Thursday, March 31, 2011

ပအိုဝ်းပေး မလေးသျှားခမ်းစွို့ 

ပအိုဝ်းပေး မလေးသျားခမ်းစွို အီးထွုတ်ထေ လိတ်စောင်းတား ဖစ်ဟွိုန်လိတ်မူ

by Taunggyi Time on Wednesday, March 30, 2011 at 10:14pm
“အနာဂတ် ပအိုဝ်းပေး”လိတ်ကျေားညား

သွ.ပေးရဲုင်းဖက်မူးခို ခွန်နင်.သီးဖုံးဗွေသြ… ယိုန၀်.နီသွဉ်းသီး “အနာဂတ် ပအိုဝ်းပေး”မလေးသျှားစွို. ယို အီးထွုတ်ထေလွေ. ရီးသွုတ်အနေး ပထမ ခင်းကာ လိတ်စောင်းမဂ္ဂဇင်းတဲင် ကထွာဒါး သွ.ပေးရဲုင်းဖက် မူးခိုခွန်နင်.သီး ယံဖေးက ပသာနွောင်. လိတ်မှူတဲင် လောဝ်းဟွိုန်ရီးဗား နဲင်းယိုသွူသြ။

ဂန္ဒပေါင်.စွုမ်း ဖေးကပါနွောင် န၀်.ထွူတကားတ၀်း ပအိုဝ်းရပ်ရား၊ ပအိုဝ်းလိတ်လဲုင်၊ ပအိုဝ်းယေဉ်းငဲရေ၊ စီပွာ.ရေ.၊
အားကစား၊ အနုပညာရဲုင်.တသွိုးမှု၊ ကာတွန်း၊ ကဗျာလင်္ကား၊ ဆောင်းပါး၊ ဖေးပညားလိတ်ရဲဉ်း၊ ၀တ္ထု၊ နွောင်ရာဖဲ့.မဲုင်. ဖေးကပါသွော့.လွဝင်တဲင်…..ဖေးပသာသွော့လိတ်မှူ အကျောင်. အွဉ်ဟွိုန်လွေဗားနဲင်ယိုသွူ။

ပသာဖေးလိတ်မှူ ခင်းလမ်းန၀်.
(မှတ်ချက်) ပသာတွမ်း email တဲ့လဒျားအကျောင်…….
စုံစမ်းရေးဌာန….. ခွန်သူရ 016-3424467(khunpaoh777@gmail.com)
ခွန်ရဲုင်း 017-6485659(khunyaehan007@gmail.com)
ခွန်တင်မိုးဝင်း 0172601767(naingwinkhun@gmail.com)
ခွန်စောထီး 0149139946(khunsawhti@gmail.com)

storm အသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ kick up a storm, a storm is brewing, weather the storm နဲ့ a storm in a teacup အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ kick up a storm ဖြစ်ပါတယ်။ Kick = ကန်သည်။ Up = အပေါ်ဖက်သို့။ ဒီနေရာမှာ kick ကို up (ဝိဘတ်) နဲ့ တွဲသွားထားပြီး အဓိပ္ပါယ်က အပေါ်ကိုပက်သည်၊ ဒုက္ခပေးသည် တို့ ဖြစ်ပါတယ်။ Storm = မုန်တိုင်း ဖြစ်ပြီး စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က မုန်တိုင်းတခုတိုက်ခိုက်အောင်၊ မုန်တိုင်းမွှေနှောက်အောင် လုပ်သည် ဖြစ်ပါတယ်။ သဘာဝ ဘေးဒုက္ခတခုဖြစ်တဲ့ မုန်တိုင်းတိုက်ခိုက်လာအောင် သဘာဝကပဲ လုပ်နိုင်တာဖြစ်တာကြောင့် နေ့စဉ်ဘဝမှာ မုန်တိုင်းကို ဘဝမှာကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ တုနှိုင်းပြီး ပြောဆိုထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် kick up a storm ဆိုတဲ့ အီဒီယံအဓိပ္ပါယ်က ဒုက္ခဖြစ်စေအောင်၊ ဒေါကန်အောင်လုပ်တဲ့ အပြုအမှုမျိုးကို ဆိုလိုပါတယ်။
ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
My wife Mary will kick up a storm if I am late for dinner since it’s her birthday.

ကျနော့်ဇနီး Mary က သူ့မွေးနေ့မို့ ကျနော် ညနေထမင်းစာပြန် နောက်ကျရင်တော့ ဒေါသူပုန်ထလိမ့်မယ်။
ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ a storm is brewing ဖြစ်ပါတယ်။ Storm = မုန်တိုင်း, Brewing (Brew)= အဓိပ္ပါယ်အမျိုးမျိုး ရှိပါတယ်။ ဥပမာ - အရက်ချက်လုပ်ခြင်းကို brew, တခုခုကို ဖန်တီးလုပ်ဆောင်ခြင်းကိုလည်း brew, ကော်ဖီ၊ လက်ဖက်ရည် နှပ်တာကိုလည်း brew လို့ ပြောဆိုသုံးစွဲနိုင်ပါတယ်။ Storm နဲ့ Brew ကို တွဲသုံးရင် မုန်တိုင်း အစပျိုးအောင်၊ မုန်တိုင်း စတိုက်တဲ့ အခြေအနေကို ဆိုလိုပါတယ်။ တနည်းအားဖြင့် မုန်တိုင်းကျလာတော့မယ့် အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့  အဓိပ္ပါယ်က မုန်တိုင်းအစပျိုးလာပြီ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း မုန်တိုင်းလို့ တင်စားခေါ်တဲ့ ဒုက္ခတွေ၊ ပြဿနာတွေ၊ စိတ်သောကတွေ ဒေါသသူပုန်ထဖို့ ရှိနေတယ်ဆိုရင် a storm is brewing လို့ ပြောဆိုကြပါတယ်။
ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
Have you seen our boss today? He looks very angry. You can tell a storm is brewing.

ကျနော်တို့ အရာရှိကို တွေ့မိသေးသလား။ သူကိုကြည့်ရတာ သိပ်စိတ်တိုနေပုံရတယ်။ ပြဿနာစတော့မယ် ထင်တယ်။
နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ weather the strom ဖြစ်ပါတယ်။ Weather = ဒီနေရာမှာ "ရာသီဥတု" အဓိပ္ပါယ်ရှိတဲ့ နာမ်စား (noun) အနေနဲ့ အသုံးပြုထားတာ မဟုတ်ပါဘူး။ ကြိယာ (verb) အဖြစ် အသုံးပြုထားပြီး "ခံနိုင်ရည်ရှိသည်" ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။ The storm = မုန်တိုင်း ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က မုန်တိုင်းဒဏ်/ရာသီဥတုဒဏ် ကို ခံနိုင်ရည်ရှိခြင်း ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ဘဝမှာ ကြုံတွေ့ရတဲ့ ဒုက္ခဒဏ်တွေကို မုန်တိုင်းနဲ့ တင်စားထားတာဖြစ်တဲ့အတွက်မို့ လောကဒဏ် ကို ကြံကြံခံနိုင်တာ၊ ဒုက္ခဆင်းရဲကို ခါးစည်းခံနိုင်တာ။ ကဗျာဆန်ဆန်ပြောရရင်တော့ မုန်တိုင်းဘယ်လောက် ထန်ထန်၊ ဘဲအုပ်က တရာနှစ်ရာ ရှိပါစေ၊ မဗေဒါ ပန်းပန်လျှက်ပဲ ဆိုသလို ပြောဆိုနိုင်ပါတယ်။
ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
The financial crisis in our country is expected to continue till early next year. It's important for us to weather the storm till things get better.

ကျနော်တို့ ကြုံတွေ့နေရတဲ့ စီးပွားရေးအကြပ်အတည်းက နောက်နှစ်အစောပိုင်းလောက်အထိ ဖြစ်နေလိမ့်မယ်လို့ ခန့်မှန်းကြတယ်။ ဒီအတွက် အခြေအနေကောင်းလာတဲ့အထိ ကျနော်တို့အားလုံး ကြံကြံခံနိုင်ဖို့ အရေးကြီးပါတယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက a storm in a teacup ဖြစ်ပါတယ်။ Storm = မုန်တိုင်း၊ In = အထဲမှာ၊ Teacup = လက်ဖက်ရည်ခွက် တို့ ဖြစ်ကြပါတယ်။ တိုက်ရိုက်ပြန်ဆိုရရင် လက်ဖက်ရည်ခွက်တခွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းတခု ဖြစ်ပါတယ်။ လက်ဖက်ရည်ခွက်ထဲမှာ မုန်တိုင်းတိုက်အောင်လုပ်တယ်ဆိုတဲ့ အသုံးကိုကြည့်ခြင်းဖြင့် သေးသေးလေးထဲမှာ အကြီးကြီးဖြစ်အောင် လုပ်တယ်ဆိုတာကို သိမြင်ပါလိမ့်မယ်။ ပြဿနာသေးသေးကို အကြီးကြီးဖြစ်အောင်လုပ်တာ၊ အရေးမကြီးတာကို အရေးသိပ်ကြီးတဲ့သဘောလုပ်တာ။ တော်ရုံတန်ရုံ အခြေအနေဆိုးတာကို သိပ်ဆိုးနေတဲ့ အခြေအနေပုံဆန် ချဲ့ ပြောတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် တဆိတ်ကို တအိတ်လုပ်တဲ့ သဘောဖြစ်ပါတယ်။ အထူးသဖြင့် storm ဆိုတဲ့ မုန်တိုင်းက စောစောကပြောခဲ့သလို ဒုက္ခတွေ၊ ပြဿနာတွေ ဖြစ်တဲ့အတွက်ကြောင့်လည်း ပြဿနာသေးသေးကို ပြဿနာကြီးကြီးဖြစ်အောင် လုပ်တာကို ဆိုလိုတာဖြစ်ပါတယ်။
ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။

All the reports of bird flu in our area are a storm in a teacup. It's not as serious as they say althought we have to be careful, of course.
ကျနော်တို့ဒေသမှာ ကြက်ငှက်တုပ်ကွေးနဲ့ ပတ်သက်လို့ သတင်းတွေက တဆိတ်ကို တအိတ်လို့ ပြောနေကြတယ်။ အဲဒီ သတင်းတွေထဲမှာ ဖော်ပြသလို သိပ်စိုးရိမ်စရာတော့ မရှိပေမဲ့ ဘာပဲပြောပြော သတိတော့ ထားကြရလိမ့်မယ်။

strike ဆိုင်ရာ အသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ strike a chord, strike gold နဲ့ strike while the iron is hot အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ strike a chord ဖြစ်ပါတယ်။ Strike = ရိုက်ခတ်သည်၊ တီးသည်။ A = တခု၊ Chord = တူရီယာကြိုး တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က တူရီယာကြိုးတခုကို တီးခတ်လိုက်သည် ဖြစ်ပါတယ်။ တူရီယာကြိုးကို တီးခတ်လိုက်ရင် ထွက်ပေါ်လာတဲ့သံစဉ်ကို ကြားလိုက်ရတဲ့ လူတဦးအနေနဲ့ စိတ်ထဲမှာ သတိထားလိုက်မိမယ်၊ ခံစားချက်တခုခု ပေါ်လာစမြဲ ဖြစ်ပါတယ်။ အီဒီယံ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ကြားလိုက်ရ၊ တွေ့လိုက်ရတာဟာ လူတဦးဦးမှာ ခံစားချက်ဖြစ်စေတာ၊ တခါတရံမှာလည်း ဖြစ်လေ့ရှိတာက ဒီ အသံကြားဘူးပါတယ်။ ဒီရုပ် မြင်ဘူးပါတယ်။ ဒီ စာသားမျိုး ဖတ်ဘူးပါတယ်ဆိုပြီးတော့ တခုခုကို အမှတ်ရစေတဲ့အခါမှာလည်း strike a chord အီဒီယံကို ရည်ညွှန်းသုံးစွဲနိုင်ပါတယ်။ တနည်းဆိုတော့ ဆက်စပ်မှုတခုခု ရှိနေတဲ့ သဘောဖြစ်ပါတယ်။ ဒီနေရာမှာ strike အစား touch = ထိတွေ့တယ် ဆိုတဲ့ ဝေါဟာရကို အစားထိုးပြီး touch a chord လို့လည်း ပြောဆိုနိုင်ပါတယ်။
ဒီ အီဒီယံအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
The program clearly has struck a chord with our listeners. We received a lot of letters from them saying how much they liked it.

ဒီ အစီအစဉ်ကို ကျနော်တို့ သော်တာရှင်တွေ သိသိသာသာ အတော်လေးအကြိုက်တွေ့ကြတယ်လို့ ဆိုရမှာပါ။ အဲဒီ အစီအစဉ်ကို သူတို့ ဘယ်လောက်ကြိုက်နှစ်သက်ကြသလဲဆိုရင် ကျနော်တို့ သူတို့ဆီက စာတွေအများကြီး လက်ခံရရှိခဲ့တယ်။
ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ strike gold ဖြစ်ပါတယ်။ Strike = အဓိပ္ပါယ်အမျိုးမျိုးရှိပေမယ့် ဒီနေရာမှာ ရှာတွေ့သည် လို့ အဓိပ္ပါယ်ယူထားပြီး၊ Gold = ရွှေ ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ရွှေကို ရှာဖွေတွေ့ရှိသည် ဖြစ်ပါတယ်။ ရွှေရှာဖွေ တွေ့ရှိတဲ့ တွင်းတူးသမားဆိုရင် သူဋ္ဌေးသူကြွယ် ဖြစ်ကိန်းလို့ ထင်ကြပါလိမ့်မယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ငွေရပေါက်တွေ့တာ၊ ချမ်းသာလာတာ၊ စီးပွားတက်လာတာကို ဆိုလိုပါတယ်။ ကျမတို့ မြန်မာမှာလည်း ဘယ်သူဘယ်ဝါကတော့ ရွှေတွင်းကြီး တွေ့သွားပြီ၊ ပွပေါက်တိုးသွားပြီ ပြောတာတွေ ကြားဘူးပါလိမ့်မယ်။
ဒီ အီဒီယံအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
Those business men who invested with the generals have struck gold.

ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေတော့ သူဋ္ဌေးတွေ ဖြစ်ကုန်ကြပြီ။
Strike gold နဲ့ ပတ်သက်တဲ့ အီဒီယံအသုံးကို ငွေကြေးတင်မကပဲ တခုခုနဲ့ ပတ်သက်လို့ ကိုယ့်အတွက် သိပ်ကိုအသုံးဝင်တယ်၊ ကိုယ့်အတွက် အသုံးကျမယ်ဟာရလိုက်တယ်ဆိုရင်လည်း ဒီ အီဒီယံကို သုံးစွဲနိုင်ပါတယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ strike while the iron is hot ဖြစ်ပါတယ်။ Strike = ရိုက်ခတ်သည်၊ ရိုက်ချသည်၊ While = အချိန်အတောအတွင်း၊ Iron = သံ (မီးပူ)၊ Hot = ပူသည် တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က သံပူနေတုန်း ရိုက်ချလိုက်ပါ ဖြစ်ပါတယ်။ သံဆိုတဲ့ သတ္တုကို ပုံသွင်းချင်ရင် အပူပေးပြီး ပျော့လာတော့မှ လိုရာပုံကို သံတူနဲ့ ရိုက်ခတ်ပြီး လုပ်ရပါတယ်။ ပန်းပဲအတတ်ပညာ အလုပ်လို ဖြစ်ပါတယ်။
ပန်းပဲသမားတဦးက သံထည်ပစ္စည်းကို ပုံသွင်းချင်ရင် အရင်ဆုံး သံကို အပူပေးပြီးမှ သံပြားက ပူလာတော့မှ ပန်းပဲသမားက ပန်းပဲတူနဲ့ ထုရိုက်တာကို တွေ့မြင်ဖူးမှာပါ။ အီဒီယံအသုံးကလည်း ဒီအတိုင်းပါပဲ - တခုခု လုပ်စရာရှိလျှင် အချိန်မနှောင်းခင်၊ အခွင့်အခါကောင်းတုန်းလုပ်ဖို့ ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။
Strike while the iron is hot အီဒီယံအပြင် စကားပုံလည်း ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာလည်း မိုးရွာတုန်းရေခံ၊ လသာတုန်း ဗိုင်းငင်၊ အချိန်ရှိခိုက် လုံလစိုက် ဆိုတဲ့ စကားပုံမျိုးတွေလို ဖြစ်ပါတယ်။ ဒီနေရာမှာ အခွင့်အခါကောင်းတုန်း လက်လွတ်မခံဘို့ကို ပြောဆိုခြင်း ဖြစ်ပါတယ်။
ဒီ အီဒီယံအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
You have to strike while iron is hot and invest in oil company’s stocks. Oil prices have skyrocketed because of a crisis in the Middle East.

ရေနံကုမ္မဏီတွေရဲ့  စတော့ဈေးတွေမှာ ရင်းနှီမြုပ်နှံဖို့ အကောင်းဆုံးအချိန်မှာ လက်လွတ်မခံနဲ့။ အရှေ့ အလယ်ပိုင်း ပဋိပက္ခကြောင့် ရေနံဈေးနှုန်းတွေဟာ မိုးထိုးနေပြီ။

run ဆိုင်ရာ အာဒီယမ် အသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ runs in the blood, runs in the family, run amok နဲ့ run for the money အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ runs in the blood ဖြစ်ပါတယ်။ Runs = အဓိပ္ပါယ်အမျိုးမျိုးရှိပေမယ့် ဒီနေရာမှာ ‘စီးဆင်းတယ်’၊ In = အထဲမှာ၊ Blood = သွေး တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က သွေးထဲမှာ စီးဆင်းနေသည် ဖြစ်ပါတယ်။ အီဒီယံအသုံးကတော့ ကျမတို့ မြန်မာမှာလည်း ရှိတဲ့ မျိုးရိုက်အလိုက်ဖြစ်နေတာ၊ သွေးထဲပါနေတာ၊ ဗီဇကပါနေတယ်ဆိုတဲ့ အသုံးအနှုန်းလို ဖြစ်ပါတယ်။ ဒီနေရာမှာ blood အစား မိသားစု အဓိပ္ပါယ်ရတဲ့ family ကို အစားထိုးပြီးတော့ runs in the family လို့ ပြောဆိုသုံးနှုန်းနိုင်ပါတယ်။
ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
High blood pressure runs in our family. So, we have to be careful to eat less salty food and exercise regularly.

ကျနော်တို့ မျိုးရိုးထဲမှာ သွေးတိုးရှိကြတယ်။ ဒါကြောင့် ကျနော်တို့ အစားအသောက်ကို သတိထားရမယ်၊ အငန်လျှောစားရမယ်၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ရမယ်။
ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ run amok ဖြစ်ပါတယ်။ Run = ပြေးသည်၊ Amok =  (ဒီ ဝေါဟာရက မလေးရှား စကားက ဆင်းသက်လာတာဖြစ်ပြီး) ဒေါသကြီးလွန်းလို့ စိတ်မထိန်းနိုင်ဘဲ ထင်ရာစိုင်း သောင်ကျန်းခြင်းမျိုး ဖြစ်ပါတယ်။  ဒေါသအတိုင်းအတာ၊ စိတ်မထိန်းနိုင်မှု အတိုင်းအတာကလည်း အသုံးပြုတဲ့ အနေအထားပေါ်မှာ မူတည်ပါတယ်။ ဥပမာ ခွေးတကောင်က အိမ်ထဲမှာ ပစ္စည်းတွေကို ကိုက်ဖျက်နေတာ ပွနေတာပဲ၊ ရစရာမရှိဘူးဆိုရင်လည်း The dog run amok လို့ ပြောလို့ရသလို။ လူတဦး ဒေါသကြီးပြီး မြင်မြင်ရာကို ဒါးနဲ့လိုက်ခုတ်နေတာကိုလည်း He run amok လို့ ပြောလို့ရပါတယ်။
ဒီအသုံးဆင်းသက်လာတက မလေးရှားစကားကဆိုတာကို အထက်မှာပြောခဲ့သလို အင်္ဂလိပ်စကားမှာ နိုင်ငံခြားဘာသာတွေကနေ ငှားသုံးထားတဲ့ ဝေါဟာရတွေထဲမှာ ဒီအသုံးကလည်း စကားလုံးတလုံး ဖြစ်ပါတယ်။ နောက်ပိုင်း ဗြိတိသျှ ကိုလိုနီဖြစ်ခဲ့တဲ့ အိန္ဒိယမှာလည်း ဒီအသုံးကို ဆက်သုံးလာခဲ့ပြီး ဆင်မုန်ယိုပြီး မြင်သမျှကို လိုက်ဖျက်ဆီးနေတာကိုလည်း The elephant run amok လို့ ပြောကြပါတယ်။ အထူးသဖြင့် အာရှဝေါဟာရကို အခြေခံတဲ့ ဒီအသုံးကို ကိုလိုနီခေတ်က ဝတ္ထုဆောင်းပါးတွေ၊ ကဗျာတွေ ရေးသားခဲ့တဲ့ ဗြိတိသျှစာရေးဆရာကြီး Rudyard Kipling က အသုံးများ ရေးသားခဲ့တယ်လို့ ဆိုကြပါတယ်။ နောက်ပိုင်း နေ့စဉ်မှာတော့ လူတွေ ပရမ်းပတား လျှောက်ရမ်းနေတာကို ရည်းညွှန်သုံးသလို၊ စံနစ်တခု ဖြစ်ချင်ရာဖြစ်နေရင်လည်း run amok လို့ သုံးနိုင်ပါတယ်။
ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
When his client was refused billed by the court, the lawyer said the justice system has run amok.

သူ့ အမှုသည်ကို တရားရုံးက အာမခံပေးဖို့ ငြင်းဆိုလိုက်တော့ ရှေ့ နေဖြစ်သူက တရားရေးစံနစ်ဟာ ဖြစ်ချင်ရာဖြစ်နေတယ်လို့ ပြောဆိုလိုက်တယ်။
နောက်ဆုံးတင်ပြပေးမယ့် စကားလုံးမှာ run for the money ဖြစ်ပါတယ်။ Run = ပြေးသည်၊ For = အတွက်၊ Money = ငွေ တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ငွေအတွက် ပြေးခိုင်းသည် ဖြစ်ပါတယ်။ အီဒီယံအသုံးမှာတော့ အဓိပ္ပါယ် နှစ်မျိုး ရှိပါတယ်။ ပထမအဓိပ္ပါယ်က ကိုယ်ပေးတာထက် ပြိုင်ရတာ တန်တဲ့သဘော ဖြစ်ပါတယ်။
ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I am lucky this week. The stock market was strong. So, I ran for my money in the stock.

ဒီသတင်းပတ် ကျနော်ကံကောင်းတယ်။ စတော့ ဈေးကွက်က အားကောင်းတယ်။ ကျနော်စတော့ထဲ ရင်းနှီးမြုပ်နှံထားတာ အမြတ်ရလိုက်တယ်။
ဒုတိယ အဓိပ္ပါယ်ဖြစ်တဲ့ ပြိုင်တဲ့နေရာမှာ ကိုယ်ပြိုင်ဖက်က အကြိတ်အနယ်ဖြစ်ရတယ်၊ မနည်းကြိုးစားရတယ်၊ အတော်လေး ကြိုးစားယူရတဲ့ အခြေအနေမျိုးဆိုရင်လည်း ဒီစကားလုံး အသုံးအနှုန်းကို အသုံးပြုပြောဆိုနိုင်ပါတယ်။
ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
John got a run for his money playing cards with Tom. He’s lucky he got back the money he was losing at first.

John က Tom နဲ့ ဖဲကစားတာ မနည်းနိုင်အောင် ကစားယူရတယ်။ သူ ကံကောင်းလို့ အစောပိုင်းမှာ ရှုံးထားတဲ့ငွေတွေကို ပြန် အနိုင်ယူကစားနိုင်ခဲ့တယ်။

အချိန်ဆိုင်ရာ အင်္ဂလိပ်အသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ big time, in the nick of time နဲ့ the time of your life တို့ ဖြစ်ပါတယ်။

အခုလို အချိန်ကာလမှာ လူအများစုဟာ New Year Resolution(s) ခေါ်တဲ့ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဖြစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချလေ့ရှိသလို ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင်ကျော်ထိစောင့်ပြီး နှစ်သစ်ကိုကြိုဆိုတဲ့ ပျော်ပွဲရွှင်ပွဲပါတီပွဲတွေကို ဆင်နွှဲကြလေ့ ရှိပါတယ်။ ဒါကြောင့်မို့ နှစ်သစ်ကို ကြိုဆိုတဲ့ ပါတီပွဲတွေနဲ့လိုက်ဖက်တဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ Big Time ဖြစ်ပါတယ်။ Big = ကြီးမားသော၊ Time = အချိန် တို့ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  လုံးကောက် အဓိပ္ပါယ်ကတော့ ကြီးမားသောအချိန် ဖြစ်ပါတယ်။  အီဒီယံအဓိပ္ပါယ်အရတော့ အဓိပ္ပါယ် နှစ်မျိုး ရှိပါတယ်။ အပျော်ကြီးပျော်တဲ့အချိန် ဖြစ်သလို ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးတွေ တို့အဖြစ် သုံးစွဲပြောဆိုနိုင်ပါတယ်။

George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I really had a big time at the New Year party I went to last year. The food was great, and I got to meet some  big time people like Senators, and other important people like that.

ပြီးခဲ့တဲ့ တနှစ်က နှစ်သစ်ကူးပါတီ သွားတုန်းက အပျော်ကြီးပျော်လိုက်တာဗျာ။ အစားအသောက်ကလည်း ကောင်းပေ။ ဒါအပြင် အထက်လွှတ်တော်အမတ်တွေ နဲ့ တခြားအရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း တွေ့ဆုံခွင့်ရခဲ့တယ်။
ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ In the Nick of Time ဖြစ်ပါတယ်။ အချိန်မှီ လက်မတင်လေး လို့ အီဒီယံအဓိပ္ပါယ်ရှိပါတယ်။

ပါတီပွဲ လွတ်မလို့ လက်မတင်လေး မှီလိုက်တဲ့ George Crows တင်ပြပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
We had a flat tire on our way to Henry's party, but we still got there in the nick of time five minute to twelve. Just in time to raise the glass and say hello to the New Year.

Henry ရဲ့  ပါတီပွဲအသွားလမ်းမှာ ကားဘီးပေါက်သွားခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ၁၂ နာရီထိုးဖို့  ၅ မီနစ်အလို နှစ်သစ်ကို အရက်ခွက်မြောက်ပြီး ကြိုဆိုဖို့ အချိန်မီ လက်မတင်ကလေး ရောက်သွားခဲ့တယ်ဗျာ။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ The Time of Your Life ဖြစ်ပါတယ်။ ဒီနေရာမှာ ရွေးထုတ်ပြီး စာလုံးပေါင်းကို တင်ပြလိုပါတယ်။ Time နဲ့ Life တို့ ဖြစ်ကြပါတယ်။ The time of life က ဘဝမှာ ကြုံတောင့်ကြုံခဲ အပျော်ကြီးပျော်ရတဲ့အချိန် လို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။

George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
It was a New Year Eve in 1941. But, I still remember it like it's yesterday. I went to that party and had a time of my life because I met the beautiful girl I have been married to for fifty years.

၁၉၄၁ ခုနှစ် နှစ်သစ်ကူးမတိုင်ခင် တရက်အလိုပေါ့။ မနေ့တနေ့ကဖြစ်တဲ့ အဖြစ်အတိုင်းလိုပါပဲ။ မှတ်မီပါသေးတယ် ကျနော်ပါတီတခုကို သွားတယ်။ တသက်တာမှာ အပျော်ဆုံး အချိန်ကို ဆင်နွှဲခဲ့တယ်။ အကြောင်းကတော့ အဲဒီပါတီမှာ အလွန်လှပတဲ့ မိန်းမချောလေးတယောက်ကို တွေ့ဆုံခဲ့ပြီး သူမနဲ့ ကျနော် လက်ထပ်နေထိုင်ခဲ့တာ နှစ်ပေါင်း ငါးဆယ်တောင် ကြာရှိခဲ့ပြီ။

ုလက်ကိုင်ဖုန်းနဲ့ လူ့ ဦးနှောက်

လက်ကိုင်ဖုန်းသုံးတာ ရေပန်းစားလာနေပါတယ်။ တချို့ အတွက်ဆိုရင် မရှိမဖြစ်ပစ္စည်း ဖြစ်နေပါပြီ။ ဒါပေမဲ့ တချို့ ကြတော့ တချိန်လုံးနီးပါး လက်ကိုင်ဖုန်း ပြောတတ်ကြပါတယ်။ လက်ကိုင်ဖုန်းကို မိနစ် ၅၀ ကျော် ဆက်တိုက် နားနဲ့ ကပ်ပြီးပြောရင် ဦးနှောက်ထဲက ဆဲလ် (cell) တွေ အလုပ်လုပ်တာ ရုတ်တရက် ထမြန်လာတယ်လို့ စမ်းသပ်တွေ့ရှိ လိုက်ပါတယ်။ ဒါပေမဲ့ အခုလို မြန်လာတာကြောင့် လူ့ရဲ့  ကျန်းမာရေးကို ထိခိုက်နိုင်မှုရှိ၊ မရှိကိုတော့ မပြောနိုင်သေးပါဘူး။ လေ့လာစမ်းသပ်မှု့တွေ ဆက်လုပ်ရဦးမှာပါ။

ဒါပေမဲ့ အခုတွေ့ရှိချက် အသစ်ကြောင့် လက်ကိုင်ဖုန်း ဘယ်လို ပြောသင့်တယ် ဆိုတာကို ချင့်ချိန် စဉ်းစားနိုင်ကြမှာပါ။

ဒီ အကြောင်းအသေးစိတ်ကို ဗွီအိုအေ သတင်းထောက် ဂျက်စီကာ ဘာမဲန် (Jessica Berman) နဲ့ ဗီဒူရှီ စင်န်ဟာ (Vidushi Sinha) တို့ သတင်းပို့ထားတာကို စုစည်းပြီး၊ ကိုဝင်းမင်းက စိတ်ပိုင်းဆိုင်ရာ အထူးကု ဆရာဝန် ဒေါက်တာမြစပယ် ကို မေးမြန်းတင်ပြထားပါတယ်။

သူငယ်ပြန်မှုနဲ့ နှလုံးခုန်မမှန်မှု

အသက်ကြီးလာရင် ပုံမှန်အားဖြင့် နဲနဲမေ့တတ်လာကြပါတယ်။ ဒါပေမဲ့ Dementia ခေါ် သူငယ်ပြန်ရောဂါ ဖြစ်ရင်တော့ အတော်များများကို မေ့ကုန်ပြီး၊ မစဉ်းစားနိုင်တာ နဲ့ မခံစားနိုင်တာတွေဖြစ်ပြီး၊ နောက်ဆုံးမှာ အားလုံးကို မေ့ကုန်ပြီး နေ့စဉ်လုပ်နေကြ စားသောက်တာ၊ ရေချိုးအဝတ်လဲတာတွေတောင် မလုပ်တတ်တော့ဘဲ ကလေးငယ်တယောက်ကို လုပ်ပေးရသလို ဖြစ်သွားပါတယ်။

သူငယ်ပြန်မှု့ ဟာ Atrial Fibrillation (AF) ခေါ် နှလုံးခုန်မမှန်တဲ့ ရောဂါရှိသူတွေမှာ နှစ်ဆကျော်ပို ဖြစ်နိုင်တယ်လို့ ဗြိတိန်နိုင်ငံ East Anglia တက္ကသိုလ် Norwich ဆေးကျောင်းက သုတေသီတွေက ရှာဖွေတွေ့ရှိလိုက်ပါတယ်။  ဒီအကြောင်းကို အမေရိကန်နိုင်ငံ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာအဖွဲ့ရဲ့  ဂျာနယ်မှာ ဖော်ပြခဲ့ပြီး၊ ကမ္ဘာ့ သတင်းမီဒီယာတွေထဲမှာလည်း တွေ့ခဲ့ရပါတယ်။

ဒီအကြောင်းအသေးစိတ်ကို သိရှိနိုင်ဖို့ ကိုဝင်းမင်း က ဒီ လေ့လာမှု့ကို ဦးဆောင်လုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံ ဆေးတက္ကသိုလ်မှ အကြီးတန်းပါမောက္ခ နဲ့ အသက်ကြီးသူများဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာဖြိုးကျော်မြင့် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

အရက်သောက်ခြင်း ပြဿနာ

အရက် အလွန်အကျွံသောက်မှု့နဲ့ ပတ်သက်တဲ့ ပြဿနာတွေကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် လူပေါင်း ၂.၅ သန်း သေဆုံးနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒီအထဲမှာ လူငယ်လူရွယ်တွေက အများစုပါ။ ၁၅ နှစ်နဲ့ ၂၉ နှစ်ကြား အရွယ် လူငယ်ပေါင်း ၃၂၀,၀၀၀ တောင် အရက်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကြောင့် နှစ်စဉ်သေနေရပါတယ်။ မသေသင့်သေးတဲ့အချိန် ငယ်ငယ်ရွယ်ရွယ်မှာ သေခဲ့ကြရတာမို့ နှမျောစရာ၊ စိတ်မကောင်း ဖြစ်စရာပါတယ်။

ဒီ ပြဿနာဟာ အထူးသဖြင့် အာရှနဲ့ အာဖရိကကလို ဖွံဖြိုးဆဲနိုင်ငံတွေမှာ ပိုဆိုးတယ်လို့ ဆိုပါတယ်။ အရက် အလွန်အကျွံသောက်မှု့နဲ့ ပတ်သက်တဲ့ ဘယ်အဓိက ပြဿနာတွေကြောင့် အခုလို သေကျေထိခိုက်မှု့တွေ ဖြစ်နေရတာပါသလဲ။ အလွန်အကျွံ အရက်မသောက်ဖြစ်အောင် ဘယ်အချက်တွေကို သိထားဖို့လိုပါသလဲ။

ဒီအကြောင်းတွေကို သိရှိနိုင်ဖို့ VOA သတင်းထောက် ရှယ်လီ ဂူးလပ်စ် (Shelly Gollust) သတင်းပို့ထားတာနဲ့ အမေရိကန်နိုင်ငံ မေရီလင်းပြည်နယ်က အရွယ်ရောက်သူဆိုင်ရာ ဆေးပညာရှင် ဒေါက်တာ ကောလင်း စိန် (Collin Sein) ကို မေးမြန်းထားတာတွေကို စုစည်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။

ဦးခွန်ထွန်းဦး ကို သူရဲကောင်း အဖြစ်ဂုဏ်ပြု

ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးကို မြန်မာနိုင်ငံထဲက တိုင်းရင်းသား အဖွဲ့တွေက စုပေါင်းပြီး သူရဲကောင်းအဖြစ် ဂုဏ်ပြုလိုက်ကြပါတယ်။ ဒီဂုဏ်ပြုပွဲ အခမ်းအနားကိုတော့ မနေ့က ရန်ကုန်မြို့မှာရှိတဲ့ ဦးခွန်ထွန်းဦးရဲ့ နေအိမ်မှာ ကျင်းပခဲ့ကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားးပါတယ်။
ကချင်ပြည်နယ် ပူတာအိုထောင်မှာ ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေဟာ တိုင်းရင်းသားတွေအားလုံး အတွက်ရော မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းသူတွေ အားလုံးအတွက်ပါ စံပြသူရဲကောင်းတယောက် ဖြစ်တယ်လို့ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒါကြောင့် ဦးခွန်ထွန်းဦးကို တိုင်းရင်းသား အဖွဲ့တွေရဲ့ သူရဲကောင်းအဖြစ် ဂုဏ်ပြုဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့ ဒီအခမ်းအနားကို စီစဉ်သူတွေထဲက တဦးဖြစ်တဲ့ ချင်းအဖွဲ့က ဦးထောင်ကိုထန်းက ပြောပါတယ်။
“ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားတွေက နိုင်ငံရေး အကျဉ်းသားတွေကို လေ့လာတဲ့ အခါကြတော့ ခွန်ထွန်းဦးက အချက် ၅ ချက်နဲ့ ပြည့်စုံတဲ့အတွက် သူ့ကို သူရဲကောင်းဆု ချီးမြှင့်ရအောင် ဆိုပြီးတော့ ကျနော်တို့ အဲဒီအစီအစဉ်ကို လုပ်လိုက်တာ ဖြစ်ပါတယ်။
“၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ဒုတိယ အများဆုံး လွှတ်တော်နေရာ ရရှိခဲ့တဲ့ SNLD ပါတီဥက္ကဋ္ဌ ဖြစ်ခြင်း၊ နံပါတ် ၂ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခြင်း၊ နံပါတ် ၃ ကမ္ဘာ့သမိုင်းတွင် တန်းတူရေးနဲ့ ဒီမိုကရေစီရေးအတွက် ရက်အရှည်ကြာဆုံး ထောင်ဒဏ် ၉၃ နှစ် ကျခံရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နိုင်ငံရေး အကျဉ်းသား ဖြစ်ခြင်း၊ နံပါတ် ၄ မြန်မာ့နိုင်ငံရေး ပြဿနာ အမျိုးမျိုးကို နိုင်ငံရေးနဲ့ ဖြေရှင်းမည်ဆိုလျှင် မရှိမဖြစ် ပါဝင်ရမယ့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တဦး ဖြစ်ခြင်း၊ နံပါတ် ၅ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များအနက် တိုင်းသိ ပြည်သိ နိုင်ငံတကာသိ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်တဦး ဖြစ်ခြင်း ဆိုပြီးတော့ အဲဒီ အချက် ၅ ချက်နဲ့ ပြည့်စုံတဲ့ ဦးခွန်ထွန်းဦးကို Nationalities Hero Award နဲ့ အထိုက်တန်ဆုံး ပုဂ္ဂိုလ်ဖြစ်၍ ဤဆုကို ချီးမြှင့် ဂုဏ်ပြုခြင်း ဖြစ်သည် ဆိုပြီး ကျနော်တို့က အချက် ၅ ချက် အပေါ်မှာ ရွေးပြီးတော့ ဂုဏ်ပြုတဲ့ဆုကို ချီးမြှင့်တာပေါ့ဗျာ။”
ဦးခွန်ထွန်းဦးဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ဥက္ကဋ္ဌ ဖြစ်သလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်ပြီး အမျိုးသားညီလာခံကို တက်ခဲ့သူ ဖြစ်ပေမဲ့ ဒါတွေဟာ နိုင်ငံကို အပြောင်းအလဲ အစစ်အမှန် မဖြစ်နိုင်တာကို သိတဲ့အတွက် အာဏာကို စွန့်လွှတ်ခဲ့သူလည်း ဖြစ်ပါတယ်။
“ခွန်ထွန်းဦးက အနစ်နာခံတဲ့ ခေါင်းဆောင်ကောင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်း အမျိုးသားညီလာခံ တက်တယ်၊ ၀န်ကြီးတနေရာ သူရမှာပဲလေ၊ ကြံ့ဖွံ့နဲ့ ပေါင်းမယ်ဆိုရင်။ ဒါပေမဲ့ ဒီလိုမဟုတ်ဘူး။ သူက ဒီမိုကရေစီအတွက် တစိုက်မတ်မတ် ရပ်တည်ပြီးတော့ ဒီမိုကရေစီအတွက်၊ တိုင်းရင်းသား အခွင့်အရေးအတွက်၊ နအဖကလည်း သူ ဆက်ပြီး အမျိုးသားညီလာခံ မတက်တော့ဘူးဆိုတာ သိတဲ့အခါကျတော့ သူ့ကို ညီလာခံကို သစ္စာဖောက်တယ် ဆိုပြီးတော့ ထောင်ဒဏ် ၉၃ နှစ် ချတယ်လို့ ကျနော်တော့ ယူဆတယ်။”
ဒီလို အာဏာကို မမက်မောခဲ့သူတဦး ဖြစ်သလို ဝေးလံလှတဲ့ ကချင်ပြည်နယ်က ပူတာအိုထောင်မှာ မြန်မာနိုင်ငံအတွက်၊ တိုင်းရင်းသားတွေအတွက် တိုက်ပွဲဝင် ရပ်တည်နေမှုဟာ အများ နမူနာ ယူစရာ၊ ဂုဏ်ယူစရာတွေထဲက အဓိက အကြောင်းရင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ငွေကြေးလည်း ချမ်းသာတယ်။ ဒါပေမဲ့ နိုင်ငံရေးကို တစိုက်မတ်မတ် အနစ်နာခံပြီးတော့ ထောင်နန်းစံမယ့် လမ်းကို ရွေးတယ်ဆိုတာ အနစ်နာခံမှု တခုပဲလေ။ နိုင်ငံရေး အကျဉ်းသား ခံယူပြီးတော့ ရပ်တည်နေတာကို ကြည့်ခြင်းအားဖြင့် သူဟာ အင်မတန်မှ နိုင်ငံရေးမှာ ပြည်သူတွေရဲ့ ကိုယ်စား ရပ်တည်ပေးနိုင်တယ်၊ ဒီမိုကရေစီအတွက် ရပ်တည်ပေးနိုင်တယ် ဆိုတာ သိရတဲ့ အခါကျတော့ ခေတ်သစ် နိုင်ငံရေးသမားတွေ၊ လူငယ်တွေအတွက် စံနမူနာကောင်းတယောက် ဖြစ်တယ်ဆိုတဲ့ဟာကို၊ သူရဲကောင်းတယောက် ဖြစ်တယ်ဆိုတာ ကျနော်တို့ တိုင်းရင်းသား အနေနဲ့ ဆုပေးတာပါ။”
ဒီဂုဏ်ပြုပွဲကို မွန်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကယန်း၊ ချင်း၊ ကချင်၊ ရှမ်းအပြင် ကရင်အဖွဲ့တွေ စုပေါင်းပြီး ဦးခွန်ထွန်းဦးကို သူရဲကောင်းအဖြစ် ဂုဏ်ပြုတာ ဖြစ်သလို သူနဲ့အတူ အကျဉ်းကျနေတဲ့ ရှမ်းတိုင်းရင်းသားတွေကိုလည်း ဂုဏ်ပြုပွဲပါ ပြုလုပ်ခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ ရှမ်းပြည်နယ် တိုင်းရင်းသား ခေါင်းဆောင်တွေကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က အမျိုးသားညီလာခံကို နှောင့်ယှက် ဖျက်ဆီးလိုသူများ အန္တရာယ်မှ ကာကွယ်တားဆီးရန် ဆိုတဲ့ ပုဒ်မနဲ့ ဖမ်းဆီး ထောင်ချခဲ့တာ ဖြစ်ပါတယ်။
ဦးခွန်ထွန်းဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ ပူတာအိုမှာ ရာသီဥတု အေးတဲ့ဒဏ်ကြောင့် လေးဘက်နာ ရောဂါအပြင် ဆီးကျိတ်ရောင်တဲ့ ဝေဒနာကိုပါ အပြင်းအထန် ခံစားခဲ့ရတာကြောင့် ကျန်းမာရေး အတော်လေး စိုးရိမ်ရတဲ့ အနေအထားအထိ ဖြစ်ခဲ့ပါတယ်။

ရွှေကြိဂံမြေ ငလျှင်လှုပ်ပြီး မြင်ကွင်း



တာချီလိတ် မြို့ နှင့် ၄၅ ကီလိုမီတာ ဝေးကွာသည့် မိုင်းလင်း တွင် ၇.၀ မဂ္ဂနီကျု အဆင့်ရှိ ငလျှင်ကြောင့် မြေခ သွား ခဲ့ရသည့် စေတီ ဘုရား ပုထိုးများ
မိုင်းလင်းမြို့ တွင် ငလျှင် ဒဏ်ကြောင့် အဆောက်အဦများ ပြိုပျက်နေစဉ်
တာချီလိတ်မြို့ photo-Nopatjak Attanon
တာချီလိတ်မြို့ တွင် ငလျှင် ကြောင့် နေအိမ်များ ပြိုလဲ နေသည် ကို ထိုင်း ဓာတ်ပုံဆရာ Nopatjak Attanon က မှတ်တမ်း တင်ထားစဉ်


ငလျှင် ကြောင့် မိုင်းလင်း တစ်မြို့ တည်းတွင် ပင် သေဆုံးသူ ၃၈ ဦးရှိသည် ဟု တရုတ် ဆင်ဟွာ သတင်းဌာန က ကြေငြာခဲ့သည်။
တာချီလိတ်မြို့ အား ငလျှင် လှုပ်ပြီး နောက် တစ်နေ့ တွင်တွေ့ ရစဉ် Photo: Noppatjak Attanon

တာချီလိတ် အ၀င် Photo: Noppatjak Attanon

ရှမ်းပြည်ငလျှင်နဲ့ ကယ်ဆယ်ရေး ပုံများ


မတ်လ ၂၄ ရက် ည ရှစ် နာရီ အချိန် မြန်မာ နိုင်ငံ ရှမ်း ပြည်နယ်
ကျိင်း တုံ နှင့် တာချီလိတ် ကြား လွယ်မွေ ဒေသ ကို ဗဟို ပြု ၍
အင်အား  6.9 ရစ်တာစကေး အဆင့် ရှိ လှုပ်ခတ် သွား သည့် ငလျှင်
ဒဏ်ခံ ဒေသများ မှာ အပျက်အစီးများ ၊ ကူညီကယ်ဆယ်ရေး ၊
ပျက်စီးဆုံးရှုံးမ နှင့်ဒဏ်ရာရသူများ ၏ ဓာတ်ပုံများ ကို ဤနေရာတွင် ကြည့်ပါ။

Wednesday, March 30, 2011

အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆို

စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်သည် မတ်လ ၃၀ ရက်တွင် တနိုင်ငံလုံး၌ တပြိုင်တည်း ကျမ်းသစ္စာ ကျိန်ဆိုပွဲပြုလုပ်မည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

Myanmar-Prime-Minister-Lieutenant-General-Thein-Sein-2
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရန်ကုန်မြို့ လမ်းဖွင့်ပွဲတခုတွင် မိန့်ခွန်းပြောနေသော အစိုးရသစ်ခေါင်းဆောင် ဝန်ကြီးချုပ် ဦးသိန်းစိန်ကို တွေ့ရစဉ် (ဓာတ်ပုံ - အေပီ)

“မနက်ဖြန် ၁၀ နာရီအရောက်လို့ ဖိတ်စာပေးထားပါတယ်၊ ဒါပေမယ့် ကျမ်းကျိန်ပွဲ လုပ်မယ်ဆိုတာက လွဲပြီး ဘယ်အချိန်၊ ဘယ်လို ဆိုတာကို ဘာမှသေချာ မသိရသေးပါဘူး”ဟု ချင်းအမျိုးသား ပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီကို ပြောသည်။

ပြည်နယ် ကိုယ်စားလှယ်များအား ဖိတ်ကြားစာ၌ မည်သည့် အကြောင်းအရာမှ ရေးမထားဘဲ နံနက် ၁၀ နာရီ အရောက် အစည်းအဝေး တက်ရောက်ရန်ဟုသာ ရေးသားထားကြောင်း သိရသည်။

“ကျမ်းကျိန်မယ်ဆိုတာ သေချာပြောတာမဟုတ်ပေမယ့် နောက်နေ့ အစည်းအဝေးလုပ်မယ်ဆိုရင် ကြိုပြောတယ်၊ ကြံ့ခိုင်ရေး အမတ်တွေ အပြောအရ ကျမ်းကျိန် မယ်ဆိုတာ သိရတာပါ”ဟု နေပြည်တော်ရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး က ဧရာဝတီ ကိုပြောသည်။

မနက်ဖြန်ပြုလုပ်မည့် ကျမ်းကျိန်ပွဲ၌ အစိုးရသစ်တွင် တာဝန်ထမ်းဆောင်ကြမည့် ၀န်ကြီးဌာနနှင့်ဝန်ကြီးများ၏ အမည်စာရင်း ကိုပါ ပူးတွဲ ကြေညာသွားမည်ဟု သိရကြောင်း ကိုယ်စားလှယ်များက ပြောသည်။

ဝန်ကြီးအမည်နှင့်ဌာနကို တွဲဖက်မသိရသေးသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်ရှိဝန်ကြီး ဦးကျော်ဆန်း၊ ကျန်းမာ ရေး ၀န်ကြီးဌာနကို ဒေါက်တာ ဖေသက်ခင်၊ ဌာနအသစ်ဖြစ်သော စက်မှုနှင့်ဖွံ့ဖြိုးရေးဌာနကို UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က တာဝန်ယူမည်ဟု သတင်းများထွက်နေကြောင်း နေပြည်တော်ရှိ ကိုယ်စားလှယ်များက ပြောသည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနကို ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင် က တာဝန်ယူမည်ဟု သိရပြီင်္း လက်ရှိ တာဝန်ယူထားသော ၀န်ကြီးအများစု က ၎င်းတို့၏ လက်ရှိဝန်ကြီး ဌာန၌ပင် ဆက်လက်တာဝန်ယူသွားကြမည်ဟု သိရသည်။

“လုပ်လက်စတွေ ဖြစ်နေတာရယ်၊ အတွေ့အကြုံရှိတာတွေကြောင့် သူ့တို့နေရာ သူတို့ပဲ ပြန်ခန့်ထားမယ်လို့ သိရတယ်”ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ ကိုယ်စားလှယ်တဦးက ပြောသည်။

အစိုးရသစ်သည် ဧပြီ လဆန်း ၁ ရက်မှ စတင်၍ တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အစိုးရသစ် ကျမ်းကျိန်မည့် အကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များအား အသိမပေးခြင်းနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအင်အားစု(NDF)၏ ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က“အခုကာလက တပ်မတော်ကနေ သမ္မတ စနစ်ကို
ပြောင်းတဲ့ကာလဆိုတော့ ဝေဖန်လို့ မရသေးဘူးပေါ့၊ နောင်လာမည့် အစည်းအဝေးတွေမှာတော့ ဒီလိုကိစ္စမျိုးကို ပွင့်ပွင့် လင်းလင်းထောက်ပြလို့ ရမှာပါ”ဟု ဆိုသည်။

အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုမည့်အကြောင်းအား ကိုယ်စားလှယ်များကို အသိမပေးခြင်းပေါ် နားမလည်နိုင်ဟု ကိုယ်စားလှယ်များက ဆိုသည်။

“ဒု ၀န်ကြီးခန့်ထားမယ့် အငြိမ်းစား ဗိုလ်မှူးတွေ၊ ဗိုလ်မှူးကြီးတွေလည်း လွှတ်တော်ထဲမှာ ဧည့်သည်အဖြစ် တက်ရောက် လာနေကြတာ တွေ့ရတယ်၊ မနက်ဖြန် အသေးစိတ် ကြေညာသွားမယ် ထင်တယ်”ဟု RNDP ကိုယ်စားလှယ်က ပြောသည်။

မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့်  တပ်မတော်နေ့အား ခမ်းနားစွာ မကျင်းပခြင်းကို ငွေကုန်ကျမှု သက်သာ သည်ဟု သာ လွှတ်တော်ကိုယ်စားလှယ်များက ယူဆပြီး စိတ်ဝင်စားမှု မရှိကြကြောင်း၊ စစ်တပ်ကို ခမ်းနားစွာ ထုတ်မသုံးသော်လည်း စစ်တပ်ကသာ ဆက်လက် အုပ်ချုပ်နေသည့် သဘောကို လွှတ်တော် အစည်းအဝေးများက သက်သေပြသွားကြောင်း ကိုယ်စားလှယ်များက ဝေဖန်ကြသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် အစိုးသစ်၏ ကျမ်းကျိန်ပြီးသည်နှင့်မိမိတို့ အိမ်ကိုပြန်ရန် အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ် သည်ဟု ကိုယ်စားလှယ်များက ပြောသည်။ ၎င်းတို့၏ အပြန်ခရီးစရိတ်နှင့် ခရီးစဉ်အတွက် အဆင်သင့် စီစဉ်ထားပြီး ဖြစ်သည် ဟုလည်း ပြောဆိုကြသည်။

အစိုးသစ်တာဝန်ယူတော့မည်ဖြစ်၍ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူသော ဆိုင်းဘုတ်များကို ရန်ကုန် နှင့် တခြားသော ဒေသများ၌ ယနေ့တွင်ဖြုတ်ချခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟု ဆိုင်းဘုတ်သစ်များကို ပြောင်းလဲ တပ်ဆင် လိုက် ကြောင်း သိရသည်။

အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို နိုင်ငံတကာ၌ ခမ်းနားစွာကျင်းပပြီး ပြည်တွင်းပြည်ပ မီဒီယာများ၊ ရုပ်သံများကို ဖိတ်ကြား၍ ထုတ်လွှင့်ပြသလေ့ ရှိသော်လည်း စစ်တပ်မှ သမ္မတ စနစ်သို့ကူးပြောင်း၍ ဒီမိုကရေစီ လမ်းကြောင်းကို သွားမည်ဟု ကြွေးကြော်နေသော မြန်မာစစ်အစိုးသည် သတင်းမီဒီယာကို အမှောင်ချထားဦးမည်ဟု ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာန သတင်းထောက် တဦးက ဆိုသည်။

မီဒီယာကို ထိန်းချုပ်ထားသော စစ်အစိုးရ၏ စာပေစိစစ်ရေး ညွန်ကြားရေးမှူး ဖြစ်ခဲ့သူ ဦးတင့်ဆွေကမူ အနုပညာ ရသ သုတ၊ အားကစား၊ ကလေးစာပေ၊ ဂမ္ဘီရ၊ ကျန်းမာရေး၊ နည်းပညာ စသည့် အမျိုးအစားများကို စာပေစိစစ်ရေးသို့ တင်ပြစရာ မလို တော့ ဘဲ ထုတ်ဝေခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ သတင်းစာ၏ လွတ်လပ်ခွင့်သည် အစိုးရသစ် အပေါ်မူတည်ကြောင်း ပြည်တွင်း မီဒီယာများကို ပြောဆိုထားသည်။

“တင်ပြစရာ မလိုတော့ဘူး ဆိုတဲ့စာတွေက ကလေးစာပေတွေ၊ နိုင်ငံရေး မဟုတ်တဲ့ စာပေတွေပါ၊ ဒါကို စိစစ်ရေး မတင်ရတာ သတင်းစာ လွတ်လပ်ခွင့်ပေးတာမှ မဟုတ်ဘဲ”ဟု အထက်ပါ သတင်းထောက်က ပြောသည်။

ရှမ်းပြည်အရှေ့ ပိုင်း ငလျှင်ကြောင့် လူ ၁၅၀ ထက်မနည်း သေဆုံး

ရှမ်းပြည်အရှေ့ပိုင်းတွင် မတ်လ ၂၄ ရက်နေ့၌ လှုပ်ခတ်သွားသော အားပြင်းငလျင်နှင့် နောက်ဆက်တွဲ ငလျင်များကြောင့် သေဆုံးသူ အနည်းဆုံး ၁၅၀ အထိ မြင့်တက်နိုင်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများပိုမိုလုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း သိရသည်။

ပြင်းအားအဆင့် ၇ ရှိ ငလျင်ကြောင့် သေဆုံးသူ ၇၃ ဦးရှိကြောင်း စစ်အစိုးရ မီဒီယာများက ဖော်ပြထားသော်လည်း မတ်လ ၂၅ ရက်နေ့အထိ နောက်ဆက်တွဲ လှုပ်ခတ်နေသော ငလျင်ငယ်များကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသော ဒေသခံများက ပြောသည်။

shanQuak01
သေဆုံးသွားသူများအတွက် တာလေသို့ ခေါင်းတလားများ သယ်ပို့နေကြစဉ် (ဓာတ်ပုံ - Sai Ngaotai/Facebook)
“ကြာသပတေးနေ့ ငလျင်နဲ့ သောကြာနေ့တွေမှာ ဆက်ဖြစ်နေတဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် တာလေနဲ့ မိုင်းလင်းလို ငလျင်ဒဏ် အဆိုးဆုံးထိတဲ့ နေရာတွေမှာ အနည်းဆုံး လူ ၁၅၀ လောက် သေနိုင်တယ်” ဟု တာချီလိတ်မြို့မှ ဒေသခံ ကြက်ခြေနီ အဖွဲ့ဝင်တဦးက ပြောသည်။

“ပြိုကျ ပျက်စီးနေတဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ရေး အလုပ်သမားတွေနဲ့ ဒေသခံတွေက ဆက်ရှာနေတုန်းပါ။ လေ့ကျင့်ပေးထားတဲ့ အနံ့ခံခွေးတွေလို အပါအဝင် ကိရိယာစုံစုံလင်လင် မရှိတာနဲ့ အတွေ့အကြုံ မရှိကြတာရယ်ကြောင့် အခက်အခဲတွေ အများကြီးတွေ့ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်မှ ဒေသခံများနှင့် ထိုင်းနယ်စပ်မြို့ မယ်ဆိုင်မှ ဒေသခံများက ငလျင်ဒဏ်ခံရသူများအတွက် အစားအသောက်နှင့် အထောက်အပံ့ပစ္စည်းများ စုဆောင်းပေးပို့နေကြောင်း၊ ရှမ်းပြည်နယ်ရှိ တခြားမြို့နယ်များမှလည်း အလှူငွေများနှင့် ကူညီကယ်ဆယ်ရေးသမားများ ပေးပို့စေလွှတ်နေကြောင်း သိရသည်။

တာချီလိတ် မြို့ခံတဦးက “ငလျင်ဒဏ်ခံရသူတွေအတွက် ကျနော်တို့ ဆန်၊ သောက်ရေနဲ့ စောင်တွေကို စုဆောင်းတယ်။ တာလေနဲ့ မိုင်းလင်းကို ပို့တယ်” ဟု ပြောသည်။

ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးသမားများက သေဆုံးသူ ၁၅၀ အထိ ရှိနိုင်သည်ဟု ဆိုသော်လည်း စစ်အစိုးရ မီဒီယာများက ယမန်နေ့က ကြေညာချက်အတိုင်း ယနေ့ နေ့လည်အထိ သေဆုံးသူ ၇၃ ဦးနှင့် ဒဏ်ရာရသူ ၁၂၅ ဦးဟု ထုတ်လွှင့်ဆဲ ဖြစ်သည်။

စစ်အစိုးရ သတင်းစာများတွင်လည်း ငလျင်ဘေးနှင့် ကူညီကယ်ဆယ်ရေး သတင်းထက် မနက်ဖြန် ကျရောက်မည့် တော်လှန်ရေးနေ့ဆိုင်ရာ ဝါဒဖြန့်ကိစ္စများကိုသာ ဦးစားပေး ဖော်ပြထားသည်။

သတင်းစာ ကျောဖုံးနှင့် အတွင်းပိုင်းတွင် တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းရွာ၊ မိုင်းလင်းရွာနှင့် မိုင်းကိုး ကျေးရွာအုပ်စု၊ ကျကူနီရွာတို့တွင် စုစုပေါင်း အိမ်ခြေ ၂၂၄ လုံးနှင့် ခြောက်ခန်းတွဲ လူနေလိုင်းခန်း ၁ ခု၊ သာသနိက အဆောက်အအုံ ၁၁ ခုနှင့် ဌာနဆိုင်ရာ အဆောက်အအုံ ၉ လုံး ပြိုကျပျက်စီးကြောင်း၊ ငလျင်ဒဏ်ခံဒေသသို့ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ် အောင်သန်းထွဋ်နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးတို့ သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း ဖော်ပြထားသည်။
shanQuak02
တာလေရှိ နေအိမ်အပျက်အစီးများဘေးတွင် ထိုင်နေသော သားအမိ (ဓာတ်ပုံ - Sai Ngaotai/Facebook)


စစ်အစိုးရ၏ ကူညီကယ်ဆယ်ရေး တုံ့ပြန်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ NGO တခုမှ မြန်မာဝန်ထမ်းတဦးက “ရှမ်းပြည်မှာ အခု ငလျင်လှုပ်တဲ့ ကိစ္စအပေါ် အစိုးရတဲ့ တုံ့ပြန်ပုံကိုမြင်တော့ နာဂစ် ဆိုင်ကလုန်းတုန်းက အခြေအနေကို သွားသတိရတယ်။ လူတွေဒုက္ခရောက်နေတုန်း စစ်ဗိုလ်ချုပ်တွေက ဓာတ်ပုံလာအရိုက်ခံပြီး ဝါဒဖြန့်နေတယ်” ဟု ပြောသည်။

နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် လွှတ်တော်မှ ဝမ်းနည်းကြောင်း အဆိုကို ယမန်နေ့က အတည်ပြုကြသည်။ သို့သော် ယင်းဝမ်းနည်းကြောင်းအဆိုကို လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်းကြေညာရာ လွှတ်တော်ကိုယ်စားလှယ်များက လက်ခုပ်တီးကြသဖြင့် စစ်အစိုးရရုပ်သံမှ စောင့်ကြည့်နေသူများနှင့် မီဒီယာတချို့က ဝေဖန်ခဲ့ကြသည်။

လွှတ်တော်သို့ တက်ရောက်နေသော ကိုယ်စားလှယ်တဦးက “ပုံမှန်ကတော့ လွှတ်တော်မှာ အတည်ပြုလိုက်တယ်၊ မှတ်တမ်းတင်လိုက်တယ်လို့ ကြေညာရင် လက်ခုပ် ထတီးလိုက်ကြတာပါပဲ။ အခုက ငလျင်အတွက် ဝမ်းနည်းကြောင်း အတည်ပြုတာကိုလည်း လက်ခုပ်တီးရမယ်ထင်ပြီး တီးလိုက်မိတာပဲ” ဟု ပြောသည်။

တရုတ်သမ္မတ ဟူကျင်တောင်က သမ္မတလောင်း ဦးသိန်းစိန်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

ရှမ်းပြည်အရှေ့ပိုင်း ငလျင်ကြောင့် တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင်လည်း လူပေါင်း ၆၅၀၀ ကျော် ထိခိုက်ခံစားရမှု ရှိခဲ့ကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ မြန်မာစစ်အစိုးရကမူ ငလျင်ဒဏ်ခံရမှုများနှင့် ပတ်သက်၍ ဒေသအတွင်း လူမည်မျှ ထိခိုက်ခဲ့မှုရှိကြောင်း မကြေညာနိုင်သေးပေ။

Sunday, March 27, 2011

mm.flash songs မှ 4


ချစ်သမီးလေးအတွက်
မင်းလေးကိုသိပ်ချစ်လို့
ကြယ်တွေစုံတဲ့ည
တမ်းတမ်းတတ
တယောက်ထဲချစ်မယ်
ခွင့်ပြုတယ်
မှားပြီနော်
ရင်မှာအမြဲတန်းမင်းရှိတယ်
သိမ်းထားမှာလား
မဆွေးချင်ဘူး(အာဇာနည်)
နောင်အင်းလေး
အမုန်းသမား(စိုင်းစိုင်း)
သတိရရင်ပြီးတာပဲ
အနားမှာလာနေပါ
အဖြူရောင်သံစဉ်
ပျောက်ဆုံးနေသောနိဗ္ဗန်ဘုံ
sheismygirlfriend
ဂျီတော့သူ
ဝန်ခံပါ (ပူစူး)
မင်းကိုသတိရရင်
ကျေနပ်တယ်
ကောင်းကင်မေမေ
ကြည်ဖြူပါတော့
ပူစူး nonstop
အလှဆင်ပါ(လေးဖြူ)
လိုက်ခဲ့တော့
တစစီကျိုးပဲ့နေ
တယောက်ထဲသာ
သူသိပါကွယ်

mm.flash songs မှ 3


လိပ်ပြာလေးရဲ့ကဗျာ
လွဲနေတဲ့ဆုံမှတ်များ
valentine သီချင်း
ထားခဲ့ပါ
ချစ်သောနန်းနှင့်ရှမ်းမောမြေ
ကဗျာမပီစာမပီ
မြန်မာမလေး
သက်ထား
အင်ဒိုနီးရှားဘာသာပြန်သီချင်း
(မွန်မြတ်စိတ်ထား)
မဆွေးချင်ဘူး
(အဝေးမသွားပါနဲ့)
(ဆက်ရန်မရှိသူ)ဘန်နီ(ပြည်ဖြိုးပိုင်)နဲ့စိုးကြီး
မမေ့ရက်နိုင်သည့်အကြောင်းများ
ဆင်ပေါက်ရဲ့ မင်းတစ်ယောက်ထဲ
မိုး ပြည့်ဆုံ
someone(anonymous)
(ပထမဆုံးအနမ်း)
(Got-send rain)
နီးနီးလေးနဲ့ဝေး
မလွမ်းချင်ဘူး
(အချစ်လျော့မှာစိုး) နီတာ+အေသင်ချိုဆွေ
ပျော်ပါစေ
မီးအိမ်ရှင်-ဆိုတေး
(ခလေးရေ)
ဘေကြီး = လမ်းပြကြယ်လေး
我想找一个女朋友
ဆုံဆည်းခွင့်
ဒဏ္ဍာရီနတ်သမီး
(Be With)
(Baby-new version)Mc Wai Lin
သူငယ်ချင်း(၀ိုင်းဝိုင်း)
အဆောင်သူမမ
ရဲလေး(မဟုတ်ရပါဘူး)
အရေးမကြီးဘူး(လေးဖြူ)
Moon Light Shadow
ရှမ်းသီချင်း
မလာပါနဲ့
(ဆန်ရေ)
အစိမ်းရောင်ရက်စွဲများ
အလွမ်းပြေအနမ်း
ဒီလိုညထဲ
Stay With You(bunnyPhyo)
အဆင်ပြေပါစေ(ပူစူး)
ဒေါင်းလွဏ်း(အချစ်ကြီးသူ)
ကျုံးဘေးနားမှာ
အာဒံနဲ့ဧဝ
ရုန်းထွက်ချိန်(ရေးဆို။ညီမှုးအိမ်)
နတ်ဆိုး(ရေးဆို.ညီမှုးအိမ်)
(အဆောင်သူမမ)
(အဖြူသက်သက်)
ငါ့ရဲ့လမင်း(လေးဖြူ)
ရင်ခုန်စရာရှုခင်း(မျိုးကြီး) 
ကိုယ့်ရဲ့ကွက်လပ်  
ဆု....ထံသို့  
ခလေးလေး  
မ-အတွက်သီချင်း  
ယုံမှာလား  
ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး)  
မိုးသည်းချိန်မှာ  
Venus  
အရိပ်ပမာမခွဲခွါ
တစ်စစီကျိုးပဲ့နေ
[ပုလဲမျက်ရည်]
ဝိုင်းဝိုင်း [နမ်းရှိုက်ခွင့်]
စိုင်းစိုင်းရဲ့ [လရိပ်ချို]
ပန်းကမ္ဘာမျှော်စင်
မိုးမိုး(ထွက်မပြေးကြေး)
မြန်မာမလေး၂
(ရိုးရိုးလေးပဲစဉ်းစား)
အဖေ (ဂျစ်လေးနဲ့ ၈ကြီး)
ထားခဲ့ပါ
(အချစ်မျက်ဝန်း)
JoHame-ပန်းတွေနိုးတဲ့နံနက်ခင်း
တယောက်သောသူအတွက်
(အမြဲတမ်းပဲမင်း)
မင်းကိုအရမ်းလွမ်းနေတယ်
ပန်းတွေနိုးတဲ့နံက်ခင်း
ထူးလျှံရဲ့ အလွမ်းတွေ
ချစ်သူသိပါစေ
တာရာ+ချမ်းချမ်း(မျက်စိမှိတ်ထားတယ်)
ခနတာ
ကျောင်းကြီးမပြီးခင်
ဒီကောင်မလေးအတွက်
စိတ်ကူးရွက်ကြွေ(အေသင်ချိုဆွေ)
သူငယ်ချင်းချစ်သူ
ရှိသည်ဖြစ်သည်ချစ်သည်
SomeTearsNeverDry
(အချစ်ဆုံးသူငယ်ချင်း)
ပြည့်စုံပါစေ(ဘိုဖြူ)
အဝေးတနေရာ
Hey Juliet
တကယ်ပုံပြင်(ရိုးရာ)
Cry On My Shoulder
ရင်ခွင်-ရိုးရာ+R-ဖြိုး
ကလေးဆိုးလေး-ထက်ယံ
သင်္ကြန်သီချင်း
ကြားလားကြားလား
မချစ်ဘူးလို့မပြောပါနဲ့=ဒိုးလုံး
လမ်းခွဲ(ဖိုးကာ)
သင်္ကြန်ဝိညာဉ်
မျှော်လင့်ခြင်းအတွက်
အလွမ်း
လျှို့ဝှက်ထားတယ်
ေ​တာ​င်း​ပန်ပါ​တ​ယ်
တိုကျို​အိပ်မ​က်
အရူး​အမူး
ငါဆက်ချစ်မဲ့သူ
မင်းလေးကိုအချစ်ဆုံး
ထာဝစဉ်
ဝိုင်းဝိုင်း[ဒူးထောက်ပြီ]
အခန်းဆက်အလွမ်း(ဟန်ထွန်း)
တင်ဇာမော်[အချစ်မရှိနေ့ရက်များ]
ဆောင်းဦးလှိုင်[သွားလိုက်တော့]
(သိမ်းထားခွင့်)
(မင်းကိုချစ်တယ်)
( အပျိုကြီး)
(ကမ္ဘာကျော်တဲ့စိတ်ကူး)
“မ” - ပူစူး
အရံလူ
(မျှော်လင့်ချက် )
(အိမ်မက်လေးလား)
(အမြဲတမ်းအတွက်)
မမေ့နိုင်သည့်အကြောင်းများ
ဆက်ရန်မရှိသူ ဘန်နီဖြိုး
မိုး သီချင်း
အသင့်ရှိသူ
(Hoping Love)Mc Wai Lin
ပြန်လာခဲ့ပါ
[ တောင်းပန်တယ်]
မျိုးကြီးရဲ့ [သူစိမ်းတစ်ယောက်ပါ]
ဟန်ထွန်း [အရင်က ဇာတ်လမ်း]
简单爱(တရုပ်သီချင်း)
40years
သက်ဆုံးတိုင်(Anonymous)
(I love u more)
အဝေးတနေရာ
cryonmyshoulder
အချစ်ငှက်ငယ်
အချစ်ငှက်
HeartBrokenValentine
ရှမ်းသီချင်း(ပိုခေ်း)
(မေ့မှာလား)
တကယ်ဆို
ကြေကွဲနေ့ညတွေ(19:18)
လမ်းမကြီးရဲ့ ဘေး(၀ိုင်းစု)
(နတ်သမီးပုံပြင်)
တိတ်တိတ်လေးပါပဲ
ကျေနပ်ပေးပါ
မင်းဆန္ဒ
ရင်ဆိုင်ကြပါစို့
ကိုလူဆိုး
(လေးဖြူဝိရောဓိ)
(ကြိုးကြာ)