Thursday, March 31, 2011

run ဆိုင်ရာ အာဒီယမ် အသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ runs in the blood, runs in the family, run amok နဲ့ run for the money အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ runs in the blood ဖြစ်ပါတယ်။ Runs = အဓိပ္ပါယ်အမျိုးမျိုးရှိပေမယ့် ဒီနေရာမှာ ‘စီးဆင်းတယ်’၊ In = အထဲမှာ၊ Blood = သွေး တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က သွေးထဲမှာ စီးဆင်းနေသည် ဖြစ်ပါတယ်။ အီဒီယံအသုံးကတော့ ကျမတို့ မြန်မာမှာလည်း ရှိတဲ့ မျိုးရိုက်အလိုက်ဖြစ်နေတာ၊ သွေးထဲပါနေတာ၊ ဗီဇကပါနေတယ်ဆိုတဲ့ အသုံးအနှုန်းလို ဖြစ်ပါတယ်။ ဒီနေရာမှာ blood အစား မိသားစု အဓိပ္ပါယ်ရတဲ့ family ကို အစားထိုးပြီးတော့ runs in the family လို့ ပြောဆိုသုံးနှုန်းနိုင်ပါတယ်။
ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
High blood pressure runs in our family. So, we have to be careful to eat less salty food and exercise regularly.

ကျနော်တို့ မျိုးရိုးထဲမှာ သွေးတိုးရှိကြတယ်။ ဒါကြောင့် ကျနော်တို့ အစားအသောက်ကို သတိထားရမယ်၊ အငန်လျှောစားရမယ်၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ရမယ်။
ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ run amok ဖြစ်ပါတယ်။ Run = ပြေးသည်၊ Amok =  (ဒီ ဝေါဟာရက မလေးရှား စကားက ဆင်းသက်လာတာဖြစ်ပြီး) ဒေါသကြီးလွန်းလို့ စိတ်မထိန်းနိုင်ဘဲ ထင်ရာစိုင်း သောင်ကျန်းခြင်းမျိုး ဖြစ်ပါတယ်။  ဒေါသအတိုင်းအတာ၊ စိတ်မထိန်းနိုင်မှု အတိုင်းအတာကလည်း အသုံးပြုတဲ့ အနေအထားပေါ်မှာ မူတည်ပါတယ်။ ဥပမာ ခွေးတကောင်က အိမ်ထဲမှာ ပစ္စည်းတွေကို ကိုက်ဖျက်နေတာ ပွနေတာပဲ၊ ရစရာမရှိဘူးဆိုရင်လည်း The dog run amok လို့ ပြောလို့ရသလို။ လူတဦး ဒေါသကြီးပြီး မြင်မြင်ရာကို ဒါးနဲ့လိုက်ခုတ်နေတာကိုလည်း He run amok လို့ ပြောလို့ရပါတယ်။
ဒီအသုံးဆင်းသက်လာတက မလေးရှားစကားကဆိုတာကို အထက်မှာပြောခဲ့သလို အင်္ဂလိပ်စကားမှာ နိုင်ငံခြားဘာသာတွေကနေ ငှားသုံးထားတဲ့ ဝေါဟာရတွေထဲမှာ ဒီအသုံးကလည်း စကားလုံးတလုံး ဖြစ်ပါတယ်။ နောက်ပိုင်း ဗြိတိသျှ ကိုလိုနီဖြစ်ခဲ့တဲ့ အိန္ဒိယမှာလည်း ဒီအသုံးကို ဆက်သုံးလာခဲ့ပြီး ဆင်မုန်ယိုပြီး မြင်သမျှကို လိုက်ဖျက်ဆီးနေတာကိုလည်း The elephant run amok လို့ ပြောကြပါတယ်။ အထူးသဖြင့် အာရှဝေါဟာရကို အခြေခံတဲ့ ဒီအသုံးကို ကိုလိုနီခေတ်က ဝတ္ထုဆောင်းပါးတွေ၊ ကဗျာတွေ ရေးသားခဲ့တဲ့ ဗြိတိသျှစာရေးဆရာကြီး Rudyard Kipling က အသုံးများ ရေးသားခဲ့တယ်လို့ ဆိုကြပါတယ်။ နောက်ပိုင်း နေ့စဉ်မှာတော့ လူတွေ ပရမ်းပတား လျှောက်ရမ်းနေတာကို ရည်းညွှန်သုံးသလို၊ စံနစ်တခု ဖြစ်ချင်ရာဖြစ်နေရင်လည်း run amok လို့ သုံးနိုင်ပါတယ်။
ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
When his client was refused billed by the court, the lawyer said the justice system has run amok.

သူ့ အမှုသည်ကို တရားရုံးက အာမခံပေးဖို့ ငြင်းဆိုလိုက်တော့ ရှေ့ နေဖြစ်သူက တရားရေးစံနစ်ဟာ ဖြစ်ချင်ရာဖြစ်နေတယ်လို့ ပြောဆိုလိုက်တယ်။
နောက်ဆုံးတင်ပြပေးမယ့် စကားလုံးမှာ run for the money ဖြစ်ပါတယ်။ Run = ပြေးသည်၊ For = အတွက်၊ Money = ငွေ တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ငွေအတွက် ပြေးခိုင်းသည် ဖြစ်ပါတယ်။ အီဒီယံအသုံးမှာတော့ အဓိပ္ပါယ် နှစ်မျိုး ရှိပါတယ်။ ပထမအဓိပ္ပါယ်က ကိုယ်ပေးတာထက် ပြိုင်ရတာ တန်တဲ့သဘော ဖြစ်ပါတယ်။
ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I am lucky this week. The stock market was strong. So, I ran for my money in the stock.

ဒီသတင်းပတ် ကျနော်ကံကောင်းတယ်။ စတော့ ဈေးကွက်က အားကောင်းတယ်။ ကျနော်စတော့ထဲ ရင်းနှီးမြုပ်နှံထားတာ အမြတ်ရလိုက်တယ်။
ဒုတိယ အဓိပ္ပါယ်ဖြစ်တဲ့ ပြိုင်တဲ့နေရာမှာ ကိုယ်ပြိုင်ဖက်က အကြိတ်အနယ်ဖြစ်ရတယ်၊ မနည်းကြိုးစားရတယ်၊ အတော်လေး ကြိုးစားယူရတဲ့ အခြေအနေမျိုးဆိုရင်လည်း ဒီစကားလုံး အသုံးအနှုန်းကို အသုံးပြုပြောဆိုနိုင်ပါတယ်။
ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
John got a run for his money playing cards with Tom. He’s lucky he got back the money he was losing at first.

John က Tom နဲ့ ဖဲကစားတာ မနည်းနိုင်အောင် ကစားယူရတယ်။ သူ ကံကောင်းလို့ အစောပိုင်းမှာ ရှုံးထားတဲ့ငွေတွေကို ပြန် အနိုင်ယူကစားနိုင်ခဲ့တယ်။

No comments: