Labels
1.
2.
3. !-ပအိုဝ်>
Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts
Thursday, November 18, 2010
ပုံပြင်လေးပါ
"ရှေ့ ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နှောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏တဲ့  "
နွားတွေဟာ စားကျက်ရှိရာကို အုပ်စုလိုက် သွားလေ့ရှိကြတယ် သူငယ်ချင်းတို့ ရေ
အဲ့ဒီအချိန်မှာ ရှေ့ ဆုံးကသွားတဲ့ နွားကို နွားလားဥဿဖ (နွားတို့ ရဲ့ ခေါင်းဆောင်)
လို့ ခေါ်တယ် အဲ့ဒီနွားလားကြီးက ရှေ့ ကနေ ဖြောင့်ဖြောင့်တန်းတန်းသွားမှ နောက်က
လိုက်တဲ့ နွားတွေလည်း ဖြောင့်ဖြောင့် တန်းတန်း ပါလာနိုင်တယ် ရှေ့ ဆုံးနွားက ကောက်
ကောက်သွားရင် နောက်နွားတွေကလည်း ကောက်ကောက်ကွေ့ ကွေ့ ပါလာမှာပဲ
အဲ့ဒီသဘောကို အခြေခံပြီး ဒီစကားပုံကလေး ဖြစ်ပေါ်လာတာပေါ့ သူငယ်ချင်းတို့ ရေ.......
အဓိပ္ပါယ်ကတော့ ရှင်းရှင်းလေးပါပဲကွယ် "ခေါင်းဆောင်ဖြစ်တဲ့သူဟာ ရှေ့ ကမှန်မှန် ကန်ကန်
လုပ်ရမယ် ရဲရဲရင့်ရင့်ရင်ဆိုင်ရမယ် ဖြောင့်မတ် တည်ကြည်ရမယ်" ဆိုတဲ့သဘောပေါ့
ဒါမှလည်း နောက်လိုက် ငယ်သားတွေက မမှန်မကန် မကြံစည် မလုပ်ရဲကြဘဲ လမ်းပြသူရဲ့ 
ဆန္ဒအတိုင်း တစ်သဝေမတိမ်း လိုက်နာကြမှာဖြစ်တယ်....
သူငယ်ချင်းတို့ လည်း ဒီစကားပုံလေးအတိုင်း လိုက်နာ ကျင့်သုံး ကြရမယ်နော် တစ်နေ့ နေ့ 
တစ်ချိန်ချိန်မှာ သူငယ်ချင်းတို့ တွေလည်း ရှေ့ ဆောင်လမ်းပြ ဦးစီး ခေါင်းဆောင်မဲ့ ဘ၀ကို
မရောက်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲအဲ့ဒီအခါမှာ မှန်ကန်တိကျ ဖြောင့်မတ် တည်ကြည်
သူတွေဖြစ်ဖို့ လိုတယ် သူငယ်ချင်းတို့ ......
အဲ့လိုပဲ သူငယ်ချင်းတို့ အနေနဲ့  ရှေ့ ဆောင် ညွှန်ပြသူ တစ်ဦးတစ်ယောက်ရဲ့ နောက်ကနေ
လိုက်ပါရတဲ့ အခါမျိုးလည်း ကြုံရလိမ့်မယ်......
ဥပမာ သူငယ်ချင်းတို့ ရဲ့  မိဘ ၊ဆရာ ၊အတန်းခေါင်းဆောင် ၊အသင်းခေါင်းဆောင်၊ စသဖြင့်
ပေါ့နော် အဲ့ဒီလို ဦးဆောင်သူရဲ့  နောက်က လမ်းချော်မထွက်ဘဲ လိုက်ပါနိုင်အောင် ကြီုးစား
ရမယ် လမ်းဖြောင့်အတိုင်း လိုက်တတ်အောင်လည်း သူငယ်ချင်းတို့  မျက်ခြည်မပြတ်အောင်
သတိရှိကြဖို့  လိုတယ် သူငယ်ချင်းတို့ ....
ဒါကြောင့် ဒီစကားပုံလေကို သူငယ်ချင်းတို့  တစ်သက်လုံး မမေ့ မလျော့ ရှိကြဖို့  ဖူး သတိ
လေးပေးပြီး ဒီစကားပုံလေးကို ဖူးတင်ပြလိုက်ပါတယ်ရှင်......
လူဘောင်လောက ကြီးကာ ၊
စည်းစနစ်၊
အကန့် အသတ်၊
လူ့ စည်းကမ်းနှင့်၊
အုပ်ချုပ် မှု ရှိခြင်းကို၊
သဘောပေါက်ထားရမည်.....
Subscribe to:
Posts (Atom)