Saturday, April 9, 2011

တပေါင်းလ


တောင်ထိပ်ပေါ်မှာ နွယ်ချိုနှောလို့ ၊
ဥသြတွန်တဲ့ လရာသီ။
ဖက်ဆွတ်ကယ် သပြေပန်၊ လန်းပြန်ခဲ့ပြီ။
တပေါင်းလရယ်တဲ့ ပွဲတော်မှီ၊ သရဖီနဲ့ 
ကံကော်ပန်း။
ပုပ္ပါးတောင်တော်သာက။
မွှေးလာချက်ဆန်း။

အမည်မသိရှေးစာဆို
ကာလနဲ့သင့်တဲ့ကဗျာလေးပါ

7:21 AM အသားတော် အရောင်ထွက်တာက

မှောင်နက်လို့မဲညို ။

ထောင်ထွက်နဲ့မကွဲလိုတယ်

သရဲဆိုဇာတိ ။

ခံတွင်းကထုတ်ဖော်လျှင်

အာပုတ်စော် ထိုးလှပါဘိ ။

သူ့ပါးစပ်အပြီးပေတယ်

သွားချီး(ကြေး)တွေအပြည့် ။

အနီးလေလွန်မကြည့်ချင်ဘု

ရွံစလိကြောက်ဖွယ် ။

ဘုတ်တစ္ဆေရုပ်ရည်ကျအောင်

ဗြုတ်တွေကပေါလိုက်လှတယ် ။

ကိုယ်နံ့က ခွေးသူငယ်လို

မွှေးပေတယ် မသတီပျို့အောင်လို့

ညှီစို့စို့ လင်းတစော်

နည်းတူရဲ့နော် ။

ဂျီး(ကြေး)ထူချက် ရှစ်ထပ်ကျော်အောင်

ညစ်ပတ်တော်မူလွန်းလှလေး ။
ရေးသူ   .........စလေဦးပုည

No comments: