Saturday, December 18, 2010

ဘာသာရေးကို မဇော်ကားကြပါနဲ့

http://akm-kuntha.blogspot.com
၁၁.၁.၂၀၁၀ ကျွန်တော်အမှတ်မထင် ကြုံရတဲ့အဖြစ်ပါ. ning.com တစ်ခုကိုဝင်လည်ရင်း ကွန်မန့် တစ်ခုမှာ ရေးထားတဲ့ အကြောင်းအရာတစ်ခုကို စိတ်ဝင်စားရင်း လိပ်စာတစ်ခုကို သွားခိုင်းထားတာနဲ့ သွားကြည့်မိပါတယ်. ရောက်သွားတယ်ဆိုပါတော့. အဲဒီဆိုဒ်က ဘာဆိုဒ်လည်းဆိုတော့ ဘာသာရေး အရ စော်ကားထားတဲ့ ဆိုဒ်ဖြစ်နေပါတယ်. ကျွန်တော်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာနဲ့မြတ်စွာဘုရားကို အစွန်းရောက်အောင်ကို ရိုင်းပြစော်ကားထားတာ တွေ့ရပါတယ်.
( ဆိုဒ်အမည်ကို - ဗုဒ္ဓဘာသာဝင်များအတွက် စေတမန် ) လို့ အမည်ပေးထားပါတယ်. အဘယ်သူလုပ်ထားတယ်ဆိုတာတော့ ကျွန်တော်လည်းမသိဘူးပေါ့) သူ့ cbox မှာ ကျွန်တော်ရေးမယ်စိတ်ကူးခဲ့ပါသေးတယ်. ဒါပေမယ့် မရေးဖြစ်ခဲ့ပါဘူး. ကိုယ့်စိတ်ကိုယ် ထိမ်းရင်းပေါ့. ဒါနဲ့ ကျွန်တော်ကြုံမိတာကို ကျွန်တော့်အွန်လိုင်းမိတ်ဆွေ ရင်းတွေကို အကြောင်းကြားမိတယ်. သိသူသိပြီး မသိသူမသိကြဘူးပေါ့. သူတို့ ဒေါသထွက် စိတ်မကောင်းဖြစ်မိကြတယ်ဆိုတာ ခံစားမှုက သက်သေပြနေကြပါတယ်. ဒီလိုမဖြစ်သင့်ဘူးလို့ ထင်မိလို့ပါ.
လူတိုင်းမှာ မိမိကိုးကွယ်ယုံကြည်ရာကို လွတ်လပ်စွာကိုးကွယ် ယုံကြည်မှု ရှိတယ်ဆိုတာ လူသားအားလုံးတိုင်း လက်ခံကြမယ်ထင်ပါတယ်. ဒါကလမ်းလွဲပြီး မိမိကိုးကွယ်မှု အပြင်ဘက်က ဘာသာခြားကို ဘာသာရေးအရ နှိမ့်ချ စော်ကား၊ ရိုင်းပြမှုတွေကျတော့ စည်းကျော်ရာ ရောက်ပြီထင်ပါတယ်.
အပြန်အလှန် နားလည် လေးစားမှုမျိုးပဲ ဖြစ်သင့်ပါတယ်. တကယ်တော့ ဘာသားရေးဆိုတာ လူသားတွေရဲ့ စိတ်ခံစားမှုကို အနုညံ့ဆုံး စိုးမိုးတဲ့ တရားပါ. ဘာသာတိုင်းမှာ ရင်းကဲ့သို့ ရှိမယ်ထင်ပါတယ်. ထို့ကြောင့် မိမိကိုးကွယ်ယုံကြည်ရာ အရ ကိုးကွယ်နေကြတဲ့ ကျွန်တော်တို့ လူသားတွေမှာ အချင်းချင်း နှိမ့်ချ၊ ပုတ်ခတ်၊ စော်ကား၊ ရိုင်းပြခြင်းမျိုး မပြုလုပ်သင့်ကြောင့် တင်ပြမိပါတယ်.
တကယ်တမ်းဖြစ်သင့်တာက အကြင်သူသည် မိမိကိုးကွယ်ယုံ ကြည်ရာ ဘာသာတရားဓမ္မ အတွင်းမှပဲ သိမ်မွေ့မှုနှင့် မိမိအကျူိး လူသားများ အကျိုးကိုသာ နိုင်သလောက် ထမ်းသင့်ပါတယ်. ဒုက္ခပေးခြင်း မျိုး ဖြင့်တော့ မပြုလုပ်သင့်ကြောင်းပါ.
ကျွန်တော့် မိတ်ဆွေ ဘာသာဝင်တိုင်းကိုလေးစားရင်း.....ဖြစ်သင့်တာ တွေကို မြင်မိဖို့တင်ပြ မိတာပါ..... (အထက်ပါ လင့်တွင် စော်ကားထားတာတွေကို ဆန့်ကျင်ဘက် အမြင်နှင့်တင်ပြထားတာတွေကို ဖတ်ကြည့်ချင်တယ်ဆိုရင် ဒီလင့် ကိုထပ်သွားပြီဖတ်ကြည့်နိုင်ပါတယ်)

No comments: