ပါ. ning.com တစ်ခုကိုဝင်လည်ရင်း ကွန်မန့် တစ်ခုမှာ ရေးထားတဲ့ အကြောင်းအရာတစ်ခုကို စိတ်ဝင်စားရင်း လိပ်စာတစ်ခုကို သွားခိုင်းထားတာနဲ့ သွားကြည့်မိပါတယ်. ရောက်သွားတယ်ဆိုပါတော့. အဲဒီဆိုဒ်က ဘာဆိုဒ်လည်းဆိုတော့ ဘာသာရေး အရ စော်ကားထားတဲ့ ဆိုဒ်ဖြစ်နေပါတယ်. ကျွန်တော်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာနဲ့မြတ်စွာဘုရားကို အစွန်းရောက်အောင်ကို ရိုင်းပြစော်ကားထားတာ တွေ့ရပါတယ်.
( ဆိုဒ်အမည်ကို - ဗုဒ္ဓဘာသာဝင်များအတွက် စေတမန် ) လို့ အမည်ပေးထားပါတယ်. အဘယ်သူလုပ်ထားတယ်ဆိုတာတော့ ကျွန်တော်လည်းမသိဘူးပေါ့) သူ့ cbox မှာ ကျွန်တော်ရေးမယ်စိတ်ကူးခဲ့ပါသေးတယ်. ဒါပေမယ့် မရေးဖြစ်ခဲ့ပါဘူး. ကိုယ့်စိတ်ကိုယ် ထိမ်းရင်းပေါ့. ဒါနဲ့ ကျွန်တော်ကြုံမိတာကို ကျွန်တော့်အွန်လိုင်းမိတ်ဆွေ ရင်းတွေကို အကြောင်းကြားမိတယ်. သိသူသိပြီး မသိသူမသိကြဘူးပေါ့. သူတို့ ဒေါသထွက် စိတ်မကောင်းဖြစ်မိကြတယ်ဆိုတာ ခံစားမှုက သက်သေပြနေကြပါတယ်. ဒီလိုမဖြစ်သင့်ဘူးလို့ ထင်မိလို့ပါ.
လူတိုင်းမှာ မိမိကိုးကွယ်ယုံကြည်ရာကို လွတ်လပ်စွာကိုးကွယ် ယုံကြည်မှု ရှိတယ်ဆိုတာ လူသားအားလုံးတိုင်း လက်ခံကြမယ်ထင်ပါတယ်. ဒါကလမ်းလွဲပြီး မိမိကိုးကွယ်မှု အပြင်ဘက်က ဘာသာခြားကို ဘာသာရေးအရ နှိမ့်ချ စော်ကား၊ ရိုင်းပြမှုတွေကျတော့ စည်းကျော်ရာ ရောက်ပြီထင်ပါတယ်.
အပြန်အလှန် နားလည် လေးစားမှုမျိုးပဲ ဖြစ်သင့်ပါတယ်. တကယ်တော့ ဘာသားရေးဆိုတာ လူသားတွေရဲ့ စိတ်ခံစားမှုကို အနုညံ့ဆုံး စိုးမိုးတဲ့ တရားပါ. ဘာသာတိုင်းမှာ ရင်းကဲ့သို့ ရှိမယ်ထင်ပါတယ်. ထို့ကြောင့် မိမိကိုးကွယ်ယုံကြည်ရာ အရ ကိုးကွယ်နေကြတဲ့ ကျွန်တော်တို့ လူသားတွေမှာ အချင်းချင်း နှိမ့်ချ၊ ပုတ်ခတ်၊ စော်ကား၊ ရိုင်းပြခြင်းမျိုး မပြုလုပ်သင့်ကြောင့် တင်ပြမိပါတယ်.
တကယ်တမ်းဖြစ်သင့်တာက အကြင်သူသည် မိမိကိုးကွယ်ယုံ ကြည်ရာ ဘာသာတရားဓမ္မ အတွင်းမှပဲ သိမ်မွေ့မှုနှင့် မိမိအကျူိး လူသားများ အကျိုးကိုသာ နိုင်သလောက် ထမ်းသင့်ပါတယ်. ဒုက္ခပေးခြင်း မျိုး ဖြင့်တော့ မပြုလုပ်သင့်ကြောင်းပါ.
ကျွန်တော့် မိတ်ဆွေ ဘာသာဝင်တိုင်းကိုလေးစားရင်း.....ဖြစ်သင့်တာ တွေကို မြင်မိဖို့တင်ပြ မိတာပါ..... (အထက်ပါ လင့်တွင် စော်ကားထားတာတွေကို ဆန့်ကျင်ဘက် အမြင်နှင့်တင်ပြထားတာတွေကို ဖတ်ကြည့်ချင်တယ်ဆိုရင် ဒီလင့် ကိုထပ်သွားပြီဖတ်ကြည့်နိုင်ပါတယ်)

မြန်မာလေယာဉ်ကွင်း အတွေ့ အကြုံ


ဒါကတော့ မြန်မာ လေယဉ်ကွင်း အကောက်ခွန်က လိုက်ပို့တဲ့ လူရဲ့ ပိုက်ဆံ အိတ်ကို ပါ စစ်တဲ့ အကြောင်းပါ....Credit to Linlet (Myanmar Cupid)
+++++++++++
လေယာဉ်ကွင်း မှာ အ၀င်မှာပဲဖြစ်ဖြစ် အထွက်မှာပဲဖြစ်ဖြစ်ကာစတန်ကိုကိုတွေ နဲ့ မမတွေ က ရီစရာလဲကောင်းသလို သနားစရာတောင်တော်တော်ကောင်းနေပါတယ်။
မိုးလင်းတာနဲ့ ဘယ်ခရီးသည်ကို ကျစ်ရရစ်ရမလဲတွေးနေပုံရပါတယ်။
ဒီနေ့ကျမ မနက်က တီဂျီအချိန် နဲ့ ဖေဖေကို လေယာဉ်ကွင်းသွားပို့တော့ ကတ်ပြားလေးယူပြီး အတွင်းထဲလိုက်ဝင်သွားပါတယ်။
အဲဒီမှာ ၀င်ကာစနေရာမှာ ပစ္စည်းတွေတင်ပြိးစက်နဲ့ဖြတ်ပြီးတော့ ကာစတန်မမ ကကျမရဲ့ ပိုက်ဆံအိတ်ကို ပြခိုင်းပါတယ်။
ကျမလဲအံသြသွားပါတယ်။ ဘာလို့ပါလိမ့်ပေါ့။ နောက်ပြိးသူကပြောတယ် "ပိုက်ဆံတွေအဲလောက်အများကြီးယူသွားလို့ မရဘူးတဲ့ " ကျမတော်တော် အံသြသွားတယ်။
ကျမ အိတ်ထဲမှာ ပိုက်ဆံကသူများလာပေး ထားတာရော အကုန် ထိုးထည့်ထားမိတာကိုး။ ဘယ်လိုပါလိမ့်ပေါ့ ၊ လေယာဉ်ကွင်းထဲ မှာ အဲလောက်ငွေ ယူသွားလို့မရဘူးလားဆိုပြီး အူတူတူနဲ့ ဘာပြန်ပြောရမလဲမသိ ဖြစ်နေတာ။ နောက် သူကဆက်ပြောတယ်။
"အပြင်မှာ သွားပြန်ပေးလိုက်ပါတဲ့ " ရှိသမျှ အိတ် ဝေါလက်ကအစ နှိုက်ကြည့်ပြီးထပ်ပြောတယ်။
ကျမ ဖေဖေရဲ့ ခါးပါတ်အိတ်လဲ အစအဆုံးဇစ်တွေ တခုပြိးတခုနှို့က်ကြည့်တယ်။
အဲတာနဲ့ ကျမကလဲ "ဘာဖြစ်လို့လဲပေါ့" ပြန်မေးတော့ မရဘူးတဲ့ ။
စိတ်ကလဲတိုလာတာနဲ့ ဒီမှာ ကတ်ပြားလို့ ၊ကျမ ကလိုက်ပို့တာ ခရီးသည်လဲမဟုတ်ဘူးလို့ပြောလိုက်ရတယ်။
ဘယ်တိုင်းပြည် ဘယ်နိုင်ငံမှာမှမရှိတဲ့ စနစ်တွေကိုအသုံးပြု လုပ်ချင်တာလုပ်နေကျတာပါ။
အပြန်ခရီးသည်တွေ ဆိုရင်လဲ အိတ်တွေ လက်ဆွဲလာတဲ့ တနိုင်လေးတွေအတင်းကြည့် ဘာမှ မဟုတ်ပဲ သူတို့ စီစစ်တာကိုပဲပြချင်တာလားမသိပါဘူး။
သူတို့စက်ထဲမှာပေါ်တာပဲလေ ။ ငွေလေး ၂အုပ် ၃အုပ်ကို အဲလိုရစ်စရာလား။ ရစ်လိုဇောနဲ့ ခရီးသည်လား ၊လိုက်ပို့တဲ့သူလားတောင် မကြည့်နိုင်တော့တာ ကျမ ကတော့ ရီလဲရီချင်တယ်။ ဒါတွေကအစထဲက မကောင်းခဲ့တော့ဖြစ်နေမှာပါပဲ။ နိုင်ငံတကာမှာဘယ်လိုစနစ်တွေနဲ့ သွားလာလှုပ်ရှားနေတာလဲဆိုတာ မြန်မာပြည်ရဲ့ စနစ်ဟောင်းတွေ တော်တော်များများပြောင်းလဲဖို့လိုနေတာစိတ်ပျက်စရာပါ။
++++++++++

ဟုတ်တယ်။ အဲဒီမှာ လူခံနဲ့ ချိတ်မထား ရင် အဲလို ဖြစ်တတ်တယ်။ ကျွန်တော့ သူငယ်ချင်း နိုင်ငံခြားက ပြန်တော့ အဲဒီက လုံချုံရေးတယောက်ကို ကြိုခိုင်းလိုက်တာ ဘယ် သူမှတောင် အိတ်ဖွင့် မစစ်ဘူး။ လက်ကိုင်ဖုံးက ၉ ခု။ Play station က ၂ ခု။ laptop အသစ်က တလုံး တခြားတိုလိမုတ်စတွေလဲ  အစုံပဲ

++++++++++

မလင်းလက်ပြောလို့ ဇီးကွက် တကောင် ၀င်ပါလိုက် အုံးမယ် ဗျာ။ ကျွန်နော် ဒီတခေါက်ပြန်တာ လေဆိပ်မှာ ဒေါ်လှ ၈၀ အေး ဒပြ တိုက်ခံ ရ တယ် ဗျာ။ ပြန်လာတာ မင်္ဂလာဆောင် အတွက် ဆို တော့ သတိုးသမီး ၀တ်စုံ ပါလာ တာ ဆန်းသလားဗျာ။
သူများတွေလို ၄၊၅ ၁၀စုံ စီးပွားဖြစ်သယ် တာဆို ထားလိုက် ပါတော့ ကိုယ် မင်္ဂလာဆောင် အတွက် ကိုယ်သယ် တာ ၂စုံ တည်းပါဗျာ။ ခက် တာ က မိန်းမက ကျွန်နော်နဲ့ အတူ မပါလာတော့ သူတို့ အတွက် ရစ် စရာ ပေါ့ဗျာ။
ဝတ်စုံ က ၀န်ပွတော့ သေသေချာချာကို ဂျက်ဖာနဲ့ ခေါက်တည့် ရ တာဗျ။ ဂျက်ဖာကြီးက ကြီးတော့ သူတို့ က မျက် စိစပါးမွေးစူးတာပေါ့။တောင် တောင်းပန်ပန်နဲ့ မဖွင့်ဖို့ ပြော တာကို မရဘူး မရ မက ဇွတ်ဖွင့် တယ်။ ထုတ်ပြီး ပြန် ထည့်ရ ခက် မှန်းသိတော့ အပြင်ကို မထုတ်ဖို့ ပိုက် ပိုက် ပေးရတာပေါ့ဗျာ။
တကယ်ပါဗျာ သူတောင်းစား ပေးရတာ က ပို စေသနာရှိပါတယ် ဗျာ တောင်းတောင်းပန်ပန်နဲ့ ပေးရတာ။ အဘိုးအဖွားနဲ့ အမေ တွေ က အတူပါလာလို လူကြီး တွေ စောင့်နေရမှာကြာ နေမှာဆိုးလို့ ပေးခဲ့ တာ။ တယောက် ထဲ သာဆို ပြန်ရစ် မှာ။ ခုတော့ မသထာရေစာပေးခဲ့ ရတာပေါ့ဗျာ

အရမ်းကောင်းတဲ့ netflix

Netflix အင်တာနက် ရုပ်ရှင် ၀ဘ်ဆိုတ် နဲ့  DVD အခွေ အငှား လုပ်ငန်း က လည်း ၂၀၁၀ လူကြိုက်များတဲ့ ကဏ္ဍ
မှာ အကြော်ကြား ဆုံး အင်တာနက် ဖျော်ဖြေရေး E-commerce တစ်ခုဖြစ်တယ် လို့ ဆိုပါတယ် လစဉ်ကြေး 8 $ ပေးထားရင် ရုပ်ရှင် တွေ ကို အခမဲ့ အွန်လိုင်းမှာ  ကြည့် ရှုနိုင်ပြီး ကိုယ်လိုချင်တဲ့ အခွေ ကိုအွန်လိုင်းမှာ
မကြည့်ပဲ အိမ် ကိုငှားမယ်ဆိုရင် 10 $ ကျသင့်မှာ ဖြစ်ပါတယ်။
မိမိမှာထား တဲ့ အခွေကို အိမ် ကို စာအိတ် နဲ့ ရောက်လာပြီး ကြည့်ရှုပြီးပြန်ပို့ ရင် အပိုပါလာ တဲ့ Netflix
စာအိတ် တစ်လုံးမှာ DVD အခွေ ကို ပြန်ထည့် နီးရာ စာတိုက် ပုံးထဲ မှာပဲ ထည့် ပို့ လိုက် လို့ ရပါတယ်။ Read more…

Friday, December 3, 2010

ထွို့ ငင်းအား နင်းပေးဗိ

pa-oh song

pa-oh song khun zin htut 1

Kham Nein Koung (ခမ်းနေင်းကောင်)-Nang Moe Moe Zan

အမွီးဟဝ်လီ နီသွီးဖြွီ့  ခွန်ဇော်ဗဲင်း + နန်းမို့ မို့ စံ

may sabei nyo မေစံပယ်ညို - တစ်ဖက်သက်အချစ်

ကိုမညာတော့ဘူး Lကိုင်ယာ

ချစ်ခွင့်ရချင်ပြီ ကောင်းမြတ်

Myanmar Music Videos: Yin Khone Bat Thoe Tan Ta Chin By Han Tun