Wednesday, March 23, 2011

ကိုယ့်ဘလောက်ကို အသဲပုံလေး ကျစေချင်ရင် kp3 မိသားစုမှ

အခုတလောအလုပ်တွေကြောင့်ဘလော့ဘက်ကိုလုံးဝမကြည့်နိုင်ဘူးဖြစ်နေတယ်။ကေပီသရီးဘလော့ကိုအစဉ်မြဲလာရောက်ကြည့်ကြတဲ့ဘလော့မိတ်ဆွေတွေ
ကိုလည်းအရမ်းဘဲအားနာပါတယ်ကျေးဇူးလည်းအထူးတင်ပါတယ်။အချိန်ရတဲ့အတွင်းမှာဘလော့မှာဘလော့မိတ်ဆွေတွေအတွက်အသစ်လေးထပ်တင်ပေးလိုက်
ပါတယ်။ဘလော့မှာအသဲနှလုံးပုံသူများနှင့်မတူအောင်ဘလော့မှာကျလာတာလေးထည့်ချင်တဲ့ဘလော့မိတ်ဆွေတွေအတွက်တင်ပေးလိုက်ပါတယ်။ကုဒ်ကတော့
ရှင်းရှင်းလေးပါဘဲ။အောက်မှာထည့်နည်းနဲ့တကွကုဒ်၊ပုံ


အီးမေးလ်နဲ့Commentsမှာတောင်းဆိုထားတာတွေကိုကျတော်အချိန်ရတာနဲ့ဦးစားပေးပြန်ဖြေသွားမှာဖြစ်ပါတယ်။
အောက်ကကုဒ်ကိုDesign>>>Add a Gadget>>>HTML/JavaScript Add မှာထည့်ပေးလိုက်ပါ။
  1. <!-Kp3နည်းပညာ-http://kp3family.blogspot.com-->   
  2. <script type="text/javascript" src="http://yourjavascript.com/10151105930/kp3family.txt.js"></script>  
  3. <!--kp3Falling Hearts-http://kp3family.blogspot.com-->      

Tuesday, March 22, 2011

ဆိုက်အတွက် အသုံးဝင်မဲ့ အရာလေးတွေပါ

အခုတင်တဲ့ Post လေးကတော့ဘလော့နှင့်ဝက်ဆိုက်အတွက်အသုံးဝင်တဲ့ Tool ၉ ခုဖြစ်ပါတယ်။ သိပြီးကြတဲ့ မိတ်ဆွေတွေများသလိုအခုနောက်ပိုင်းမြန်မာဘလော့ဂါအသစ်တွေပိုးပြီးတိုးလားလို့ထပ်တင်ပေးလိုက်တာပါ။ ဘလော့မှာအသုံးဝင်တဲ့ဟာလေးတွေပါ။ ဘလော့ကိုအခုမှအသစ်စလုပ်တဲ့ မိတ်ဆွေတွေအတွက် တင်လိုက်တာ ပါ။ အောက်မှာပုံနဲ့တကွလင့်ခ်တွေပြထားပေးပါတယ်။

၁။Google Translate:



 ၂။Cbox:



 ၃။Yahoo Media Player:


၎။Google Talk Badge:






 ၅။ZOHO Creator

၆။Web2PDF Online


၇။whos.amung.us


၈။ShareThis or AddThis



၉။Outbrain Star Ratings Widget


မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေချင်ပါတယ်၊
ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု 

labels ထည့်နည်း k3p မှ

လို့ခေါ်တဲ့ပိုစ်အမျိုးအစားထည့်နည်း

Jan 24
ခဏခဏအမေးခံရလို့ပိုစ်မှာတင်လိုက်ပါတယ်။ကေပီသရီးကMenuတင်တိုင်းမှာဥပမာလင့်ခ်ကိုhttp://kp3family.blogspot.comဆိုပြီးနာမူနာပေးလျှက်ရှိပါတယ်။ဘလော့ကိုစလုပ်တဲ့
ဘလော့မိတ်ဆွေအချို့ကအဲဒီkp3ရဲ့လင့်ခ်နေရာမှာသူတို့ရဲ့လင့်ခ်ကိုတိုက်ရိုအစားထိုးတော့သူတို့ကဘာမှတက်မလားဘူးလို့ပြောကြပါတယ်။ဘယ်တက်လာမလဲအဲဒီလင့်ခ်ကဘလော့
Homepageလင့်ခ်လေးဒါကြောင့်မိမိရေးတဲ့ပိုစ်အမျိုးအစားရဲ့နာမည်ကိုအောက်ကပုံမှာပြထားတဲ့ပိုစ်တင်တိုင်းအောက်မှာထည့်ပေးဖို့လိုအပ်ပါတယ်။မိမိတင်တဲ့ပိုစ်ကကဗျာအမျိုးအစားဆိုရင်
Labels:ရဲ့ရှေ့မှာကဗျာဆိုပြီရေးပေးလိုက်ပါ။ဥပမာ-သီချင်းတင်ရင်Labels:ရှေကမှာသီချင်းပေါ့နော်။မိမိတင်တဲ့ပိုစ်ကိုမိမိကြိုက်တဲ့အမည်ပေးလို့ရပါတယ်။အရင်ကပိုစ်အမျိုးအစားကို
မထည့်မိတဲ့ဘလော့မိတ်ဆွေကလဲအခုပြန်ထည့်လို့လဲရပါတယ်။အောက်မှာပုံနဲ့တကွပြထားပေးပါတယ်။ဘလော့မိတ်ဆွေအားလုံးကိုခင်မင်လေးစားလျှက်ကေပီသရီးမိသားစု
မှတ်ချက်။   ။   ။
အောက်မှာဥပမာလင့်ခ်ထပ်ပေးထားပါတယ်။ကဗျာနေရာမှာမိမိပိုစ်တင်လိုက်ပြီးLabels:နာမည်ပိုစ်အမျိုးအစားကိုပေးလိုက်နာမည်ကိုရေးပေးပါ။kp3family.blogspot.comနေရာမှာမိမိရဲ့ဘလော့
လင့်ခ်ကိုရေးပေးလိုက်ပါ။မရှင်းတာရှိရင်Commentsမှာရေးခဲ့ကြပါလို့ပြောချင်ပါတယ်။
http://kp3family.blogspot.com/search/label/ကဗျာ


Saturday, March 12, 2011

ဂျပန် နိုင်ငံဆူနာမီ

b35023
မတ်လ ၁၁ ရက်နေ့တွင် ဂျပန်နိုင်ငံ၌ အင်အား ၈ ဒသမ ၉ ရစ်ခ်ျတာ စကေးရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး အင်အားကြီး ဆူနာမီလှိုင်းလုံးများ ဖြစ်ပေါ်ခဲ့ကာ ကမ်းရိုးတန်းတစ်လျောက်ရှိ သင်္ဘောများ ကမ်းတင် တိုးတိုက်မိကာ
ကမ်းရိုးတန်းမြို့များ ပြင်းထန်စွာ ရိုက်ခတ်ခဲ့ကြောင်း သိရသည်။
ဟွန်ရှူးကျွန်းမကြီး မီယာဂီ ပစိဖိတ်ကမ်းရိုးတန်း ဧရိယာတွင် လူအမြောက်အမြား ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူ အရေအတွက်ကိုမူ မသိရသေးပေ။ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် လူသန်း ၃၀
နေထိုင်သည့် ကမ္ဘာ့ အကြီးဆုံးမြို့ပြဧရိယာ တိုကျိုမြို့တော်တွင်လည်း အဆောက်အအုံများ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားခဲ့ပြီး ဒဏ်ရာရမှုနှင့် သေဆုံးမှုများ ရှိခဲ့သည်ဟု သိရသည်။
မီယာဂီစီရင်စုရှိ ဆန်ဒေးအရပ်တွင် ဆူနာမီကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးကြီးများမှာ ၃၃ ပေအထိမြင့်ပြီး အချို့နေရာများတွင် ၁၀ ပေအကျော် အမြင့်ရှိခဲ့သည်။တိုကျိုတွင် မြေအောက်ရထားလမ်းများ ရပ်ဆိုင်းသွားခဲ့ပြီး အရေးပေါ် ဥသြဆွဲသံများ ဆူညံနေသည်။ ငလျင်သည် တိုကျိုမြို့ အရှေ့မြောက်ဘက် ၂၃၇ မိုင် အကွာတွင် စတင် လှုပ်ခတ်ခဲ့ပြီး အစောပိုင်းက အင်အား ၇ ဒသမ ၉ ရှိသည်ဟု တွက်ချက်ခဲ့ရာမှ ယခုအခါ အမြင့်ဆုံးအင်အား ၈ ဒသမ ၉ ဟု ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ဂျပန်သည် ပစိဖိတ် အန္တရာယ်စက်ဝန်း Pacific ring of fire ပေါ်တွင် တည်ရှိပြီး မီးတောင်များ ပေါများသည့်အရပ် ဖြစ်သလို တိုကျိုသည် အန္တရာယ်အကြီးဆုံး ဧရိယာများအနက်မှတစ်ခု ဖြစ်သည်။ ဂျပန်အပြင် တရုတ်တိုင်ပေ၊ ရုရှား၊ မာရီယာနာကျွန်းများတွင်လည်း ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။
ဂူအမ်ကျွန်း၊ ဖိလစ်ပိုင်၊ မာရှယ်ကျွန်းစု၊ အင်ဒိုနီးရှား၊ ပါပူအာနယူး ဂီနီ၊ နော်ရူး၊ မိုက်ခရိုနီးရှား၊ ဟာဝိုင်အီ တို့တွင်လည်း အနိမ့်စားဆူနာမီ စောင့်ကြည့်မှု ပြုလုပ်နေသည်။
b35024
တိုကျိုမြို့သည် ယူရေးရှား၊ ပစိဖိတ်နှင့် ဖိလစ်ပိုင် ပင်လယ်ကျောက်လွှာချပ် သုံးခုစုံရာတွင် တည်ရှိပြီး ယင်းတို့သည် တဖြည်းဖြည်းချင်း အချင်းချင်း တိုးတိုက်နေသောကြောင့် အန္တရာယ်ကြီးသည့်ဒေသ ဖြစ်သည်။ အစိုးရ
ငလျင်သုတေသန ကော်မတီက  တိုကျိုမြို့လယ် တည်ဆောက်ထားရာ ကန်တိုမြေပြန့်တွင် လာမည့် နှစ် ၃၀ အတွင်း အင်အား ၈ နှင့်အထက်ရှိသည့် ငလျင်လှုပ်ခတ်နိုင်ချေ ၇၀ ရာခိုင်နှုန်းရှိကြောင်း ခန့်မှန်းထားခဲ့သည်။
နောက်ဆုံးအကြိမ် တိုကျိုတွင် အကြီးအကျယ် လှုပ်ခတ်ခဲ့သည်မှာ ၁၉၂၃ မဟာကန်တိုငလျင် ဖြစ်ပြီး ထိုစဉ်က လူ ၁၄၀၀၀၀ သေဆုံးခဲ့ကာ အများစုမှာ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးခြင်း ဖြစ်သည်။
၁၈၅၅ ခုနှစ်က အန်ဆေးအဲဒိုငလျင် လှုပ်ခတ်စဉ်က တိုကျိုတစ်မြို့လုံး ပျက်စီးသွားခဲ့ဖူးသည်။ ဂျပန်တွင် နောက်ဆုံးလှုပ်ခတ်ခဲ့သည့် အင်အားအပြင်းဆုံးငလျင်မှာ ကိုဘေးငလျင် ဖြစ်ပြီး လူ ၆၄၀၀ သေဆုံးခဲ့သည်။

Tuesday, March 1, 2011

နေပြည်တော် လေယာဉ်ကွင်း

Naypyidaw_Air_Port2
နေပြည်တော် နိုင်ငံတကာ လေဆိပ် နမူနာ ပုံစံ။ (ဓာတ်ပုံ - Great Myanmar)


နေပြည်တော်ရှိ အေလာ၌ နိုင်ငံတကာ အဆင့်မီဖြစ်အောင် တိုးချဲ့တည်ဆောက်နေသော လေဆိပ် စီမံကိန်းတွင် တရုတ်ကုမ္ပဏီ တခုက အမေရိကန် ဒေါ်လာ သန်း ၁၀၀ ဖြင့် ဝင်ရောက် လုပ်ကိုင်မည် ဟု သိရသည်။

ယမန်နှစ် နိုဝင်ဘာလအတွင်းက ဝန်ကြီးချုပ် ဦးသိန်းစိန်သည် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ပြုလုပ်သည့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ တရုတ်နိုင်ငံတို့ တက်ရောက်သည့် စီအယ်လ်အမ်ဗီနှင့် အက်မက်စ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကြောင်း၊ ထို့နောက် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တရုတ် ဆက်သွယ်ရေးဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီ (CCC) နှင့် စစ်အစိုးရတို့ နေပြည်တော် လေဆိပ်တိုးချဲ့ရေး စီမံကိန်းအတွက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဇန်နဝါရီလ ၃ ရက်နေ့ထုတ် ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာတွင် ရေးသားထားသည်။

နေပြည်တော် လေဆိပ် တိုးချဲ့တည်ဆောက်ရေးအတွက် အေးရှားဝေါလ် ကုမ္ပဏီကိုလည်း ဒေါ်လာ သန်း ၂၅၀ ဖြင့် တည်ဆောက်ခွင့် ပေးထားသေးကြောင်း ပြည်တွင်း စီးပွားရေးသမားတဦးက ပြောသည်။

နေပြည်တော် နိုင်ငံတကာ လေဆိပ်တွင် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင် လေယာဉ်များ ဆိုက်ကပ်နိုင်မည့် အဆောက်အအုံ၊ လေယာဉ်ပြေးလမ်းများနှင့် ပြည်တွင်း ခရီးစဉ် အသုံးပြု အဆောက်အအုံသစ်များကို တပြိုင်နက်တည်း ဆောက်လုပ်လျက်ရှိပြီး ၂၀၁၁ ခုနှစ်အစောပိုင်းတွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားကြောင်း Eleven မီဒီယာက ယမန်နှစ်ကုန်ပိုင်းတွင် သတင်းရေးသား ဖော်ပြခဲ့သည်။

စင်ကာပူအခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဌာနမှ သုတေသီ မစ္စတာ ပါဗင် ချာချာဗယ်ပုံပွန်က တရုတ်နှင့် မြန်မာ စီးပွားရေး ဆက်ဆံမှု တိုးမြင့်လာသော်လည်း သံသယနှင့် မယုံကြည်မှုများ ရှိနေခြင်းနှင့် ပတ်သက်၍ “တရုတ်ကနေပြီး အကြီးအကျယ် လာရောက် ရင်းနှီးမြှုပ်နှံနေတာကို မြန်မာ အစိုးရက အမြဲ ကြိုဆိုနေသည့်တိုင် ဒီ ရင်းနှီးမြှုပ်နှံမှုတွေကို တခါတလေမှာ သံသယတွေနဲ့ လက်ခံရတာ ဖြစ်ပါတယ်” ဟု အဆိုပါ South China Morning Post သတင်းစာသို့ ပြောထားသည်။

လေဆိပ်အသစ် တည်ဆောက်ရေးအပြင် တရုတ် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေး ကုမ္ပဏီ Sinohydro ကလည်း မြန်မာနိုင်ငံတွင် တရုတ်ယွမ်ငွေ သန်း ၉၀.၈ တန်ဖိုးရှိသည့် ကီလိုဝပ် ၁၂၀,၀၀၀ ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ် စီမံကိန်းတခု တည်ဆောက်မည်ဟု သိရသည်။

၂၀၁၀ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၈.၂ ဘီလီယံ ရှိပြီး ၅ ဘီလီယံမှာ  ရေအားလျှပ်စစ် စီမံကိန်းများ၌  မြုပ်နှံထားသည်ဟု သိရှိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုများကို ပိုမို တိုးမြှင့်ခဲ့ရာ ယမန်နှစ် ဇွန်လအတွင်း က တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် စီးပွားရေးဆိုင်ရာ နှစ်နိုင်ငံ သဘောတူ စာချုပ်အများအပြား ချုပ်ဆိုနိုင်ခဲ့သည်။

တရုတ် ၀န်ကြီးချုပ်၏ ခရီးစဉ်အပြီးတွင် တရုတ် အကြီးစား လက်နက် ကုမ္ပဏီတခုဖြစ်သည့် Norinco သည် မုံရွာမြို့အနီးရှိ ကြေးစင်တောင်မှ ကြေးနီများထုတ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်။

ထို့အပြင် မန္တလေးတိုင်း ရွှေလီမြစ်ရိုး အနီးရှိ တကောင်းမြို့နှင့် မြတောင်ရွာအကြားတွင် နီကယ်လ်စက်ရုံတခု တည်ဆောက်နေကြောင်း၊ ထွက်ရှိသည့် နီကယ်လ်နှင့် ခရိုမိုက် သတ္တုများကို ထုတ်ယူပြီး တရုတ်ပြည်သို့ တင်ပို့မည် ဖြစ်ကြောင်း၊ ယခုနှစ် ဇွန်လတွင် စတင်လည်ပတ်နိုင်မည်ဟု သိရကြောင်း တကောင်းမြို့ ခံတဦးက ဧရာဝတီသို့ ပြောသည်။

“စက်ရုံဆောက်တဲ့ အလုပ်သမားကအစ တခါတည်း တရုတ်က ခေါ်လာတာ၊ ၂၀၀၀ လောက်ရှိတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်လူမျိုး အများအပြား ရောက်ရှိနေသည့်အတွက် ဒေသအတွင်း၌ မြန်မာလူငယ်နှင့် အမျိုးသမီးများအကြား လူမှုရေးနှင့် အကျင့်စာရိတ္တ ပျက်ပြားမှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်နေကြောင်း အဆိုပါမြို့ခံက ဆက်လက်ပြောပြသည်။

ထို့အပြင် အရှေ့တောင်အာရှ နိုင်ငံများနှင့် တရုတ်နိုင်ငံသို့ ဆက်သွယ်ပေးမည့် မီးရထားလမ်းစီမံကိန်း၏ တစိတ်တပိုင်းဖြစ်သည့် ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ရန်ကုန်မြို့သို့ ဆက်သွယ်သည့် မီးရထားလမ်းကိုလည်း ယခုနှစ်အတွင်းတွင် စတင် ဖောက်လုပ်မည်ဖြစ်သည်။

အဆိုပါ ကူမင်း-ရန်ကုန် လမ်းပိုင်းသည် အရှည် ကီလိုမီတာ ၁၉၂၀ ရှိပြီး ၁ နာရီလျှင် ကီလိုမီတာ ၂၀၀ နှုန်း မောင်းနှင်နိုင်မည် ဖြစ်ကြောင်း၊ ယူနန်ပြည်နယ် ကူမင်းမြို့ကို ဗဟိုထားပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့သို့ ဖောက်လုပ်သွား မည်ဖြစ်ပြီး ထိုင်းနိုင်ငံကိုလည်း ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ ဘင်္ဂလားပင်လယ်အော် အတွင်းရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်း၊ ရှမ်းပြည်နယ်ကို ဖြတ်ပြီး တရုတ်နိုင်ငံကူမင်းမြို့သို့ သယ်ယူမည့် စီမံကိန်းကိုလည်း တရုတ်ကုမ္ပဏီများက စတင်လုပ်ကိုင်နေပြီ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည်ခရီးစဉ် အပြီးတွင် တရုတ်အစိုးရက မြန်မာ စစ်အစိုးရကို ယွမ် ဘီလီယံ ၃၀ (အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံ) အတိုးမဲ့ ထုတ်ချေးရန် သဘောတူခဲ့သည်။

မလေးရှားက ရေပြင်ပေါ် မြေပြင်ပေါ် အသုံးပြုနိုင်သော စက်တပ်လှေ


မလေးရှားနိုင်ငံသည် ရေပြင်ပေါ်တွင်ရော၊ မြေပြင်ပေါ်တွင်ပါ အသုံးပြုနိုင်သော အတင့်မြင့်စက်တပ်လှေကို ၀ယ်ယူရန်အတွက် အစိုးရထံမှ ခွင့်ပြုချက်ရရှိပြီ ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီး Datuk Seri Ahmad Zahid Hamidi က မလေးရှားသည် ကမ္ဘာပေါ်တွင် ရေပြင်၊ မြေပြင်သွား အဆင့်မြင့်စက်တပ်ယာဉ်ကို ပထမဦးဆုံး အသုံးပြုနိုင်မည့် နိုင်ငံဖြစ်လာမည့်အပြင် ကမ္ဘာအနှံ့ အပြားသို့  ရောင်းချရာ အချက်အချာ ဗဟိုနေရာလည်း ဖြစ်လာမည်ဟု ဆိုသည်။ ၎င်းက ဆက်လက်၍ ကျွန်တော်လေ့လာသုံးသပ်လို့ ရသလောက်ဆိုရင် ရေတပ်တခုတည်းအတွက်သာ အခွင့်ထူးခံအနေဖြင့် အသုံးချမည်မဟုတ်၊ လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးအတွက် အသုံးပြုရန် သင့်တော်ပါတယ် ဟုဆိုသည်။

၎င်းက ဆက်လက်၍ အဆိုပါစက်တပ်လှေကို မည်သည့်နေရာတွင် အသုံးပြုရမည်ဟု သိသည်နှင့် တပြိုင်တည်း စတင်ဝယ်ယူမည်ဖြစ်ကြောင်း၊ အထူးသဖြင့်  နိုင်ငံ၏ အချူပ်အချာအာဏာကို ကာကွယ်စောင့်ရှောက်ရာတွင် ကူညီပံ့ပိုးရာတွင် ဖြစ်ကြောင်းဆိုသည်။


မြေပြင်၊ ရေပြင် စက်တပ်လှေသည် အခြားသော အဖွဲ့ အစည်းများအတွက်လည်း အသုံးဝင်ကြောင်း၊ ပင်လယ်ပြင် ကယ်ဆယ်ရေးလုပ်ငန်းများ၊ အထူးသဖြင့် ရေကြီးသောအခါ ကယ်ဆယ်ရေးလုပ်ငန်း များ လုပ်ရန်အတွက် အထူးသင့်လျော်ကြောင်း သတင်းစာဆရာများအား ပြောကြားသည်။

လက်ရှိတွင် မြေပြင်ရေပြင်သွား စက်လှေသည် ကယ်လန်တန်မှ လန်ကာဝီ၊ လန်ကာဝီ နိုင်ငံတကာရေကြောင်းနှင့် လေကြောင်းသိပ္ပံပြပွဲ (၂၀၀၉) တို့အတွင်း  ၁၆၀၀ ကီလိုမီတာ ရှည်လျားသော ၄ ၇က်ကြာခရီးကို စတင်မည်ဖြစ်သည်။ စက်တပ်လှေထုတ်လုပ်သူ ကုမ္ဗဏီပိုင်ရှင် Wright က (၇.၁) မီတာရှည်လျားကာ လူ(၈) ယောက် ထိုင်စီးနိုင်သော မြေပြင်၊ ရေပြင်သွား လှေတစ်စင်းကို ထုတ်လုပ်ရန် အချိန် ၅ နှစ်ခန့်လိုအပ်ပြီး ရင်းဂစ် ငွေ ၃ သိန်း ၆ သောင်း လိုအပ်ကြောင်းပြောကြားသည်။

မလေးရှားရောက် မြန်မာ ဖတ်ကြည့်ပါ အပြည့်အစုံ

myanmar(မလေးရှားရောက် မြန်မာတဦးက ဧရာဝတီကို ရေးသား ပေးပို့လာတာပါ။ ဓာတ်ပုံမှာ ပါသူကတော့ ကိုချန်ဖုန်းပါ။ ကျန်တယောက်ကတော့ ဆေးရုံမှာပဲ ရှိပါသေးတယ်)

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၊ စီတားပါက် (Setapack)၊ Genting Klang လမ်းပေါ်ရှိ Chong Fatt တရုတ်စားသောက်ဆိုင်တွင် အလုပ်လုပ်နေသော ကချင်ဒုက္ခသည် ၂ ဦးသည် လုပ်ငန်းခွင်၌ မီးလောင်ခံရသော်လည်း အလုပ်ရှင်များက တာဝန်မယူသည့်အပြင် ဆေးရုံသို့လည်း ပို့ဆောင်ပေးခြင်း မရှိကြောင်း သိရသည်။

မီးလောင်ခံရသော ကိုချန်ဖုန်း (၂၉) နှစ်နှင့် ကိုဂွမ်ဆန်အောင် (၂၈) နှစ် တို့သည် ပြီးခဲ့သည့် အောက်တို ဘာ ၉ ရက်၊ စနေနေ့တွင် စားသောက်ဆိုင်၏ စားဖိုဆောင်တွင် အလုပ်လုပ်နေစဉ် ဂက်စ်ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် တခြား မလေးရှားနိုင်ငံသား အလုပ်သမား တရုတ် ၃ ဦးနှင့်အတူ မီးလောင်ခံရသည်။

စားသောက်ဆိုင်၏ စာဖိုဆောင်တွင် ဂက်စ်မီးဖို ၅ လုံးအနက် တလုံးမှာ ချွတ်ယွင်းချက်များရှိကြောင်း ဆိုင်ရှင်ကို အသိပေးထားသော်လည်း ကြိုတင် ပြုပြင်ခြင်းမရှိကြောင်း၊ အခင်းဖြစ်သည့်နေ့ကမှ တခြားမီးဖိုများကို အသုံးပြုနေစဉ်အတွင်း ပြုပြင်ရာမှ ပေါက်ကွဲမှု ဖြစ်ရကြောင်း သိရသည်။


ဂက်စ်လိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဆိုင်ရှင်များမှ နိုင်ငံသား အလုပ်သမား ၃ ယောက်ကို ဆေးရုံအရေးပေါ်ကား ခေါ်ပြီး ရဲစခန်းထောက်ခံစာလုပ်ကာ ဆေးရုံသို့ ပို့ပေးသော်လည်း မြန်မာနိုင်ငံသား ဒုက္ခသည် ၂ ဦးကို ချန်ထားခဲ့သည်။

ထိုစဉ် အတူအလုပ်လုပ်သော တခြား မလေး-တရုတ်လူမျိုး အလုပ်သမားတယောက်က သူ၏ကားနှင့် နီးစပ်ရာဆေးခန်းသို့ ပို့ဆောင်ပေးသော်လည်း ဆေးခန်းက လက်မခံဘဲ ဆေးရုံကြီးသို့သာသွားရန် ပြောသည်။

ဆေးခန်းမှတဆင့် ကွာလာလမ်ပူ၊ ချိုကစ်ဆေးရုံးကြီးသို့ ဆက်သွားရာ ဆေးရုံတွင်လည်း ရဲစခန်းထောက်ခံစာ
မပါ၍ဟုဆိုကာ အရေးပေါ်ဌာနတွင် လက်မခံဘဲ အပြင်၌သာ စောင့်ခိုင်းထားခဲ့သည်။

သူငယ်ချင်းဖြစ်သူ ကိုလရော်က ချိုးကစ်ရဲစခန်းသို့ ရဲစခန်းထောက်ခံစာ သွားတောင်းရာ ရဲစခန်းမှလည်း
အဖြစ်အပျက်ကို မေးမြန်းပြီး ဆူပူကာ ၃ နာရီခန့်ကြာမှ ထောက်ခံစာ ပေးသည်။

ညနေ ၃ နာရီဝန်းကျင်တွင် ဆေးရုံရောက်သော်လည်း ညသန်းခေါင်ကျော် ၁၂ နောက်မှ ဆေးကုသခွင့်ရခဲ့သည်။ နံနက် ၄ နာရီအချိန်ခန့်တွင် ရဲထောက်လှမ်းရေးများက ကိုလရော်ကို ပြန်ခေါ်ပြီး အဖြစ်အပျက်ကို ထပ်မံ စုံစမ်းမေးမြန်းသော်လည်း အလုပ်ရှင်ကို အရေးယူခြင်း မပြုပေ။

အလုပ်ရှင်ကလည်း မီးလောင်ခံရသော မြန်မာဒုက္ခသည် အလုပ်သမား နှစ်ဦးကို မသိဟု ဗြောင်ငြင်းသည်။


သူငယ်ချင်းများအတွက် ရဲစခန်းသို့ ထောက်ခံစာ သွားတောင်းပေးသော ကိုလရော်ကိုလည်း အလုပ်မှ
ထုတ်ပစ်လိုက်သည်။

အလုပ်ရှင်က မိမိ၏ လုပ်ငန်းခွင်တွင်ထိခိုက်ဒဏ်ရာရသော ဒုက္ခသည်အလုပ်သမား နှစ်ဦးအတွက်
ဆေးကုစရိတ်နှင့် နစ်နာကြေးများအတွက် လုံးဝ တာဝန်မယူပေ။

မီးလောင်ခံရသောသူ နှစ်ဦးအနက် တဦးက ဆေးရုံမှဆင်းပြီး မိမိ၏အိမ်တွင် ဆက်လက်ကုသနေသော်လည်း တခြားတဦးမှာ ဒဏ်ရာအလွန်ဆိုးရွားသောကြောင့် ယခုအချိန်ထိ ဆေးရုံမှ မဆင်းနိုင်သေးပါ။



မလေးရှားနိုင်ငံရှိ မြန်မာလူမျိုး ဒုက္ခသည်များသည် အစိုးရမှ တရားဝင် အလုပ်လုပ်ခွင့် မပေးခြင်းကြောင့်
ဝမ်းရေးအတွက် အလုပ်ရှင်များနှင့် နားလည်မှုယူကာ အလုပ်လုပ်ရာတွင် ဥပဒေ အကာအကွယ် မဲ့နေခြင်းကြောင့် နှိမ်ချဆက်ဆံခြင်းမျိုး ကြုံနေရသည်။

UNHCR သည် မလေးအစိုးရ အာဏာပိုင်များနှင့် ညှိနှိုင်းပြီး မြန်မာဒုက္ခသည်များကို ဒုက္ခသည် အသိအမှတ်ပြု ကဒ်ပြားများ ထုတ်ပေးထားခြင်းဖြစ်သော်လည်း UN ကဒ် ကိုင်ဆောင်ထားသည့် မြန်မာဒုက္ခသည်များမှာ မလေးရှား ရဲနှင့် ရေလာ (Rela) များ၏ ဖမ်းဆီးခြင်းကို မကြာခဏ ခံနေရသည်။