Thursday, April 7, 2011

သေးသလောက်အသံကျယ်တဲ့ ipod


Apple က ထုတ်လုပ်လိုက်တဲ့ SD Card ထည့်စရာအိတ်ထက် နည်းနည်းလေးပဲ ပိုကြီးပြီး အင်္ကျီကော်လံ ဒါမှမဟုတ် ရှေ့ဘက် ကြယ်သီးတပ်တဲ့နေရာမှာ ရင်ထိုးတံဆိပ်လေးထိုးထားသလို ညှပ်ကလေးနဲ့ ခိုင်မြဲအောင်ကုတ် တွယ်ထားနိုင်တဲ့ သီချင်းဖွင့်စက်လေးပါ။ iPod Nano လို Multi-Touch Screen မပါရှိပေမဲ့ iPod တွေတုန်းကသုံးတဲ့ Clickable control pad ခေါ်တဲ့ စက်ဝိုင်းပုံခလုတ်လေး ထည့်သွင်းပေး ထားပါတယ်။ Voice Over Button ခလုတ်လည်း ထည့်ပေးထားတာမို့ အခုဖွင့် နားထောင်မဲ့ သီချင်းရဲ့အမည်၊ နားထောင်ဖို့ သတ်မှတ်ထားတဲ့ သီချင်းတွေအမည်နဲ့ ဘက်ထရီအား အခြေအနေတို့ကို ခလုတ်နှိပ် လိုက်တာနဲ့ အသံထွက်ပြီး အစီရင်ခံပါလိမ့်မယ်။ သီချင်းပုဒ်ရေ ရာနဲ့ချီပြီးထည့်သွင်းနိုင်တဲ့ Storage က 2GB ဖြစ်ပြီး ဘက်ထရီအားကလည်း ၁၅ နာရီ ဆက်တိုက်ဖွင့်လို့ရပါတယ်။

No comments: