Tuesday, March 1, 2011

မလေးရှားက ရေပြင်ပေါ် မြေပြင်ပေါ် အသုံးပြုနိုင်သော စက်တပ်လှေ


မလေးရှားနိုင်ငံသည် ရေပြင်ပေါ်တွင်ရော၊ မြေပြင်ပေါ်တွင်ပါ အသုံးပြုနိုင်သော အတင့်မြင့်စက်တပ်လှေကို ၀ယ်ယူရန်အတွက် အစိုးရထံမှ ခွင့်ပြုချက်ရရှိပြီ ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီး Datuk Seri Ahmad Zahid Hamidi က မလေးရှားသည် ကမ္ဘာပေါ်တွင် ရေပြင်၊ မြေပြင်သွား အဆင့်မြင့်စက်တပ်ယာဉ်ကို ပထမဦးဆုံး အသုံးပြုနိုင်မည့် နိုင်ငံဖြစ်လာမည့်အပြင် ကမ္ဘာအနှံ့ အပြားသို့  ရောင်းချရာ အချက်အချာ ဗဟိုနေရာလည်း ဖြစ်လာမည်ဟု ဆိုသည်။ ၎င်းက ဆက်လက်၍ ကျွန်တော်လေ့လာသုံးသပ်လို့ ရသလောက်ဆိုရင် ရေတပ်တခုတည်းအတွက်သာ အခွင့်ထူးခံအနေဖြင့် အသုံးချမည်မဟုတ်၊ လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးအတွက် အသုံးပြုရန် သင့်တော်ပါတယ် ဟုဆိုသည်။

၎င်းက ဆက်လက်၍ အဆိုပါစက်တပ်လှေကို မည်သည့်နေရာတွင် အသုံးပြုရမည်ဟု သိသည်နှင့် တပြိုင်တည်း စတင်ဝယ်ယူမည်ဖြစ်ကြောင်း၊ အထူးသဖြင့်  နိုင်ငံ၏ အချူပ်အချာအာဏာကို ကာကွယ်စောင့်ရှောက်ရာတွင် ကူညီပံ့ပိုးရာတွင် ဖြစ်ကြောင်းဆိုသည်။


မြေပြင်၊ ရေပြင် စက်တပ်လှေသည် အခြားသော အဖွဲ့ အစည်းများအတွက်လည်း အသုံးဝင်ကြောင်း၊ ပင်လယ်ပြင် ကယ်ဆယ်ရေးလုပ်ငန်းများ၊ အထူးသဖြင့် ရေကြီးသောအခါ ကယ်ဆယ်ရေးလုပ်ငန်း များ လုပ်ရန်အတွက် အထူးသင့်လျော်ကြောင်း သတင်းစာဆရာများအား ပြောကြားသည်။

လက်ရှိတွင် မြေပြင်ရေပြင်သွား စက်လှေသည် ကယ်လန်တန်မှ လန်ကာဝီ၊ လန်ကာဝီ နိုင်ငံတကာရေကြောင်းနှင့် လေကြောင်းသိပ္ပံပြပွဲ (၂၀၀၉) တို့အတွင်း  ၁၆၀၀ ကီလိုမီတာ ရှည်လျားသော ၄ ၇က်ကြာခရီးကို စတင်မည်ဖြစ်သည်။ စက်တပ်လှေထုတ်လုပ်သူ ကုမ္ဗဏီပိုင်ရှင် Wright က (၇.၁) မီတာရှည်လျားကာ လူ(၈) ယောက် ထိုင်စီးနိုင်သော မြေပြင်၊ ရေပြင်သွား လှေတစ်စင်းကို ထုတ်လုပ်ရန် အချိန် ၅ နှစ်ခန့်လိုအပ်ပြီး ရင်းဂစ် ငွေ ၃ သိန်း ၆ သောင်း လိုအပ်ကြောင်းပြောကြားသည်။

No comments: