Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Thursday, April 7, 2011

msi u160 netbook လေးပါ


MSI U160 Netbook ဟာ အလေးချိန် တစ်ကီလိုသာရှိပြီး ၁၅ နာရီကြာ အသုံးပြုနိုင်တာကြောင့် ကြာကြာအသုံးပြုလို သူတွေအတွက် အထူးသင့်တော်ပါတယ်။ Intel Atom N450 (1.66GHz) processor ပါဝင်ပြီး Hard Disk 160 GB SATA ရှိပါတယ်။ Intel GMA 3150 share with system memory VGA ပါရှိပြီး 10/100 Mbps LAN, 1.3 Mega Pixel Webcam, Intel NM10 Express Chipset နဲ့ Easy Face Logon Software တွေလည်း ပါရှိပါတယ်။

printer လေးပါ


EPSON Stylus Office T1100 Printer တွင် Epson Micro Piezo Print head နည်းပညာပါဝင်ပြီး A4-size အဖြူအမည်းကို တစ်မိနစ်လျှင် ၃၁ မျက်နှာနှုန်း၊ ကာလာကို တစ်မိနစ်လျှင် ၁၇ မျက်နှာနှုန်း ထုတ်ပေးနိုင်သည်။ Resolution မှာ 5760x1440 ရှိပြီး VSDT (Variable-Sized Droplet Technology ပါဝင်ပြီး print head မှ မင်အရွယ်အစားသုံးမျိုးဖြင့် ထုတ်ပေးနိုင်သည်။ Windows 7/Vista/XP/2000 များဖြင့် အသုံးပြုနိုင်ပြီး USB 2.0 Port ပါဝင်သည်။ ၎င်းကို Client Focus မှ တင်သွင်းဖြန့်ချိသည်။

သေးသလောက်အသံကျယ်တဲ့ ipod


Apple က ထုတ်လုပ်လိုက်တဲ့ SD Card ထည့်စရာအိတ်ထက် နည်းနည်းလေးပဲ ပိုကြီးပြီး အင်္ကျီကော်လံ ဒါမှမဟုတ် ရှေ့ဘက် ကြယ်သီးတပ်တဲ့နေရာမှာ ရင်ထိုးတံဆိပ်လေးထိုးထားသလို ညှပ်ကလေးနဲ့ ခိုင်မြဲအောင်ကုတ် တွယ်ထားနိုင်တဲ့ သီချင်းဖွင့်စက်လေးပါ။ iPod Nano လို Multi-Touch Screen မပါရှိပေမဲ့ iPod တွေတုန်းကသုံးတဲ့ Clickable control pad ခေါ်တဲ့ စက်ဝိုင်းပုံခလုတ်လေး ထည့်သွင်းပေး ထားပါတယ်။ Voice Over Button ခလုတ်လည်း ထည့်ပေးထားတာမို့ အခုဖွင့် နားထောင်မဲ့ သီချင်းရဲ့အမည်၊ နားထောင်ဖို့ သတ်မှတ်ထားတဲ့ သီချင်းတွေအမည်နဲ့ ဘက်ထရီအား အခြေအနေတို့ကို ခလုတ်နှိပ် လိုက်တာနဲ့ အသံထွက်ပြီး အစီရင်ခံပါလိမ့်မယ်။ သီချင်းပုဒ်ရေ ရာနဲ့ချီပြီးထည့်သွင်းနိုင်တဲ့ Storage က 2GB ဖြစ်ပြီး ဘက်ထရီအားကလည်း ၁၅ နာရီ ဆက်တိုက်ဖွင့်လို့ရပါတယ်။

usb ပန်ကာလေးပါ


Super Mute အမျိုးအစားမော်ဒယ် RT-B 401 ဖြစ်ပြီး သွားလေရာကို အလွယ်တကူ ယူဆောင်သွားနိုင်တဲ့ USB Power သုံး Fan လေးပါ။ အရွယ်အစားကတော့ 143 x 85 x 141 mm သာရှိပါတယ်။ အလေးချိန် ကလည်း ၃၂၄ ဂရမ်သာ ရှိတဲ့အတွက် အိတ်ထဲထည့်ပြီး အလွယ်တကူ သယ်ယူ သွားနိုင်ပါတယ်။ အဲဒီပန်ကာဟာ DC 5V နဲ့ အသုံးပြုထားပေမယ့် ၃ ဒသမ ၅ လက်မ အရွယ်ရှိတဲ့ ပန်ကာရွက်လေးခုက အင်အား ကောင်းမွန်ပြီး လူတစ်ယောက်စာအတွက် ကောင်းကောင်းအေးနိုင်တဲ့ လေအားကို ရရှိမှာပါ။ အဖွင့်အပိတ်ခလုတ် သီးသန့် ပါဝင်ပြီး လေကို ကြိုက်တဲ့နေရာ ချိန်ပေးနိုင်တဲ့ Adjustable ကိုင်း ပါရှိပါတယ်။ စားပွဲပေါ်မှာ တင်ပြီးလည်း အသုံးပြုလို့ရပါတယ်။

လက်ကိုင်ဖုန်း မှာ နားထောင်လို့ ရတယ်တဲ့


သင့်ရဲ့ လက်ကိုင်ဖုန်းမှာ Bluetooth ဆက်သွယ်ရေးစနစ် ပါရှိတဲ့အတွက် ဖုန်းထဲမှာ MP3 ဖိုင်အဖြစ် သိမ်းဆည်း ထားတဲ့ သီချင်းတွေကို အသံချဲ့စက်ပါတဲ့ စပီကာတစ်ခုနဲ့ ကျယ်ကျယ်ဖွင့် နားထောင် ချင်တယ်ဆိုရင် ကေဘယ်လ်ကြိုးတစ်ချောင်း ကြားခံထားစရာမလိုဘဲ နားထောင်လို့ရတဲ့ Belkin Bluetooth Music Receiver ပါ။
၁၀ ပေနဲ့ ပေ ၂၀ ကြား အကွာအဝေး ကြိုက်တဲ့နေရာကနေ Bluetooth စနစ်သုံးပြီး လှမ်းဖွင့်လို့ရအောင် လုပ်ဆောင်ပေး ပါလိမ့်မယ်။ မော်တော်ကားသော့ဖွင့်တဲ့ ပုံစံ Receiver လေးကို အသံချဲ့စက် စပီကာရဲ့ Audio အပေါက်မှာတပ်ပြီး ဖွင့်လိုက်ရုံပါပဲ။ လက်ကိုင်ဖုန်းမှာပါတဲ့ Bluetooth စနစ်က ကြိုးမဲ့စနစ်သုံးပြီး ရေဒီယိုလှိုင်းနဲ့ ပို့လွှတ်လာတဲ့ အသံအချက်ပြတွေကို Receiver လေးက လက်ခံပြီး သီချင်းသံတွေကို ဖွင့်ပေးပါလိမ့်မယ်။

ဘောပင်လေးအကြောင်းပါ


ဘောပင်နဲ့ ကင်မရာရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်း၊ အသံသွင်းခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ ဘောပင်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ အတွင်း Memory u 2G, 4G နှစ်မျိုးပါတယ်။ USB နဲ့ သီချင်း သွင်းတာတွေ၊ အခြား Data များကို Memory မှတ်ထားနိုင်ပါတယ်။ 5.5 V Adaptor အားသွင်းပြီးတော့ ဒီကင်မရာကို အသုံးပြုနိုင်ပါတယ်။ သေးငယ်တဲ့ ဘောပင်လေးဖြစ်ပေမယ့် ပုံထွက်ကောင်းမွန်တဲ့အတွက် ကိုယ်လိုချင်တဲ့ပုံတွေကို အများမသိအောင် ရိုက်ကူးနိုင်ပါတယ်။

Wednesday, April 6, 2011

video converter adapter လေးပါ


ကွန်ပျူတာပေါ်မှာ မြင်ရတဲ့ပုံရိပ်တွေ၊ မြင်ကွင်းတွေကို TV, HDTV, Plasma TV များပေါ်မှာ ကြည့်ချင်သူများနဲ့ မြင်ကွင်းကျယ်နဲ့ Game ကစားချင်တဲ့ သူတွေအတွက် အဆင်ပြေအောင် RCA, S-Video, VGA Port များကို ထည့်သွင်းထားတဲ့ Converter Adapter လေးပဲ ဖြစ်ပါတယ်။ လိုအပ်တဲ့ Power ကို USB Port ကတစ်ဆင့်ပေးရမှာ ဖြစ်ပါတယ်။ Plug and Play ပစ္စည်းဖြစ်တဲ့အတွက် Driver ကို Install လုပ်ဖို့ မလိုအပ်ပါဘူး။

နေရောင်ခြည်ကို သိုလှောင်ထားနိုင်သော ဘက္ထရီ


နေရောင်ခြည်ကိုသိုလှောင်ပြီး မိမိ လိုအပ်ရာကို အသုံးပြုလို့ရတဲ့ Solar Charger & Flash Light လေးပဲဖြစ်ပါတယ်။
ဖုန်း၊ Mp3, Mp4, Digital Camera & Other Digital Product များကိုပါ အသုံးပြုလို့ရတဲ့ နေစွမ်းအင်သုံး ဘက်ထရီ အားသွင်း စက်လေး ပဲဖြစ်ပါတယ်။ နေရာမရွေး သယ်ယူသွားနိုင်ပြီး အချိန်မရွေး သုံးစွဲ နိုင်ပါတယ်။ ခရီးသွားတဲ့အခါမှာလည်း ဓာတ်မီးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ အားအပြည့်သွင်းထားပါက နာရီ ၃၀ အထိအသုံးပြုနိုင်ပါတယ်။
နေရောင်ခြည်နဲ့အားသွင်းမယ်ဆိုရင် ၁၀ နာရီအားသွင်းတာနဲ့ အပြည့်အဝ သုံးစွဲခွင့် ရရှိမှာ ဖြစ်ပါတယ်။ အိမ်မီးနဲ့လည်း  အားသွင်းလို့ရပါတယ်။ အိမ်မီးနဲ့အားသွင်းမယ်ဆိုရင် နှစ်နာရီ သာ အားသွင်းရပါတယ်။ မိမိအသုံးပြုမယ့် ပစ္စည်းကိုလိုက်ပြီး Outputကိုချိန်လို့ ရပါတယ်။
4.5V, 5.5V, 9V စသည်ဖြင့် ချိန်ပြီး အသုံးပြုနိုင်ပါတယ်။ LED မီးသီးကို အသုံးပြုထားတဲ့ အတွက် အလင်းရောင် လုံလောက်စွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

အရုပ်ရောအသံပါ တွဲဖက်နားဆင်နိုင်မယ့်


ရုပ်ပုံများ မှတ်တမ်းတင်ခြင်းနဲ့ တေးသီချင်း များ နားဆင်ခြင်းကို တွဲဖက်လုပ်ဆောင် ပေးနိုင်သည့် မျက်မှန်ပါ။ တရုတ်နိုင်ငံမှ တင်သွင်းလာခြင်းဖြစ်ပြီး အရည်အသွေးမြင့် အမေရိကန် ပိုလာရိုက် မှန်ဘီလူးများနဲ့ ဖွဲ့စည်းတည်ဆောက် ထားပါတယ်။
အချက်အလက်များကို သိုလှောင်ပေးနိုင်ရန် Memory 4GB ပါရှိပါတယ်။ ဓာတ်ပုံပေါင်း တစ်ထောင်ကျော်ကိုတော့၊ EVD Player များကို ဆော့ဖ်ဝဲသွင်းစရာမလိုဘဲ တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ခလုတ်များကို ရိုးရှင်းစွာ ဖွဲ့စည်းထားမှုကြောင့် အသုံးပြုရာမှာ အလွန်လွယ်ကူလှပါတယ်။

စွယ်စုံသုံးလို့ ရတဲ့ dss rf2.4 g


Mouse သို့မဟုတ် Laser Pointer ဒါမှမဟုတ် Presenter အနေနဲ့လည်း သုံးလို့ ရပါတယ်။ Laser Pointer အနေနဲ့ သုံးမယ် ဆိုရင် မီတာ ၂၀ အကွာအဝေးအထိ အသုံးပြုလို့ ရပါတယ်။
Remote Control အနေနဲ့ သုံးမယ်ဆိုရင် တော့ ၁၀ မီတာအထိ သုံးလို့ရပါတယ်။ Remote Control ပါဝင်တဲ့အတွက် မိမိ လိုချင်တဲ့ပုံ၊ စာတွေကို ကျော်ပြီး ကြည့်နိုင် ဖတ်ရှုနိုင်ပါတယ်။ Driver တင်စရာမလိုတဲ့ Plug and Play ပစ္စည်းဖြစ်တဲ့ အတွက် မည်သည့် ကွန်ပျူတာနဲ့မဆို တွဲဖက်အသုံးပြု နိုင်ပါတယ်။ Auto Power Saving System ဖြစ်တဲ့အတွက် လျှပ်စစ်ပါဝါ သက်သာစေပါတယ်။ ဒါ့ပြင် Rechargeable Battery ပါဝင်တဲ့ အတွက် USB နဲ့ အားသွင်းပြီး အသုံးပြုနိုင်ပါတယ်။

မီးသီးမပါတဲ့ km58098 မီးအိမ်


Remote Control နဲ့ အဖွင့်အပိတ် ပြုလုပ် နိုင်တဲ့ LED မီးအိမ်လေးပဲ ဖြစ်ပါတယ်။ AC 220V နဲ့ တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင် ပါတယ်။
ဒါ့ပြင် အားသွင်းပြီးလည်း အသုံးပြု နိုင်တဲ့အတွက် မီးပျက်နေချိန်မှာလည်း အင်ဗာတာ မလိုဘဲ မီးလင်းနေအောင် ပြုလုပ်ပေးနိုင်တဲ့ မီးအိမ်လေးပဲ ဖြစ်ပါတယ်။ သုံးနာရီအားသွင်းပေးရုံနဲ့ ငါးနာရီကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
မိမိနေအိမ် ရုံးခန်းများတွင် အသင့်ရှိနေ ပြီးသော မီးပလပ်ခေါင်းများတွင် အလွယ်တကူ တပ်ဆင် အသုံးပြုနိုင်ပါတယ်။ မီးလုံးရဲ့ ဝပ်အင်အားကတော့ 1.2 W ရှိပါတယ်။

သီချင်းသံအနှေးအမြန် လိုက်ပေးမယ့် စလိုက်မီးလုံး


မိမိဖွင့်လိုက်တဲ့ သီချင်းသံရဲ့အသံ အနှေး အမြန် ဘေ့စ်အသံရဲ့ အသံထွက်မှုပေါ် မူတည်ပြီး အနှေးအမြန် ပြောင်းပေးတဲ့ စတိတ်ခုံအလှဆင် မီးဆိုင်းလေးပဲ ဖြစ်ပါတယ်။
လေဆာပါဝင်တဲ့အတွက် ခရစ္စမတ် သစ်ပင် ပုံ၊ အသည်းပုံ၊ စာတန်းပုံများ ပေါ်လာတဲ့ အတွက် မိမိရဲ့ စတိတ်ခုံကို အလှဆင်ပေးနိုင် ပါတယ်။ မွေးနေ့ပါတီတွေ၊ ကလပ်တွေမှာ အသုံးပြုလို့ရပါတယ်။
အနီရောင်နဲ့ အစိမ်းရောင် အရောင်နှစ်မျိုးထွက်ရှိတဲ့အတွက် မြင်သူတိုင်းကို မျက်စိပသာဒ လှပစေမှာပါ။ ဒါ့ပြင် အဲဒီ Laser Stage Lighting မှာ ပန်ကာပါဝင်တဲ့အတွက် အပူထွက်ရှိ မှုကို သက်သာလျော့ပါးစေပါတယ်။ ပါဝါမှာ AC 5V Adaptor ပါဝင်ပါတယ်။

နေရောင်ခြည်သုံး ဓါတ်မီး


နေရောင်ခြည်နဲ့ အားသွင်းပြီး အသုံးပြု လို့ရပြီး ဓာတ်ခဲမလိုတဲ့အတွက် အသုံးပြု သူတိုင်း အဆင်ပြေစေမယ့် နေရောင်ခြည် စွမ်းအင်သုံး လက်နှိပ်ဓာတ်မီးလေးပဲ ဖြစ်ပါတယ်။
ဘက်ထရီ မလိုတဲ့အတွက် သွားလေရာကို အလွယ်တကူ သယ်ယူသွားနိုင်ပါတယ်။ LED မီးသီး သုံးလုံးပါတဲ့အတွက်လည်း မီးရဲ့အရောင်ဟာ သာမန်မီးသီးများထက် ပိုပြီးတောက်ပ ပါတယ်။ ခရီးသွားရာမှာ မိမိရဲ့ အိတ်ကပ်ထဲ ထည့်ယူသွားလို့ရတဲ့ အတွက် ပိုမို အဆင်ပြေ စေပါတယ်။
အနီရောင်၊ လိမ္မော်ရောင်၊ ငွေမင်ရောင် သုံးမျိုးထုတ်လုပ်တင်သွင်းလာတဲ့အတွက် မိမိ ကြိုက်နှစ်သက်ရာ အရောင်ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Sunday, April 3, 2011

မိုးထက်မြင့်မှ ကွန်ပျူတာကို သန့် ရှင်းတဲ့ ဆော့ဝဲ

ကျွန်တော်တို့ Computer သန့်ရှင်းရေးလုပ်တဲ့ Software တွေ ထုနဲ့ထည် ရှိပါတယ်။ ကျွန်တော် အခုတင်ပြမှာကတော့ Portable လေးပါ။ သုံးရတာ ပေါ့ပါသလို စက်လည် မလေးပါဘူး ။ကျွန်တော် အရင်းက တင်ပြခဲ့တာလဲ ရှိပါတယ်။ ဒါကတော့ ပိုအဆင်ပြေမယ်။ Software ကို Install လုပ်စရာမလိုပါဘူး။ဒါကြောင့် အဆင်ပြေမှာပါ။

ဒီမှာ Down ပါ

အသုံးပြုနည်း

1.ဆော့ဝဲလေးကိုဖွင့်လိုက်တဲ့အချိန်မှာ အခုလိုပုံစံလေးနဲ့တွေ့ရပါလိုက်မယ်။





2.အခုဝိုင်းပြထားတဲ့ နေရာလေးဟာတွေကတော့ မိမိတို့ ကွန်ပျူတာကို error စစ်မဲ့ နေရာလေးတွေပဲ ဖြစ်ပါတယ်။



3.ပီးရင် မိမိ error စစ်မဲ့ နေရာလေးတွေကို အမှန်ခြစ်လေးတွေကိုခြစ်ပါ။ ပြီးတော့ start scan ကိုပေးပါ။



4.ပိတ်မယ်ဆိုရင်လည်း အခုပြထားတဲ့နေရာလေးကိုပဲ click ပေးပါ။အသေးစိတ်ကိုတော့ မိမိဘာသာကြည့် လုပ်ကြည့် လိုက်ပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Friday, April 1, 2011

symbian version သုံးဖုန်း မြန်မာလို ဖတ်ရအောင် ထည့်နည်း


Symbian Version သုံးဖုန်းတွေမှာ မြန်မာစာဖတ်လို့ရအောင်ထည့်နည်း


အခုတစ်လော Symbian Version သုံးဖုန်းတွေမှာ မြန်မာစာဖတ်လို့ရအောင် လုံးပန်းနေတာနဲ့ ပို့စ်ကောင်း ကောင်း တွေမရေးဖြစ်တာကြာပြီ။ (အရင်က ရေးဖူးတာကျနေတာပဲ။) Symbian Version 1st Edition ကနေ 5th Edition အထိ
မြန်မာစာဖတ်လို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ တွေ့ပါပြီ။ သို့သော်
အရမ်းကြီးတော့ အဆင်မပြေသေးဘူး။ ကျွန်တော်လဲ ဖတ်ဖတ်ကို ဆာနေပြီ။ မတတ်နိုင်
တော့ဘူး။ မြန်မာနည်းပညာဖိုရမ်တွေကို ၀င်ကြည့်တဲ့အခါမှာ တစ်ချို့က
ဆရာလိုလို၊ နွားလိုလို အကောင်တွေက သူတို့ဘယ်လိုလုပ်ကြတယ်ဆိုတာ
မပြောချင်ကြဘူး။ ဒီအတွက်ကြောင့် နောက်လူတွေ ကျွန်တော့်လို မခံရစေဖို့
ရည်ရွယ်ပြီး ရေးလိုက်တာပါ။ နောက်တစ်ခုက ကျွန်တော့်မှာက ဒီအလုပ်တစ်ခုထဲကို
အာရုံစိုက်ပြီးလုပ်နိုင်တဲ့ အချိန်ပိုမရှိတာကြောင့်လဲပါ တယ်။ အဲဒါကြောင့်
သိတဲ့သူတွေ ဆက်ပြီး လုပ်နိုင်အောင် ကျွန်တော်ရေးလိုက်ပါတယ်။

ပထမဆုံး Symbian Version အတွက် မြန်မာလိုပေါ်အောင်လုပ်ခဲ့သူက ကိုအောင်နိုင်ဦးပဲဖြစ်ပါတယ်။ သူက ပြောထားတာတော့ Unhackable ဖုန်းတွေမှာလည်းပဲ သူရဲ့ Symbianmyanmar ကို သွင်းလို့ရတယ်လို့ဆိုပါ တယ်။
ဒါပေမဲ့ ကျွန်တော့်ဖုန်းက 5th Edition ဖြစ်တဲ့အတွက် သွင်းလို့မရပါဘူး။
အဲဒါနဲ့ ကျွန်တော် ကြံဖန်ပြီး Jailbreak လုပ်ပြီးတော့ Symbianmyanmar ကို
သွင်းကြည့်ပါတယ်။ အဲဒီတော့မှ ရပါတယ်။ ဒါပေမဲ့ မြန်မာ ဖောင့်တွေက ထပ်နေတယ်။
ကျွန်တော် ဖုန်းကနေ မြန်မာလိုရေးထားတဲ့ မေးလ်တွေကို ဖတ်ကြည့်တော့ ကိုယ့်
ဟာနဲ့ကိုယ်တော့ အဆင်ပြေတယ်လို့ပြောရမှာပေါ့။ ကျွန်တော် အချိန်ရရင်ရသလို
ဆက်လက်ရှာဖွေတင်ပြသွား ပါမယ်။ အောက်ကပုံတွေကို ကြည့်ပြီးမှ ကိုယ့်ဖုန်းမှာ
လုပ်သင့်မလုပ်သင့်ချင့်ချိန်ကြပါ။

ကိုဏီပေးထားတဲ့ ကော်မန့်ကိုမြင်ရတာပါ။
ဒါက စေတန်ဂေါ့ရဲ့ဘလော့ကိုမြင်ရတာပါ။

မြန်မာစာပေါ်အောင် အဆင့်ဆင့်လုပ်ဆောင်ခြင်း
၁။ နောက်ပိုင်းပေါ်နေတဲ့ Smart Phone တွေမှာ အပြင်က ဆော့ဖ်ဝဲသွင်းချင်ရင် သွင်းလို့မရဘဲ Certificate Error ပြနေတတ်တာများတယ်။ ဒါကြောင့် ကိုယ်သွင်းချင်တဲ့ Software ကို သွင်းနိုင်အောင်အရင်ဆုံး ဖုန်းကို
Certificate လျှောက်ရမယ်။ (ဖုန်းအားလုံးလုပ်နိုင်ပါတယ်။) လျှောက်ရမယ့်
နေရာက http://cer.opda.cn
ဖြစ်ပါတယ်။ အဲဒီမှာ ပထမဆုံး Register လုပ်ရပါမယ်။ ပြီးရင် Apply Cer
ကနေတစ်ဆင့် ဖောင့်ဖြည့်ရပါမယ်။ ဖောင်မှာ-

phone Model ----
IMEI (*#06#) ---- (*#06#) ကိုနှိပ်ပါ။
Confirm IMEI ----
Remark ---- တွေကို ဖြည့်ရပါမယ်။

အဲဒီစာမျက်နှာအောက်ဆုံးမှာလည်းပဲ လုပ်ရမယ့် Road Map ကို ပုံနဲ့ရှင်းပြထားပါတယ်။ Submit လုပ်ပြီး ခဏစောင့်လိုက်ပါ။ အဲဒါဆို Cer ရပါပြီ။

၂။ Cer ရပြီးပြီဆိုရင် Helloox ကို Singing Softs နှင့် Signed လုပ်လိုက်ပါ။ cer.opda.cn ဆိုက်၏ Menu တွင် ရှိပါသည်။ Signed လုပ်ပြီးမှာ
၎င်းဆော့ဖ်ဝဲကို ဒေါင်းလုပ်ချပြီး ဖုန်းထဲသို့ပြန်သွင်းလိုက်ပါ။
( Install လုပ်နည်းကို ဒီမှာ ဖတ်ကြည့်ပါ။)

၃။ Helloox နှင့် Jail Break လုပ်ပြီးပြီဆိုပါက ကြိုက်သည့် Software များကိုသွင်းနိုင်ပါပြီ။ မည်သည့် Error မှမဖြစ်တော့ပါ။ (ဤအဆင့်ကို မလုပ်ဘဲ နံပါတ် ၃ ကို ဆက်လုပ်နိုင်ပါသည်။)
၎။ မိမိဖုန်းကို အပျိုရည်မပျက် (Jail Break) စေချင်ပါက နံပါတ် (၁)၊ (၂) ကိုမလုပ်ဘဲ Symbianmyanmar ကို Signed လုပ်ပြီး ဖုန်းထဲသို့သွင်းလိုက်ပါ။ Install လုပ်ပြီးပါက ဖုန်းကို Restart ချလိုက်ပါ။ ပြီးလျှင် မြန်မာစာကို
မြင်ရပါမည်။

ပြီးပါပြီ။ ဒီထက်ပိုကောင်းတဲ့ နည်းတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။ ဒီနည်းက မြန်မာစာလုံးဝမမြင်ရတာထက် စာရင် တော်သေးတယ်လို့ပြောနိုင်တဲ့ အဆင့်မှာရှိပါတယ်။ လုပ်မယ်ဆိုရင် ကျွန်တော့်ဖုန်းပုံတွေကို ကြည့်ပြီးမှ
ဆုံးဖြတ်ပါ။ မလုပ်ခင် ဖိုင်တွေကို Backup လုပ်ထားပါ။ နောက်တစ်ခုက
symbianmyanmar ကိုတင်ပြီးရင် Hard Reset လုပ်ပြီးမှသာလျှင်
ဖြုတ်လို့ရပါတယ်။ ကျန်တဲ့နည်းနဲ့ဖြုတ်လို့မရပါဘူး။ မရှင်းလင်းရင်
ကော်မန့်မှာ မေးလို့ရပါတယ်ဗျာ။ ကျွန်တော်သိသလောက် ပြန်မျှဝေပေးပါမယ်။
ဒီထက်ပိုကောင်းတဲ့ တွေ့ရှိချက်များကိုလည်း ပြန်ပြီးဝေမျှပေးကြဖို့
တောင်းဆိုပါတယ်

ဝင်းဒိုး 7 တင်နည်း

window 7 တင်နည်း ( Part 1)

window  7  စတင် တော့ မယ် ဆို ရင် တော့ CD rom နဲ့  မရ ပါ ဘူး  DVD rom  နဲ့ မှ  တင် လို့ ရ ပါ တယ် .. DVD ခွေမို့ ပါ.. စတင် window  မတင် ခင်   boot   အရင်  ဆုံး သွား တွဲ  ပါ... window xp တုန်းက   ကျွန် တော် အသေး စိတ် ရှင်းပြ ခဲ့  ဘူး ပါတယ်boot မှာ 1st boot ကို   dvd rom  ပေး ပြီး ရင် F10   နိပ် ပြီး Y နိပ် ပါ.. save လုပ် ပြီး   reboot ကျ သွား ပါ လိမ့်  မယ် ...reboot ကျ ပြီး ပြန် တက် လာ ပါ  က  press any key boot  from cd   ပေါ် လာ ရင် enter ဒါမှ   မဟုတ် ကြိုက် နစိ သက်ရာ key  နိပ် ပါ စ   တင် loading  run ပါ ပြီ  loading file   ပြီး တာ နဲ့  language install box  ပေါ် လာ  ပါ  လိမ့်  မယ် မိ မိ အသုံး ပြု မဲ့  language ကို ရွေး ချယ် ရ မှာ  ဖြစ် ပါ တယ် ... ပုံ မှာ ပြထား တဲ့  အတိုင်းslect  လုပ်  ပါ ....language install  box  ပြီး တဲ့  အခါ next screenေ န နဲ့ Install  window  box ပေါ် လာ ပါ လိမ့် မယ်   install now  box နဲ့  left corner မှာ   repair your computer  တို့ ပါ  ပါ တယ် .. install  now  ကို click  ပါ ....... ပြီး တာ  နဲ့  please wait screen ပေါ် လာ ပါ  လိမ့် မယ် ...
please wait screen  ပြီး တာ  နဲ့   next screen အနေ နဲ့  က  license terms  box ပေါ် လာ  ပါ   လိမ့် မယ်   ပုံ မှာ ပြထားတဲ့ အတိုင်း
I accept the licenses terms  ကို Tick လုပ် ပြီး  next buttonကိုနိပ် ပါ   next screen ဆက် သွား ပါ လိမ့် မယ်.....  next screen အနေ နဲ့ installation type  ကို  ရွေး ချယ် ရ ပါ လိမ့် မယ် ၂ မျိုး ရှိ ပါ တယ်   အ၇င် window ကို upgrade လုပ်  မှာ လား new တင် မှာ လား  ပါ  upgrade  လုပ် ရင်   window xp ကို   လည်း လုပ် လို့ ရ ပါ တယ် ဒါ ပေမဲ့  error တက် နိင် ပါ  တယ် ... custom (Advanced ) ကို  ရွေးပါ  click လုပ် ပါ .. next screen   ပေါ် လာ ပါ လိမ့် မယ်...
installation  typesေ၇ွး ပြီး ရင် next screen အနေ နဲ့  where do  you want to install window?  box ပေါ် လာ ပါ လိမ့် မယ် မိမိ hard disk   (HDD)   ထဲ မှာ ရှိ တဲ့ ( C,D,E ,F ..etc)  စတဲ့ partition   ပိုင်း တွေ ပေါ် လာ ပါ လိမ့် မယ်   မိမိ install လုပ် မဲ့ partition  ကို ရွေး ပါ  ... အ၇င် windowရှိ တဲ့  partition  ပိုင်း ကိုေ၇ွး ပါ များ သော အား ဖြင့်  C partition ပိုင်း မှာ window install လုပ် ကြ ပါ တယ်... အ၇င် ဆုံး  c  ကို  ရွေး ပါ  ပြီး ရင်   delete   ဆို တာ ရှိ ပါ တယ်  နိပ် ပါ ပြီး   ရင်  အဲ့ ဒီ   c partition က မရှိ တော့ ပါ ဘူး   create new  partition လုပ် ရန် new ကို နိပ် ပါ  ပြီး ရင်   sizqဆို တဲ့ box လေး မှာ  free ဖြစ် သွား တဲ့ MB ကို ပြ ပါ တယ်  apply ပေး လိုက် ပါ  create လုပ် ပြီး  သွား ပါ ပြီ ပြီးရင်  format နိပ် ပါ  ပြီါ် ရင် c partition ကိုရွေး ပြီး  next button ကို နိပ် ပါ စတင် install လုပ် ပါ စ တင် ပါ ပြီ  window 7  install .. အသေးစိတ် ကို ပုံ တွင် ရှင်း လင်း စွာ ကြည့် ရှု နိင် ပါ တယ် ......
ကျွန် တော် အချိန် မလောက် လို့  part 1 ကို အ၇င်  တင် ပြ လိုက် ပါ တယ်  part 2 ကို tomမှ ပဲ  ဆက်  လက် ရးသား ပေး ပါ့ မယ် ... ရေးသား ရာ မှာ အမှား များရှိလျှင် ခွင့် လွတ် ပေး ကြ ပါ လို့  ပြော ချင် ပါ တယ်.. အသိ ပညာ တစ် ဦး ကို တစ် ဦး ဖြန့် ဝေ ခြင်း က မင်္ဂလာ တစ် ပါး  ပါ ... မိမိက နေ  အခြား မသိ   သေး တဲ့ သူကို ဖြန့် ဝေ ... အဲ့ ဒီ လူ က လည်း ကို သိ ပြီး တာ ကို နောက် လူ ကို ဖြန့် ဝေ ရင်း  အသိ ပညာ များ တိုးပွားကြ ပါ စေ  လို့ ဆု တောင်းလိုက် ပါ တယ်

Sunday, March 27, 2011

youtube ဗွီဒီယိုမှ mp3 သို့ပြောင်းနည်း


youtube မှာကိုယ်လိုချင်တဲ့သီချင်းတွေ့ပြီဆိုရင် ဘေးနားက tab နောက်တစ်ခုဖွင့်လို့က်ပါ.
ပုံပါအတိုင်းtab နောက်တစ်ခုဖွင့်ပြီးပြီဆိုရင် ညာဘက်မှာ youtube to mp3 ဆိုပြီးရိုက်လိုက်ပါ.
ပြီးရင် Enter ခေါက်လိုက်ပါ.ဒီလိုမျိုးလေးပေါ်လာပါလိမ့်မည်. မြှားဝိုင်းထားတဲ့စာကိုကလစ်လိုက်ပါ.အပေါ်ပုံလေးအတိုင်းပေါ်လာပါမယ်.ပြီးရင် youtube က ကိုယ်လိုချင်သောသီချင်းရဲ့လင့်ကို copy ယူလိုက်ပါ.မြှားပြထားတဲ့နေရာမှာ paste ပေးလိုက်ပါ.ပြီးရင် Enter ခေါက်လိုက်ပါ.ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်တော့ mp3 ဒေါင်းလို့ရပြီပေါ့...။

ကဲ
သူငယ်ချင်းတို့
ကိုယ်လိုချင်တဲ့သီချင်းတွေကို
အဆင်ပြေစွာဒေါင်းယူနိုင်ကြပါစေဗျာ.....။