Friday, April 15, 2011

ဒါလဲ ဓါတ်ပုံတွေပါပဲ

 ဒီရပ်ကွက်လေးကတော့    မလေးရှားနိုင်ငံ   နာဂရီဆမ်ဘီလမ်  နေလိုင်း (၃)   ဒစ်စားရီးယားရပ်ကွက်လေးပါ
 ဒါလေးကတော့   မလေးနိုင်ငံ  ရောက်  မြန်မာတွေရဲ့  သီတင်းကျွတ်  မီးပူဇော်သော မြင်ကွင်းလေးပါ
 ဒီပုံလေးကတော့    အဆောက်အဦး   ခေါင် ဒိုင်း   (   တိုင်း  )   ကို  သွပ်ဖြင့်   ဆင်ထားသောပုံ
 ဒါလေးကတော့  အိမ်တိုင်း   (   ဒိုင်း )  ကို  ဆင်မဲ့   သွပ်ကို   စီထားသောပုံ
 ဒါကတော့  ခေါင်မိုး တိုင်း   ( ဒိုင်း  )     ဆင်ပြီး  မြင်ရခြင်း ပါ
 ရှည်လျားလွန်းသော  အိမ်တိုင်းလေးပါ 
 ဒါလေးကတော့   တိုင်းလုပ်ဖို့    marker   ပေးမယ့်  သွပ်စီထားခြင်းကို  မြင်ရပုံ
 bank   nagara   ဘူတာရုံလေးပါ


 ဆောက်လုပ်ဆဲ အဆောက်အဦး  
 ခပ်လှမ်းလှမ်းမှ  မြင်ရသော  ကွာလာလမ်ပူ   တိုက်ညီနှောင်


 ကျနော်တို့  စက်ရုံက   ဆောက်လုပ်ဆဲ ဖြစ်တဲ့   အဆောက်အဦးပါ   မလေးရှားကပါ

 စက်ရုံမှ  ပြန်ရန်  ပြင်ဆင်ဟန်လေးပါ


ကျတော်တို့  စက်ရုံ   liteframes   sdn   bhd     တွင်းထဲ  မြင်ကွင်းလေးပါ

Wednesday, April 13, 2011

ယောကျာင်္း မိန်းမ အင်္ဂါ ၂ ခုလုံးပါသော မောင်ငြိမ်းချမ်း


မြန်မာ့အမျိုးသား လက်ရွေးစင် ဘောလုံးသမား ဖြစ်လိုသည်ဟုဆို မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ အ.ထ.က (၂၆)တွင် ဆဋ္ဌမတန်း စာမေးပွဲဖြေကြားပြီးသည့် အသက် (၁၁)နှစ်အရွယ်ရှိ မောင်ငြိမ်းချမ်းသည် ယောက်ျား၊ မိန်းမ လိင်အင်္ဂါ နှစ်မျိုးစလုံး ပီပြင်စွာပါရှိပြီး ဆရာဝန်ကြီးများ၏ စစ်ဆေးချက် အဖြေများအရ ၄င်းတွက် လိင်အင်္ဂါ နှစ်မျိုးစလုံး ပါရှိသော်လည်း အမျိုးသမီး လိင်အင်္ဂါဖြင့်သာ ဆီးသွားခြင်း၊ သားအိမ်မပါရှိခြင်း၊ ကပ္ပါယ်အိတ်မပါရှိခြင်းကြောင့် ၄င်း၏ဟော်မုန်းပြောင်းလဲမှုကို လေ့လာဆဲဖြစ်ကြောင်း သတင်းရရှိသည်။
မောင်ငြိမ်းချမ်းကို (၂၈၊၁ဝ၊၁၉၉၉)ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာအုပ်စု၊ ဇီးကုန်းလေး ကျေးရွာနေ တောင်သူလယ်သမား ဦးထွန်းလင်းနှင့် ဒေါ်ဝင်းအေးတို့မှ မွေးဖွားလာခဲ့သော တစ်ဦးတည်းသောသား ဖြစ်သည်။ 'သူ့ကို မွေးကတည်းက လိင်အင်္ဂါနှစ်ခုပါတာ သိတယ်။ (၂)နှစ်အရွယ်ကတည်းက ဘောလုံး ကန်တတ်နေပြီ။ (၅)နှစ်သားမှာ ရွှေဘို၊ အ.ထ.က(၁) အသင်းကနေ ဘောလုံးဝင်ကန်တာ ဆုတွေအများကြီး ရခဲ့တယ်။ စိတ်ကတော့ ယောက်ျားစိတ်ပဲ။ နေထာထိုင်တာ မိန်းကလေးလက္ခဏာ လုံးဝမတွေ့ရဘူး'ဟု ၄င်း၏ ဖခင်ဦးထွန်းလင်းက လျှပ်တစ်ပြက်ဂျာနယ်သို့ ပြောသည်။
မောင်ငြိမ်းချမ်းသည် ပြီးခဲ့သော (၈)လအတွင်းတွင် အရပ်(၁.၅)လက်မ ရှည်ထွက်လာပြီး ယခုအချိန်တွင် အရပ်(၅)ပေ (၁.၅)လက်မခန့်၊ ပေါင်ချိန်(၈၈) ပေါင်ရှိပြီဖြစ်သည်။ 'သားက အရင်က ဘောလုံးရှေ့တန်းတိုက်စစ်မှူး နေရာမှာ ကစားတယ်၊ ဒီဘောလုံးသင်တန်းကို ရောက်လာတော့ ဂိုးဖမ်းရတယ်၊ တစ်ချိန်ကျရင် မြန်မာ့အမျိုးသား လက်ရွေးစင်အသင်းမှာ ဘောလုံးသမား ဖြစ်အောင် ကြိုးစားသွားမယ်'ဟု မောင်ငြိမ်းချမ်းက ဆိုသည်။
ဆရာဝန်တစ်ဦး၏ အဆိုအရ မောင်ငြိမ်းချမ်း၏ လိင်အင်္ဂါဖွံ့ဖြိုးပြောင်းလဲမှု၊ ဟော်မုန်းဖွံ့ဖြိုးပြောင်းလဲမှု၊ စိတ်ဖွံ့ဖြိုးပြောင်းလဲမှုများကို စောင့်ကြည့်ပြီးမှသာလျှင် ယောက်ျား၊ မိန်းမလိင်အင်္ဂါ ပြောင်းလဲမှုကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ယခုအခြေအနေတွင် သားအိမ်မပါရှိသော မအင်္ဂါမှာလည်း သိသိသာသာ ဖွံ့ဖြိုးလာသကဲ့သို့ ဆီးမသွားသော ကျားအင်္ဂါသည်လည်း အလုပ်လုပ်လျက် ရှိကြောင်း ထူးဆန်းစွာ တွေ့ရှိရသည်ဟု ဆိုသည်။

လျှပ်တစ်ပျက်သတင်းဂျာနယ်မှတစ်ဆင့်မျှဝေပါသည်။

Tuesday, April 12, 2011

ပင်လုံစာချုပ်



မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည်နယ်များ၊ ကချင်တောင်တန်း ဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင် ကျင်းပသည့် အစည်းအဝေးကြီးတရပ်၌ ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။


(၁) တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန် အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

(၂) ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့် နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများ အတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။

(၃) အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံ (၂) ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီးသက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက် တာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။

(၄) အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။

(၅) အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစုံတရာလက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးရာခိုင်နှုန်း အပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

(၆) ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခုနယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီ ကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေ အရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။

(၇)နယ်စပ်ဒေသများ၏နယ်သူနယ်သားတို့သည်ဒီမိုကရေစီနိုင်ငံများတွင်အခြေခံများအဖြစ်အသိအမှတ်ပြုထား
သော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။

(၈) ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။

(၉) ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင်တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူ အစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။

မြန်မာနိုင်ငံတော်အစိုးရ
(ပုံ) အောင်ဆန်း (၁၂-၂-၄၇)

ကချင်ကော်မတီ
(ပုံ) ဆမားဒူးဝါးဆင်ဝါးနောင် (မြစ်ကြီးနား)
(ပုံ) ဇော်ရစ် (မြစ်ကြီးနား)
(ပုံ) ဒိန်ရတန် (မြစ်ကြီးနား)
(ပုံ) ဇော်လ (ဗန်းမော်)
(ပုံ) ဇော်လွန်း (ဗန်းမော်)
(ပုံ) လဗန်းဂရောင်း (ဗန်းမော်)

ချင်းကော်မတီ
(ပုံ) ဦးလွှာမှုန်း (အေတီအမ်၊ အိုင်တီအက်(စ်)အမ်၊ ဖလမ်း)
(ပုံ) ဦးသောင်ဇာခပ် (အေတီအမ်၊ တီးတိန်)
(ပုံ) ဦးကွယ်မန်း (အေတီအမ်၊ ဟားခါး)

ရှမ်းကော်မတီ
(ပုံ) ခွန်ပန်းစိန် (တောင်ပိုင်း စပ်ဖလုံ)
(ပုံ) စပ်ရွှေသိုက် (ညောင်ရွှေ စပ်ဖလုံ)
(ပုံ) စပ်ဟုံဖ (မြောက်ပိုင်းသိန္နီ စပ်ဖလုံ)
(ပုံ) စပ်နွံ (လဲချားစပ်ဖလုံ)
(ပုံ) စပ်စံထွန်း (မိုင်းပွန် စပ်ဖလုံ)
(ပုံ) စပ်ထန်းအေး (သာမိုင်းခမ်း စပ်ဖလုံ)
(ပုံ) ဦးဖြူ (သထုံ စပ်ဖလုံ၏ ကိုယ်စားလှယ်)
(ပုံ) ခွန်းဖုံး (မြောက်ပိုင်းသိန္နီ)
(ပုံ) ဦးတင်ဧ
(ပုံ) ဦးထွန်းမြင့်
(ပုံ) ဦးကြာပု
(ပုံ) ဦးခွန်စော
(ပုံ) စပ်ရစ်ဖ
(ပုံ) ဦးခွန်ထီး

Saturday, April 9, 2011

ဆုတောင်း

လှေပေါ်မှာ
တစ်သက်မဝေးအောင်လို့
ငှက်ကလေးတွေ အစာကျွေး
ယတြာပေးသမျှကိုလဲ ချေဖူးတယ်။(မသထာရေစာ)

မွေးနေ့ဆို ဘုရားတက်
ရေသက်စေ့ ဘုရားလှူ
မီးပူဇော် ပန်းတွေကပ်
လွမ်းမနေတတ်အောင်ပေါ့ အချစ်ရယ်။(ရလိုက်မယ့်ကုသိုလ်)

တကယ်ပေါင်းဖို့ကျတော့
တပေါင်းမှာလည်းမထူး
တန်ခူးမှာလည်းမဖြစ်
တစ်နှစ်က တစ်နှစ်လက်ကမ်း
ချစ်သက်တမ်းရှည်သမျှ
တစ်ဦးကိုတစ်ဦးက စိုးရိမ်မယ်
တစ်အိုးတစ်အိမ်ရယ်လို့တော့
မထူထောင်ဖြစ်။

တစ်ယောက်လုပ်ခ
နှစ်ယောက်လုပ်ခ
ဘယ်လောက်ဒုက္ခတွေကိုငြိမ်းအေး
စားဝတ်နေရေးကို ဘယ်လောက်ကူ
လူနေမှုအပူကို ဘယ်လိုဖျောက်နိုင်မတုန်း
ကုန်းဈေးနှုန်း အဲဒီပင်လယ်မှာ
ခင်ရယ် ကိုယ်ရယ် ဘယ်လိုဖြတ်
သတ္တိကြောင် သောကအတွေးတွေနဲ့
ဝေးကြတဲ့နှစ်။     
ရေးသူ   အမည်မသိရှေးစာဆို

တပေါင်းလ


တောင်ထိပ်ပေါ်မှာ နွယ်ချိုနှောလို့ ၊
ဥသြတွန်တဲ့ လရာသီ။
ဖက်ဆွတ်ကယ် သပြေပန်၊ လန်းပြန်ခဲ့ပြီ။
တပေါင်းလရယ်တဲ့ ပွဲတော်မှီ၊ သရဖီနဲ့ 
ကံကော်ပန်း။
ပုပ္ပါးတောင်တော်သာက။
မွှေးလာချက်ဆန်း။

အမည်မသိရှေးစာဆို
ကာလနဲ့သင့်တဲ့ကဗျာလေးပါ

7:21 AM အသားတော် အရောင်ထွက်တာက

မှောင်နက်လို့မဲညို ။

ထောင်ထွက်နဲ့မကွဲလိုတယ်

သရဲဆိုဇာတိ ။

ခံတွင်းကထုတ်ဖော်လျှင်

အာပုတ်စော် ထိုးလှပါဘိ ။

သူ့ပါးစပ်အပြီးပေတယ်

သွားချီး(ကြေး)တွေအပြည့် ။

အနီးလေလွန်မကြည့်ချင်ဘု

ရွံစလိကြောက်ဖွယ် ။

ဘုတ်တစ္ဆေရုပ်ရည်ကျအောင်

ဗြုတ်တွေကပေါလိုက်လှတယ် ။

ကိုယ်နံ့က ခွေးသူငယ်လို

မွှေးပေတယ် မသတီပျို့အောင်လို့

ညှီစို့စို့ လင်းတစော်

နည်းတူရဲ့နော် ။

ဂျီး(ကြေး)ထူချက် ရှစ်ထပ်ကျော်အောင်

ညစ်ပတ်တော်မူလွန်းလှလေး ။
ရေးသူ   .........စလေဦးပုည

ဝေး

ဝေးရတဲ့အခါ          အလွမ်းရင်မှာ

အပြည့်နဲ့           မျိုသိပ်ရတဲ့

ကို့ ကို            အကြင်နာစာလွှာလေး

မကြာခဏ         ပို့ ပေးနော်    ..............ချစ်......

Thursday, April 7, 2011

msi u160 netbook လေးပါ


MSI U160 Netbook ဟာ အလေးချိန် တစ်ကီလိုသာရှိပြီး ၁၅ နာရီကြာ အသုံးပြုနိုင်တာကြောင့် ကြာကြာအသုံးပြုလို သူတွေအတွက် အထူးသင့်တော်ပါတယ်။ Intel Atom N450 (1.66GHz) processor ပါဝင်ပြီး Hard Disk 160 GB SATA ရှိပါတယ်။ Intel GMA 3150 share with system memory VGA ပါရှိပြီး 10/100 Mbps LAN, 1.3 Mega Pixel Webcam, Intel NM10 Express Chipset နဲ့ Easy Face Logon Software တွေလည်း ပါရှိပါတယ်။