Wednesday, April 6, 2011

ဓမ္မတာလာခါနီး ရင်သားနာကျင်တာ

ဓမ္မတာရာသီလာခါနီး ရင်သားတင်းရင်းနာကျင်တာ တကယ့်ကို ပုံမှန်ပါပဲ။ ဘာမှ စိတ်ပူစရာမရှိပါဘူး။ ဓမ္မတာ လာခါနီး ဟော်မုန်း အတက်အကျက ရင်သားပြွန်တွေနဲ့ ရင်သားတစ်သျှူးမြွှာလေးတွေက ရင်သားရှိ နို့ထွက်ရှိရာ တစ်သျှူးပဲ ဖြစ်ပါတယ်။
ရင်သားတစ်ဖက်ဆီမှာ ရင်သားအမြွှာ ၁၅ ခုကနေ အခု ၂၀ ထိရှိပြီး ပိုပြီးသေးငယ်တဲ့ တစ်သျှူးမြွှာလေးတွေအဖြစ် ခွဲထွက်လာကာ အဖုလေးတွေအဖြစ် အဆုံးသတ် သွားပါတယ်။ နို့ရည်ဟာ ထိုအဖုလေးတွေကနေ စတင်ထွက်ရှိကာ ပြွန်တွေမှတစ်ဆင့် နို့သီးခေါင်းဆီရောက်ရှိပြီး ပြင်ပသို့ နို့ရည်ထွက်ရှိတာပဲ ဖြစ်ပါတယ်။
များသောအားဖြင့် ဓမ္မတာစက်ဝန်း ဒုတိယပိုင်းမှာ ရင်သားစတင်နာကျင်တတ်ပါတယ်။ အီစထရိုဂျင် ဟော်မုန်းထွက်ရှိမှု များလာပြီး ဓမ္မတာစက်ဝန်းအလယ်ရောက်ခါနီးမှာ ဟောမုန်းပမာဏ အမြင့်ဆုံးထိ ရောက်ရှိကာ ရင်သားပြွန်တွေကို ကြီးလာစေပါတယ်။ ဒါ့အပြင် ရာသီလာခါနီးမှာ တခြားဟော်မုန်းဖြစ်တဲ့ ပရိုဂျက်စတီရုန်း ပမာဏ အမြင့်ဆုံး ရောက်ကာ ရင်သားမြွှာလေးတွေကို ကြီးလာစေပါတယ်။ ဒီလိုအရွယ်အစားကြီးထွား ရခြင်းကြောင့် နာကျင်မှုကို ခံစားရခြင်းပဲ ဖြစ်ပါတယ်။
ဓမ္မတာလာခါနီး ရင်သားနာကျင်ရခြင်းက သိပ်မသိသာသလို တချို့တွေမှာတော့ နာကျင်မှု ပြင်းထန်တတ်ကြပါတယ်။ သန္ဓေတားဆေး သောက်ရသူ အမျိုးသမီးတွေမှာတော့ နာကျင် မှုက သိပ်မပြင်းထန်ဘူး။ တချို့အမျိုးသမီးတွေအနေနဲ့လည်း အဲဒီလိုအချိန်မှာ ကဖင်းဓာတ် များများ သုံးဆောင်မိက ရင်သားပိုနာကျင်တတ်ကြောင်း တွေ့ရှိထားပါတယ်။ နာကျင်မှု သက်သာစေဖို့ အကိုက်အခဲ ပျောက်ဆေး သောက်သုံးနိုင်ပါတယ်။ ဘော်လီကျပ်ကျပ် မဝတ်ပါနဲ့။ ရုတ်တရက် ထိခိုက်မှု မရှိအောင် သတိထားပေးပါ။

No comments: