Wednesday, April 20, 2011

မလေးရှားနိုင်ငံ စကင်းချမ်းမြို့  ဆဌမ အကြိမ်မြောက် သင်္ကြန်











မလေးရှားနိုင်ငံ မြန်မာသင်္ကြန်ပွဲတော်


Thousands of foreign workers and locals celebrate Myanmar ‧ sekinchan Songkran fun

  • (Selangor ‧ sekinchan the 14th AP) Burmese workers in the services sector, career appropriate farming Zhuanghai Rui (Rui Starwood restaurants), Myanmar New Year Water Festival held today, so that thousands of Burmese workers and their populations with Myanmar New Year, celebrate the joy and good fortune in the splashing water activities, Tim.
The event in Haikou sekinchan Swiss Starwood held a grand restaurant on the road before, and invited 11 people chanting prayers for the Burmese monks.

Penang soft Myanmar workers also participated in Dengzhou
Sekinchan Songkran activities in its fifth year this year, the public reaction year after year, even this year, many people also hire their own bus to the slopes from the outside to join sekinchan Songkran celebrations.
In addition, in Penang, Johor and Terengganu work Burmese workers are also sub-leasing package bus to attend for event.
Contributions to the local food factory
Hai Wang Ruiren and business owners Yan Burmese wife jointly prepared the U.S. is the celebration of the work item.
Yan said the United States, in the Burmese Association, the local employers of foreign workers and factory owners of the cooperation and assistance, the Songkran festival a success.
She said the owner of the local factories also have donations of food, drink and let people free to enjoy at the same time, many fishing vessels did not let their employees off to participate in the annual celebration of Songkran.
She said that not only the Burmese foreign workers, foreign workers in Vietnam, and the local people also opt for the arrival of the three major national total joy.
She felt uprooted from home can make together to celebrate Songkran is very meaningful, so over the years, she was very happy to do, and more strong and.
Splashing pray for family to be safe
A Songkran scene to participate in village Xiaoya Qi said her 4 consecutive years ago to attend the celebration activities and take home after monks chanting the holy water, pray for family to be safe, work out smoothly.
The presence of the public to help organizers collect donations YELLOW Haikou residents, said he also allowed foreign workers leave, so you can participate in the annual Water Festival, held to allow them happy New Year.
He said that as the employer of foreign workers, he also funded some of the costs with you all celebrate Songkran.
Shing was invited to come participate in its MCA sekinchan clubs before the Public Complaints Bureau, said Liu, this is a meaningful activity. Basically allows workers and employers in such a festive atmosphere to maintain harmonious ties, through such activities, but also attract tourists to come.
He hoped that after this activity can be combined together with some local groups to organize and then to the Ministry of Tourism for funding, and seeks to it as the Ministry of Tourism is a year round activity.
Sin Chew Daily / city ‧ 2011.04.14

Tuesday, April 19, 2011

ဟေမာန်နွေ

ဟေဟန်နွေဦး   အလှထူးသည့် 
သစ်ပင်ပန်းပင်  ရွက်အိုသည်လဲ
ပင်ကိုခွဲပြီး    လေပြေနဲ့တူ
တေးတီကျူးရင်း   ကခုန်ခါဝဲ
မြေပြင်ထဲကို  ငိုကာကြွေခ
များလှပါဘိ.............
သစ်ပင်ပန်းပင်   ရွက်နုဝင်စ   ပြုချေပြီ.........
ဖူးငုံဝေလျှက်   ပန်းပိတောက်လည်း
သင်္ကြန်မိုးကို   လက်လှမ်းကြိုဆို
ဟိုမှသည်မှ  ယိန်းကာနေပြီ
သင်္ကြန်မိုးလည်း   ရွာနေမြဲမို့  
ပိတောက်ပင်ဆီ  ပက်ဖျန်းနေပြီ
ပင်စည်ပိတောက်  လက်ကိုမြောက်၍
ပျော်ရွှင်ကြည်နူး  ပွင့်ဖူးစပြု
ပျိုဖြူတစ်စု    ခူးဖို့ ဟန်ပြင်   လာကြပြီ.......
                                                                 ခွန်ကျော်ငြိမ်း

Friday, April 15, 2011

အမျိုးသားများ သားကြော ဖြတ်ချင်း ဆိုင်ရာ အမေးအဖြေများ


    အမျိုးသားတွေမှာ သုက်ကောင် (Sperm) ထုတ်လုပ်ပေးတဲ့ နေရာကတော့ Testicle လို့ခေါ်တဲ့ ဝှေးစေ့ နေရာကပဲ ဖြစ်ပါတယ်။ ဒီကမှတဆင့် သုက်ကောင်တွေဟာ (Vas deferens) လို့ခေါ်တဲ့ လမ်းကြောင်းအတိုင်း တက်သွားပြီး သုတ်ရည်အိတ် ကထွက်လာတဲ့ သုတ်ရည်(Seminal fluid)  နဲ့ အတူပေါင်းစပ်သွားပါတယ်။ ခန္ဓာကိုယ် ပြင်ပကို ရောက်လာတဲ့ အခါမှာတော့  သုက်ရည်ထဲမှာ သန္ဓေအောင်စေတဲ့ သုတ်ကောင်တွေပါလာပြီ ဖြစ်ပါတယ်။  
    အမျိုးသား သားကြောဖြတ်တယ် ဆိုတာကတော့
Vas deferens ပြွန်တနေရာကို ခွဲစိတ်ပြီး ဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ သားဖွားမီးယပ်ဆိုင်ရာ တော်ဝင်ကောလိပ် (Royal College of Obstetricians and Gynaecologists)  ရဲ့ ထောက်ခံမှု အများဆုံးရတဲ့ အမျိုးသား သားကြောဖြတ်နည်းကတော့ No Scalpel vasectomy လို့ခေါ်တဲ့ ခွဲစိတ်ခန်းသုံးဓား ကို အသုံးမပြုဘဲ သားကြောဖြတ်နည်းပဲ ဖြစ်ပါတယ်။ မေ့ဆေးမလို ထုံဆေးနဲ့တင် လုပ်လို့ရပြီး ဆေးရုံတက်စရာလည်း မလို၊ သွေးထွက်မှုလည်း အလွန်နည်းတဲ့ အသေးစား ခွဲစိတ်မှုပဲ ဖြစ်ပါတယ်။ ကပ်ပယ်အိတ်မှာ အပေါက်သေးသေးလေး ဖောက်ပြီး Vas deferens တွေကို ဖြတ်တောက်လိုက်တာပါပဲ။  ခွဲစိတ်မှုအပြီးမှာ စိတ်ချရအောင် အမျိုးသားရဲ့သုတ်ရည်ထဲ သုက်ကောင်ပါဝင်မှုနှုန်းကို ဓာတ်ခွဲခန်းမှာ စစ်ရ ပါတယ်။ ၁၂ ပတ်ကနေ ၁၆ ပတ်အကြာမှာ အမျိုးသား မျိုးလမ်းကြောင်းထဲ လက်ကျန်ရှိနေနိုင်တဲ့ သုတ်ကောင်တွေ မရှိတော့လို့ စိတ်ချရတဲ့ အခြေအနေ ရောက်သွားပါပြီ။ ဆီလီကုန်း(Silicone)  ဒါမှမဟုတ် ဓာတုဆေးတမျိုးမျိုးထိုးပြီး ရောင်ရမ်း၊ အသားတက်၊ လမ်းကြောင်းပိတ်သွားအောင် လုပ်တဲ့ နည်းတမျိုးလည်း ရှိပါသေးတယ်။ တရုတ်နိုင်ငံမှာ အသုံးများပြီး တော်ဝင်ကောလိပ်ကတော့ အားမပေးတဲ့ နည်းဖြစ်ပါတယ်။ 
စိတ်ချရမှု
 
     ခွဲစိတ်မှု ၂၀၀၀ မှာ ၁ ယောက် ကလေးရသွားနိုင်နှုန်း ရှိပါတယ်။ ၇လ အကြာ ဓာတ်ခွဲခန်းမှာ သုက်ရည်ကိုစစ်ကြည့်လို့ ကလေးရနိုင်မယ့် သုက်ကောင်အရေအတွက် မပါဘူးဆိုရင်
ကိုယ်ဝန်လုံးဝ မရနိုင်တော့ဘူး လို့တောင် ပြောထားကြပါတယ်။
 
ဘေးထွက်ဆိုးကျိုးများ
 
       ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေအနေနဲ့တော့ အနာရောင်ခြင်း၊ ပိုးဝင်ခြင်း၊ သွေးခဲဖြစ်ခြင်း စတာတွေ တစ်ခါတစ်ရံမှာ ဖြစ်တတ်ပါတယ်။ 
 
 
မေး။ သားကြောဖြတ်လိုက်ခြင်းကြောင့် အမျိုးသားတွင် စွမ်းဆောင်နိုင်မှု နည်းပါးသွားနိုင်ပါသလား။ အားအင်နည်းပါးခြင်း၊ ကိုယ်ခန္ဓာ အလေးချိန် တိုးလာခြင်း တို့ ဖြစ်နိုင်ပါသလား။ 
ဖြေ။ မဖြစ်နိုင်ပါ။ သားကြောဖြတ်ပြီးနောက် အမျိုးသား၏ စိတ်ရောကိုယ်ပါ မူလအတိုင်း ရှိနေမည်ဖြစ်ပါသည်။ အမျိုးသမီးနှင့် ဆက်ဆံရာတွင်လည်း မူလကဲ့သို့ပင် ဖြစ်ပါလိမ့်မည်။ အမျိုးသားအင်္ဂါ နှိုးကြွလာမှုနှင့် စွမ်းဆောင်မှုတာရှည်ခြင်းလည်း ယခင်ကလိုပင် ဖြစ်ပြီး သုတ်ထွက်ခြင်းလည်း ပုံမှန်အတိုင်း ဖြစ်ပါလိမ့်မည်။ အားအင်နည်းပါး သွားခြင်း မရှိ၍ မခွဲစိတ်မီကကဲ့သို့ပင် အလုပ်လုပ်ကိုင်နိုင်ပြီး ကိုယ်ခန္ဓာ အလေးချိန် တိုးလာခြင်းလည်း မဖြစ်နိုင်ပါ။
 
 
မေး။ သားကြောဖြတ်လိုက်ပြီးနောက် နာတာရှည် နာကျင်နေခြင်းမျိုး ရှိနိုင်ပါသလား။
ဖြေ။ အချို့သော သားကြောဖြတ်ထားသည့် အမျိုးသားများတွင် ၁ နှစ်မှ ၅ နှစ်အတွင်း ကပ်ပယ်အိတ် သို့မဟုတ် ဝှေးစေ့နေရာတွင် နာကျင်ခြင်း၊ ခံရခက်ခြင်း မျိုးခံစားရသည် ဟုမှတ်တမ်းတင်ထားခြင်း ရှိပါသည်။ အမျိုးသားဦးရေ  ထောင်နှင့်ချီ၍ ပြုစုထားသော မှတ်တမ်းတွင် စုစုပေါင်း လူဦးရေ၏ ၁%တွင် ထိုနာကျင်မှုကြောင့် ခွဲစိတ်ကုသမှု ခံယူရနိုင်သည်ဟု ရေးသားထားပါသည်။ သားကြောဖြတ်ထားသည့် အမျိုးသား ၂၀၀ ခန့်ကို လေ့လာရာတွင် ၆%မှာ နာကျင်မှု ခံစားရသည်ဟု ပြောပါသည်။ သားကြောမဖြတ်ထားသည့် အမျိုးသား ၂၀၀ ခန့်တွင်မူ  ၂% လောက်က နာကျင်မှု ခံစားရခြင်းကို လေ့လာတွေ့ရှိထားပါသည်။ နာကျင်မှု ခံစားရသည့် အမျိုးသားဦးရေထဲမှ အနည်းငယ်ကသာ သားကြောဖြတ်လိုက်ခြင်းကြောင့် နောင်တရမိသည်ဟု ပြောဆိုခြင်းရှိပါသည်။ နာကျင်မှု ဖြစ်ရခြင်း အကြောင်းအရင်းကို တိတိကျကျ ရှာဖွေမတွေ့ရှိသေးပါ။
Vas deferens ပြွန်ပြင်ပသို့ သုတ်ကောင်များ စိမ့်ထွက်လာခြင်း၊ ခွဲစိတ်စဉ်က အာရုံကြောကို ထိခိုက်မိခြင်း တို့ကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြပါသည်။ ကပ်ပယ်အိတ်ကို အပေါ်သို့ အနည်းငယ်မြှင့်ထားပေးခြင်း၊ အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်းဖြင့် သက်သာအောင် လုပ်နိုင်ပါသည်။ ကပ်ပယ်အိတ်အတွင်း ထုံဆေးထိုးပေးခြင်းဖြင့်လည်း ကုသနိုင်ပါသည်။ နာကျင်သောနေရာတ၀ိုက်ကို ခွဲစိတ်ဖယ်ရှားခြင်း၊ သားကြောဖြတ် ခွဲစိတ်ထားသည်ကို ပြန်လည်ဆက်ပေးခြင်း တို့ကြောင့် အနာသက်သာ ပျောက်ကင်းနိုင်သည်ဟုလည်း အချို့က ပြောပါသည်။ အချိန်ကာလ ကြာမြင့်စွာ အပြင်းအထန်နာကျင်ခြင်းမျိုးမှာ ဖြစ်နိုင်ချေအလွန်နည်းသော်လည်း သားကြောဖြတ်မှုပြုလုပ်ရန် ရွေးချယ်စဉ်းစားနေသော အမျိုးသားများအား အသိပေးထားရန်လိုအပ်ပါသည်။ 
 
မေး။ သားကြောဖြတ်ပြီးနောက်တွင် အခြားသော ပဋိသန္ဓေတားနည်းများကို အသုံးပြုရန် လိုပါသေးသလား။ 
ဖြေ။ ပထမ ၃ လ အတွင်း လိုအပ်ပါမည်ဖြစ်ပါသည်။ သားကြောဖြတ်ပြီးနောက်မှ
ကိုယ်ဝန်ရသွားခြင်း၏ အဓိကအကြောင်းအရင်းမှာ ပထမ ၃ လ အတွင်း အခြားသော ပဋိသန္ဓေတားနည်းကို အသုံးမပြုမိခြင်းကြောင့် ဖြစ်ပါသည်။
 
 
 မေး။ သားကြောဖြတ်ခွဲစိတ်ခြင်း အောင်မြင်မှု ရှိ၊မရှိကို စစ်ဆေး သိရှိနိုင်ပါသလား။
ဖြေ။ သိနိုင်ပါသည်။ အမျိုးသား၏ သုတ်ရည်နမူနာကို အဏုကြည့်မှန်ပြောင်းအောက်တွင် ထားပြီး သုတ်ကောင် ပါဝင်မှု ရှိ၊မရှိ စစ်ဆေးနိုင်ပါသည်။ လှုပ်ရှားမှု ရှိသော သုက်ကောင်
(Motile sperm) များ ပါဝင်မှု မရှိပါက သားကြောဖြတ်မှု အောင်မြင်သည်ဟု ဆိုနိုင်ပါသည်။ ထိုစစ်ဆေးမှုကို ခွဲစိတ်မှုအပြီး ၃ လ အကြာတွင် ပြုလုပ်သင့်သော်လည်း မဖြစ်မနေ စမ်းသပ်ရန် မလိုအပ်ပါ။ သုတ်ရည် ၁မီလီလီတာ တွင် လှုပ်ရှားမှုရှိသော သုက်ကောင်ရေ ၁ သိန်းအောက် လျော့နည်းပါက အခြား သန္ဓေတားနည်းများကို အသုံးပြုရန် မလိုအပ်တော့ပါ။ အကယ်၍ သုက်ကောင်ရေ ၁သိန်းထက် များနေလျင်မူ အခြားအကာအကွယ်တခုခုကို အသုံးပြုရန်လိုပြီး  သုတ်ရည်နမူနာ စစ်ဆေးခြင်း လစဉ်ပြုလုပ်ရန် လိုပါလိမ့်မည်။ သုက်ကောင်အရေအတွက် မကျဆင်းသွားပါက ခွဲစိတ်မှု ထပ်မံပြုလုပ်ရန် လိုအပ်နိုင်ပါသည်။  
မေး။ သားကြောဖြတ်ထားပြီးသည့် အမျိုးသား တစ်ဦး၏ ဇနီးသည်တွင် ကိုယ်ဝန်ရရှိသွားပါက အဘယ်သို့ ယူဆရမည်နည်း။

ဖြေ။ တစ်ခါတစ်ရံတွင် သားကြောဖြတ်ခွဲစိတ်မှု အောင်မြင်မှုမရှိသောကြောင့်
 အမျိုးသမီးတွင် ကိုယ်ဝန်ရသွားနိုင်ကြောင်းကို သားကြောဖြတ်မှုခံယူသော အမျိုးသားတိုင်း သိထားရန်လိုအပ်ပါသည်။ လက်တွဲဖော် အမျိုးသမီး ဖောက်ပြားခြင်းကြောင့် ကိုယ်ဝန်ရသည်ဟု တစ်ထစ်ချ မယူဆမိရန် အရေးကြီးပါသည်။ အထူးသဖြင့် ပထမ ၃ လ အတွင်း ကိုယ်ဝန် ရသွား နိုင်ကြောင်းနှင့် အခြားအကာအကွယ် အသုံးပြုဖို့ လိုအပ်ကြောင်းကို အသေအချာ ပညာပေးရန် အရေးကြီးပါသည်။
 
 
မေး။ သားကြောဖြတ်ခြင်းသည် အချိန်ကာလ ကြာမြင့်သည်နှင့်အမျှ ထိရောက်မှု လျော့နည်းသွားနိုင်ပါလား။
ဖြေ။ ယေဘုယျ အားဖြင့် သားကြောဖြတ်ခြင်းသည် တစ်သက်တာလုံး ထိရောက်မှု ရှိမည့် ခွဲစိတ်မှုဖြစ်ပါသည်။ ဖြစ်နိုင်ချေ အလွန်နည်းပါးသော်လည်း တစ်ခါတစ်ရံတွင်မူ ဖြတ်တောက်ထားသော ပြွန်များ ပြန်လည်ဆက်သွားပြီး ခွဲစိတ်မှု ထပ်မံလိုအပ်သည့်အဖြစ်မျိုး ရှိတတ်ပါသည်။
  
မေး။ သားကြောဖြတ်မှု ခံယူထားသည့် အမျိုးသားတဦးသည် သားသမီးယူရန် ဆန္ဒရှိပါက ပြွန်များကို ပြန်လည်ဆက်ယူ၍ ရနိုင်ပါမည်လား။

ဖြေ။ ယေဘုယျ အားဖြင့် သားကြောဖြတ်ခြင်းသည် တစ်သက်တာလုံး ထိရောက်မှု ရှိမည့် ခွဲစိတ်မှုဖြစ်ပါသည်။ သားသမီးယူရန် အစီအစဉ်ရှိသူများသည် အခြားသော သန္ဓေတားနည်းများကိုသာ အသုံးပြုသင့်ပါသည်။ သားသမီး ပြန်လည်ရရှိနိုင်ရန် ခွဲစိတ်မှု သည် အချို့သော အမျိုးသားများတွင်သာ ပြုလုပ်နိုင်ပြီး ပြန်လည်ခွဲစိတ်မှု ခံယူသူတိုင်းတွင်လည်း ကလေးရလာမည်ဟု သေချာပေါက် မဆိုနိုင်ပါ။ ထို့အပြင် ၄င်းခွဲစိတ်မှုသည် စရိတ်ကြီးပြီး ကျွမ်းကျင်သူလည်း နည်းပါးသောကြောင့် သားကြောဖြတ်ခွဲစိတ်မှုအား ပြန်လည်ပြုပြင်၍ မရနိုင်သော ခွဲစိတ်မှုတစ်ခုဟု သဘောထားသင့်ပါသည်။
 
 
မေး။ သားကြောဖြတ်မည်ဆိုလျှင် အမျိုးသားနှင့် အမျိုးသမီး မည်သူသားကြောဖြတ်ခြင်းက ပိုကောင်းနိုင်ပါသလဲ။ 
ဖြေ။ စုံတွဲတိုင်း မိမိဘာသာမိမိ ဆုံးဖြတ်သင့်သော ကိစ္စဖြစ်ပါသည်။ သားသမီးရယူရန် ဆန္ဒမရှိတော့သော စုံတွဲများအဖို့ အမျိုးသား သားကြောဖြတ်ခြင်းရော ၊  အမျိုးသမီး သားကြောဖြတ်ခြင်းပါ အန္တရာယ်နည်းသော၊ စိတ်ချရသော၊ တသက်တာလုံး ထိရောက်မှုရှိသော ခွဲစိတ်မှုမျိုး ဖြစ်ကြပါတယ်။ အကောင်းဆုံးမှာ နည်းနှစ်မျိုးစလုံးကို အမျိုးသားရော၊ အမျိုးသမီးပါ အတူဆွေးနွေး စဉ်းစား သင့်ပါတယ်။ နည်း ၂ နည်းစလုံးကို အမျိုးသားကရော၊ အမျိုးသမီးကပါ ညီတူညီမျှ လက်ခံသဘောတူ ပါက ပိုမို ရှင်းလင်း၊ အန္တရယ်ကင်း၊ လွယ်ကူ ပြီး စရိတ်သက်သာသော အမျိုးသား သားကြောဖြတ်ခြင်းကို ရွေးချယ်သင့်ပါသည်။
 
 
မေး။ အမျိုးသား သားကြောဖြတ်ရာတွင် အသက်အရွယ် သို့မဟုတ် သားသမီးဦးရေ အကန့်အသတ် ထားရှိ သတ်မှတ်သင့်ပါသလား။ 
ဖြေ။ အမျိုးသားတစ်ဦး၏ ဆုံးဖြတ်ပိုင်ခွင့်ကို အသက်အရွယ်၊ သားသမီးဦးရေ နှင့် အိမ်ထောင်ရှိခြင်း၊ မရှိခြင်း စသည်တို့ဖြင့် ကန့်သတ်ထားခြင်းမျိုး မပြုလုပ်သင့်ပေ။
မည်သို့သော ဆုံးဖြတ်ချက်မျိုး ဖြစ်စေ ကာယကံရှင်၏ ရွေးချယ်မှုသာ ဖြစ်သင့်ပြီး ကျန်းမာရေးဝန်ထမ်း၏ တိုက်တွန်းမှု မပါသင့်ပါ။ 
 
မေး။ အမျိုးသား သားကြောဖြတ်ခြင်းကြောင့် နှလုံးရောဂါ၊ ကင်ဆာရောဂါ စသည်တို့ ဖြစ်ပွားနိုင်နှုန်း တက်နိုင်ပါသလား။ 
ဖြေ။ စနစ်တကျ ပြုလုပ်ထားသော သုတေသန များအရ သားကြောဖြတ်ခြင်းကြောင့် နှလုံးရောဂါ၊ ကင်ဆာရောဂါ ဖြစ်နိုင်နှုန်း မြင့်တက်လာခြင်း လုံးဝမရှိပါ။ 
 
 
မေး။ သားကြောဖြတ်ထားသည့် အမျိုးသားတဦးသည် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ ကူးစက်ခံရခြင်း၊ ၄င်းထံမှ အခြားသူအား ကူးစက်စေနိုင်ခြင်း စသည်တို့ ဖြစ်နိုင်ပါသလား။ 
ဖြေ။ ဖြစ်နိုင်ပါသည်။ သားကြောဖြတ်ခြင်းသည် ခုခံအား ကျဆင်းမှု ရောဂါ အပါအ၀င် အခြား ကာလသား ရောဂါများ ကူးစက် ပြန့်ပွား ခြင်းမှ အကာအကွယ် မပေးနိုင်ပါ။ ရောဂါပိုး ကာကွယ်ရန် လိုအပ်ပါက အမျိုးသားများသည် ကွန်ဒုံးအစွပ်ကို အသုံးပြုရန် လိုပါသည်။
 
 
မေး။ သားကြောဖြတ်ခွဲစိတ်မှု ကို မည်သည့်နေရာများတွင် ပြုလုပ်နိုင်သနည်း။ 
ဖြေ။ အခြား ရောဂါအခံ မရှိသော အမျိုးသားများအား ကျန်းမာရေးဌာနများ၊ သားဆက်ခြား ဆေးခန်းများ၊ သာမန် ဆေးခန်းများ တွင်ပင် သားကြောဖြတ် ခွဲစိတ်မှု ပြုလုပ်ပေးနိုင်ပါသည်။

ကိုယ်အင်္ဂါ အစိတ်အပိုင်း ပုံလေးတွေပါ




 ဗိုက်ခွဲမွေးနေသည်ကို   မြင်နေရပုံ



 မွေးဖွါးဆဲပုံလေးပါ




 မိခင် အင်္ဂါကို   ချဲ့ပြီး  မွေးဖွါးခြင်း

 ကလေးရဲ့  အချင်း




 မိခင် ဝမ်းတွင်းမှ  ထွက်လာခြင်းကို  မြင်တွေ့ ရခြင်းပါ
















 မိန်းမ  အင်္ဂါ
 ယောကျာင်္း  အင်္ဂါ
 နားရွက်ပုံလေးပါ