Saturday, December 18, 2010

မြန်မာလေယာဉ်ကွင်း အတွေ့ အကြုံ


ဒါကတော့ မြန်မာ လေယဉ်ကွင်း အကောက်ခွန်က လိုက်ပို့တဲ့ လူရဲ့ ပိုက်ဆံ အိတ်ကို ပါ စစ်တဲ့ အကြောင်းပါ....Credit to Linlet (Myanmar Cupid)
+++++++++++
လေယာဉ်ကွင်း မှာ အ၀င်မှာပဲဖြစ်ဖြစ် အထွက်မှာပဲဖြစ်ဖြစ်ကာစတန်ကိုကိုတွေ နဲ့ မမတွေ က ရီစရာလဲကောင်းသလို သနားစရာတောင်တော်တော်ကောင်းနေပါတယ်။
မိုးလင်းတာနဲ့ ဘယ်ခရီးသည်ကို ကျစ်ရရစ်ရမလဲတွေးနေပုံရပါတယ်။
ဒီနေ့ကျမ မနက်က တီဂျီအချိန် နဲ့ ဖေဖေကို လေယာဉ်ကွင်းသွားပို့တော့ ကတ်ပြားလေးယူပြီး အတွင်းထဲလိုက်ဝင်သွားပါတယ်။
အဲဒီမှာ ၀င်ကာစနေရာမှာ ပစ္စည်းတွေတင်ပြိးစက်နဲ့ဖြတ်ပြီးတော့ ကာစတန်မမ ကကျမရဲ့ ပိုက်ဆံအိတ်ကို ပြခိုင်းပါတယ်။
ကျမလဲအံသြသွားပါတယ်။ ဘာလို့ပါလိမ့်ပေါ့။ နောက်ပြိးသူကပြောတယ် "ပိုက်ဆံတွေအဲလောက်အများကြီးယူသွားလို့ မရဘူးတဲ့ " ကျမတော်တော် အံသြသွားတယ်။
ကျမ အိတ်ထဲမှာ ပိုက်ဆံကသူများလာပေး ထားတာရော အကုန် ထိုးထည့်ထားမိတာကိုး။ ဘယ်လိုပါလိမ့်ပေါ့ ၊ လေယာဉ်ကွင်းထဲ မှာ အဲလောက်ငွေ ယူသွားလို့မရဘူးလားဆိုပြီး အူတူတူနဲ့ ဘာပြန်ပြောရမလဲမသိ ဖြစ်နေတာ။ နောက် သူကဆက်ပြောတယ်။
"အပြင်မှာ သွားပြန်ပေးလိုက်ပါတဲ့ " ရှိသမျှ အိတ် ဝေါလက်ကအစ နှိုက်ကြည့်ပြီးထပ်ပြောတယ်။
ကျမ ဖေဖေရဲ့ ခါးပါတ်အိတ်လဲ အစအဆုံးဇစ်တွေ တခုပြိးတခုနှို့က်ကြည့်တယ်။
အဲတာနဲ့ ကျမကလဲ "ဘာဖြစ်လို့လဲပေါ့" ပြန်မေးတော့ မရဘူးတဲ့ ။
စိတ်ကလဲတိုလာတာနဲ့ ဒီမှာ ကတ်ပြားလို့ ၊ကျမ ကလိုက်ပို့တာ ခရီးသည်လဲမဟုတ်ဘူးလို့ပြောလိုက်ရတယ်။
ဘယ်တိုင်းပြည် ဘယ်နိုင်ငံမှာမှမရှိတဲ့ စနစ်တွေကိုအသုံးပြု လုပ်ချင်တာလုပ်နေကျတာပါ။
အပြန်ခရီးသည်တွေ ဆိုရင်လဲ အိတ်တွေ လက်ဆွဲလာတဲ့ တနိုင်လေးတွေအတင်းကြည့် ဘာမှ မဟုတ်ပဲ သူတို့ စီစစ်တာကိုပဲပြချင်တာလားမသိပါဘူး။
သူတို့စက်ထဲမှာပေါ်တာပဲလေ ။ ငွေလေး ၂အုပ် ၃အုပ်ကို အဲလိုရစ်စရာလား။ ရစ်လိုဇောနဲ့ ခရီးသည်လား ၊လိုက်ပို့တဲ့သူလားတောင် မကြည့်နိုင်တော့တာ ကျမ ကတော့ ရီလဲရီချင်တယ်။ ဒါတွေကအစထဲက မကောင်းခဲ့တော့ဖြစ်နေမှာပါပဲ။ နိုင်ငံတကာမှာဘယ်လိုစနစ်တွေနဲ့ သွားလာလှုပ်ရှားနေတာလဲဆိုတာ မြန်မာပြည်ရဲ့ စနစ်ဟောင်းတွေ တော်တော်များများပြောင်းလဲဖို့လိုနေတာစိတ်ပျက်စရာပါ။
++++++++++

ဟုတ်တယ်။ အဲဒီမှာ လူခံနဲ့ ချိတ်မထား ရင် အဲလို ဖြစ်တတ်တယ်။ ကျွန်တော့ သူငယ်ချင်း နိုင်ငံခြားက ပြန်တော့ အဲဒီက လုံချုံရေးတယောက်ကို ကြိုခိုင်းလိုက်တာ ဘယ် သူမှတောင် အိတ်ဖွင့် မစစ်ဘူး။ လက်ကိုင်ဖုံးက ၉ ခု။ Play station က ၂ ခု။ laptop အသစ်က တလုံး တခြားတိုလိမုတ်စတွေလဲ  အစုံပဲ

++++++++++

မလင်းလက်ပြောလို့ ဇီးကွက် တကောင် ၀င်ပါလိုက် အုံးမယ် ဗျာ။ ကျွန်နော် ဒီတခေါက်ပြန်တာ လေဆိပ်မှာ ဒေါ်လှ ၈၀ အေး ဒပြ တိုက်ခံ ရ တယ် ဗျာ။ ပြန်လာတာ မင်္ဂလာဆောင် အတွက် ဆို တော့ သတိုးသမီး ၀တ်စုံ ပါလာ တာ ဆန်းသလားဗျာ။
သူများတွေလို ၄၊၅ ၁၀စုံ စီးပွားဖြစ်သယ် တာဆို ထားလိုက် ပါတော့ ကိုယ် မင်္ဂလာဆောင် အတွက် ကိုယ်သယ် တာ ၂စုံ တည်းပါဗျာ။ ခက် တာ က မိန်းမက ကျွန်နော်နဲ့ အတူ မပါလာတော့ သူတို့ အတွက် ရစ် စရာ ပေါ့ဗျာ။
ဝတ်စုံ က ၀န်ပွတော့ သေသေချာချာကို ဂျက်ဖာနဲ့ ခေါက်တည့် ရ တာဗျ။ ဂျက်ဖာကြီးက ကြီးတော့ သူတို့ က မျက် စိစပါးမွေးစူးတာပေါ့။တောင် တောင်းပန်ပန်နဲ့ မဖွင့်ဖို့ ပြော တာကို မရဘူး မရ မက ဇွတ်ဖွင့် တယ်။ ထုတ်ပြီး ပြန် ထည့်ရ ခက် မှန်းသိတော့ အပြင်ကို မထုတ်ဖို့ ပိုက် ပိုက် ပေးရတာပေါ့ဗျာ။
တကယ်ပါဗျာ သူတောင်းစား ပေးရတာ က ပို စေသနာရှိပါတယ် ဗျာ တောင်းတောင်းပန်ပန်နဲ့ ပေးရတာ။ အဘိုးအဖွားနဲ့ အမေ တွေ က အတူပါလာလို လူကြီး တွေ စောင့်နေရမှာကြာ နေမှာဆိုးလို့ ပေးခဲ့ တာ။ တယောက် ထဲ သာဆို ပြန်ရစ် မှာ။ ခုတော့ မသထာရေစာပေးခဲ့ ရတာပေါ့ဗျာ

No comments: